Arc 3.4

4.5K 557 0
                                    

ဒေါက်တာ့ရဲ့အိမ်ကိုပြန်ရောက်သွားတဲ့အခါ လင်းရှီဟာ နောက်ဆေးတစ်လုံးရဖို့ အသနားခံတော့တယ်။
" ဦးခုနက ပေးလိုက်တဲ့ဆေးကကော ဘာဖြစ်သွားလို့လဲ"
" ဦး ဝမ်လေ့က လွှင့်ပစ်လိုက်တာ" လင်းရှီဟာသနားစဖွယ် ကြည့်ရင်းပြောတယ်။
ဒေါက်တာဟာ ရှုပ်ထွေးသွားပြီး " ဒါဆို အရင်အပါတ်က သူ့ကို ဘယ်လို ဆေးတိုက်ခဲ့တာလဲ.???"
လင်းရှီဟာ မပြုံးလိုက်ခင် ခဏလောက်ရပ်တန့်သွားပြီး " သားသူ့ကို သောက်မလားလို့ ကြင်ကြင်နာနာလေး မေးလိုက်တာ.."
( လိမ်တာ ကြည့်ပါဦး 😂)
"Oh, ဒါဆို ဘာလို့ ဒီနေ့ အဲ့လိုကြင်ကြင်နာနာလေး မမေးလိုက်တာလဲ" ဒေါက်တာဖူဟာ စကားကို ဖိပြီးပြောလိုက်တယ်။
"ဦး အသေးစိတ်တွေ မေးမနေပါနဲ့တော့။ သားကိုနောက်ဆေးတစ်လုံးသာ ပေးပါ" လင်းရှီဟာ ဒေါက်တာ့အမေးကို လျစ်လျူရှုပစ်လိုက်တယ်။
" ဝမ်လေ့ဟာ တစ်ပါတ်ကိုတစ်လုံး သောက်ဖို့ လိုတယ်။ ငါတို့အခုဘာလုပ်သင့်သလဲ" ဒေါက်တာဟာ လင်းရှီကို စိတ်ညစ်စွာ ကြည့်လိုက်တယ်။
"ကောင်းပါပြီ သားနောက်အပါတ်မှာ ဒီထက်နှစ်ဆ ရှာပေးပါ့မယ်" လင်းရှီဟာ သွားကိုကြိတ်လိုက်တယ်။ ဝမ်လေ့အတွက် သူ့ရဲ့ လုပ်အားတွေကိုတွေးမိလိုက်တဲ့အတွက်ကြောင့် ဖြစ်လေတယ်။

ဝမ်လေ့ ငါမင်းကိုဒီလို လွယ်လွယ်လွှတ်မပေးထားနိုင်ဘူး။

ဒေါက်တာဖူဟာ အရမ်းကျေနပ်သွားပြီး ဆေးတစ်လုံးကိုပေးလိုက်တယ်။ (အမြတ်ကြီးစားတဲ့ ဒေါက်တာ 🤧)  လင်းရှီဟာ ချက်ချင်း တောထဲကိုပြေးသွားပြီး ဝမ်လေ့မတွန်းဖယ်နိုင်တာသေချာအောင်လုပ်လိုက်တယ်။
"ကောင်းကောင်းလေးနေ မင်းအရင်ကတစ်လုံးကိုသာမလွှင့်ပစ်ခဲ့ရင် ငါမင်းကို ဒီလိုအတင်းကျွေးနေမှာမဟုတ်ဘူး"  လင်းရှီဟာ ပြုံးလိုက်တယ် ဒါမဲ့ဝမ်လေ့အမြင်မှာ Devil အပြုံးအတိုင်းဘဲ။
ပြီးတော့ လင်းရှီမှာ သူလုပ်လာတဲ့ စားစရာခြင်းလေးလဲ ပါလာခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီဟာက စားချင့်စဖွယ်မကောင်းလေဘူး။
လက်စားချေတဲ့အနေနဲ့ လင်းရှီဟာ ဒီကောင်လေးကို.ပူးကောင် တုတ်တုတ်ခဲခဲလေးလို ဖြစ်တဲ့အထိ ကျွေးဖို့ လဲ ဆုံးဖြတ်လိုက်တယ်။ သူ့ရဲ့ ဟင်းချက်ပညာလဲ စမ်းရင်းပေါ့။ ဝမ်လေ့ဟာ တစ်လုပ်ဘဲစားရသေးတယ် မူးမေ့လဲသွားပြီး လင်းရှီဟာ ကြောက်စိတ်မွှန်လာခဲ့တယ်။
"ဝမ်လေ့ အဆင်ပြေရဲ့လား" သူ့ကိုလှုပ်ကြည့်တယ်။ ဒါပေမဲ့ သူဟာ သတိလစ်နေပြီလေ။ ဒါကြောင့်ချက်ချင်းဘဲ သူ့ကို ဒေါက်တာဆီသာ မြန်မြန်သယ်သွားလိုက်တော့တယ်။
ဒေါက်တာဖူဟာ လီရန်ကသတိလစ်နေတဲ့ ဝမ်လေ့ကို သယ်လာတာမြင်တော့ မြန်မြန်လေးစူးစမ်းလိုက်တယ်။
"ဘာဖြစ်လာတာလဲ''
လင်းရှီဟာအပြစ်ရှိသလိုခံစားရပြီး
"သားသူ့ကို သားချက်ထားတဲ့ဟာလေး ကျွေးလိုက်တာ" .
သူဟာ ခြင်းလေးကိုထုတ်ပြီး တစ်ချက်ကလေးကြည့်တာနဲ့တင် ဒေါက်တာဖူဟာ ဒါကစားမရမှန်းသိလိုက်ရတယ်။
"မင်းသူ့ကိုသတ်မိတော့မလိုဘဲ" ဒေါက်တာဖူဟာ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်ပြီး သူ့ကိုဆူတော့တယ်။
လင်းရှီဟာ ဒေါက်တာသူ့ကိုအိမ်ပြန်ဖို့ မပြောခင်အထိ တိတ်တိတ်ကလေးနဲ့ ဆူတာကိုခံလိုက်ရတယ်။ ဘာလို့လဲဆိုတော့ ဝမ်လေ့ဟာ ဒီနေ့မှာ လုံးဝနိုးလာမှာမဟုတ်လို့လေ။
ဒေါက်တာဖူဟာ လီရန် ခံစားချက်တွေမှောင်မဲ ပြီး ပြန်ထွက်သွားတာကိုကြည့်လိုက်တယ်။
------------
အဲ့အချိန်ကစပြီး လင်းရှီဟာ မီးဖိုခန်းထဲကို မဝင်တော့ဘူး။ သူ့ရဲ့အမေကိုသာ ချက်ခိုင်းဖို့ဘဲ ဆုံးဖြတ်ချက်ချလိုက်တယ်။

Their Eternal Love (Arc.3 Li Yang ဘဝ)Where stories live. Discover now