Arc 3.9+3.10 End (unicode)

3.1K 214 0
                                    

Arc 3.9
လင်းရှီ မျက်လုံးကို ဖွင့်လိုက်တ့ဲအခါမှာ ချောမောတ့ဲယောကျ်ားလေးကို မြင်တွေ့လိုက်ရတယ်။ ဝမ်လေ့ဟာ သူ့ရဲ့ လူသားအသွင်ကို ပြန်ပြောင်းထားပြီးနေပြီ။ သူဟာ ဝမ်လေ့မျက်နှာပေါ်က ဆံပင်တွေကို ညင်ညင်သာသာ သပ်ပေးလိုက်တယ်။ သူ့မျက်ဝန်းတွေပိတ်ထားတဲ့ အခါ သူဟာ အရမ်းချစ်ဖို့ကောင်းတုန်းဘဲ။ လင်းရှီဟာ မနေနိုင်တော့ဘဲ သူ့နဖူးလေးကို ခဏနမ်းလိုက်မိတယ်။
System 1314: Host...  Hostရဲ့ ချစ်သူ...???
လင်းရှီ: စိတ်မပူပါန့ဲ။ သူသိမှာ မဟုတ်ဘူး။ ဒါကသူအခုထိ ငါရှေ့မှာ မပေါ်လာတ့ဲ သူ့အမှားလဲပါတယ်။ သူက ငါယောကျ်ားချောချောတွေကို လေးစားတတ် ကြည့်တတ်တာတွေကို အပြစ်တင်မှာမဟုတ်ဘူး။
လင်းရှီမသိပေမ့ဲ ဝမ်လေ့ဟာနိုးနေပြီး လင်းရှီမျက်လုံးတွေဖွင့်တော့မ့ဲအခါမှာ အိပ်ချင်ယောင်ဆောင်လိုက်တယ်။ သူဟာ အနမ်းလေးကို ရရှိတော့ ရှော့ရသွားတယ်။ သူ့ရဲ့ အောက်ပိုင်းကလဲ ချက်ချင်းကို တုံ့ပြန်လေတယ်။ သူဟာ သူ့ညီလေး ငြိမ်သွားအောင် စိတ်ကို တော်တော် လျော့လိုက်ရတယ်။
အ့ဲအချိန်မှာ ဖုန်ကျုံးဟာ ကျန်းမင်ကို ချစ်ရေးဆိုနေတယ်။ သူမဟာ တိတ်တိတ်ကလေးန့ဲ တော်တော်ကို ပျော်သွားတယ်။ ဒါပေမ့ဲ ဝမ်လေ့ကို စိတ်ပူသလိုလုပ်လိုက်တယ်။
"ဒါပေမ့ဲ...ဝမ်လေ့..။ ကျွန်မသူ့ကို ကယ်တင်ကတည်းက သူကကျွန်မကို လိုက်ကပ်နေတာ.." သူမဟာ စိတ်ညစ်သလိုလေး ပြောလိုက်တယိ။
ဖုန်ကျုံးဟာ ရူးတော့မလိုဘဲ။ ဒီ ဘာအားမှမရှိတ့ဲ ယောက်ျားက သူန့ဲ မိန်းမတစ်ယောက်ကို ပြိုင်လုနေရတယ်လို့။ သူဟာ ဝမ်လေ့ဆီကို တရကြမ်းသွားတော့ လီရန်က ဝမ်လေ့ကို ဆန်ပြုတ်တိုက်နေတာကို မြင်လိုက်တယ်။ လီရန်န့ဲအတူရှိနေတ့ဲအချိန် လာပြီး နှောင့်ယှက်ကျူးကျော်တ့ဲသူကို ဝမ်လေ့ဟာ စိုက်ကြည့်ပစိလိုက်တယ်။
ဝမ်လေ့ကို သဝန်တိုစွာကြည့်ရင်း ဖုန်ကျုံးဟာပြောလိုက်တယ်။ ''ဝမ်လေ့ ငါမင်းကို သေခြင်းရှင်ခြင်း တိုက်ပွဲတိုက်ဖို့ ငါစိန်ခေါ်တယ်"
ဝမ်လေ့ဟာ ငြင်းလိုက်ချင်ပေမ့ဲ လီရန်ရဲ့ မျက်လုံးတောက်တောက်တွေက မျှော်လင့်ချက် အပြည့်န့ဲ ကြည့်နေတာကိုတွေ့လိုက်တယ်။ ''မင်းမရှုံးနိုင်ဘူး မလား"
ဝမ်လေ့ဟာ လက်ခံဖို့ကလွဲပြီး ငြင်းဖို့ မလုပ်နိုင်တော့ဘူး။ သူဟာ လင်းရှီရဲ့မျှော်လင့်ချက်တွေကို မရိုက်ချိုးရက်ဘူးလေ။ (လင်းရှီက သူ့တာဝန်ပြီးအောင် ခိုင်းတာ TwT)
သူတိ့ဟာ ရွာအလယ်ကိုသွားကြတယ်။ ရွာအလယ်ကကွင်းကြီးမှာ ရွာသားတွေအားလုံးစုပြီး ဒီနေ့ဘယ်သူ ပြိုင်ပွဲကို တိုက်မှာလဲ စောင့်ကြည့်ကြတယ်။ လူရွယ်ယောက်ျားတွေဟာ တစ်ယောက်န့ဲတစ်ယောက် သတ်ပုတ်ဖို့ စိန်ခေါ်တာက သဘာဝဘဲ။ ဒါပေမ့ဲ သူတို့ ဖုန်ကျုံးကိုမြင်တော့ ထိတ်လန့်သွားကြတယ်။ သူက ရွာထဲမှာ ကျော်ကြားတ့ဲသူဘဲ၊ ဝမ်လေ့ကို တိုက်မယ်..။ သူ့အသွင်သူတောင် မပြောင်းနိုင်တ့ဲ အားမရှိတ့ဲအကောင်ကိုလေ...။ ဖုန်ကျုံးက....။
သူတို့ဟာ ဘာရလဒ်ဖြစ်မလဲသိသာနေတာဘဲ။ ဖုန်ကျုံးဘဲ နိုင်မှာပေါ့။ ဒါပေမ့ဲ လီရန်ဟာ (လင်းရှီဟာ) ဝမ်လေ့က ဇာတ်လိုက် ဖုန်ကျုံးကို နိုင်မှာ ဆိုတာ လုံးဝယုံကြည်တယ်။ လင်းရှီရဲ့ မျက်ဝန်းတွေကိုကြည့်ရငိး ဝမ်လေ့ဟာ သူနိုင်မှာမှန်းကောင်းကောင်းသိနေတော့တယ်။ (ဒီလင်လင်တွေတော့XD)
တိုက်ပွဲစတော့ ဖုန်ကျုံးဟာ ကျားအသွင်ပြောင်းလိုက်တယ်။ ဝမ်လေ့ကတော့ အခြားတစ်ဖက်မှာ လူသားအသွင်န့ဲဘဲ။ သူဟာ မလိုအပ်ဘဲ သူ့ရဲ့အသွင်ကို ထုတ်မပြဘူးလို့ ကတိပေးဖူးလို့လေ။
ဖုန်ကျုံးဟာ သူ့ကို ခြိမ်းခြောက်ပြနေပေမ့ဲ ဝမ်လေ့ဟာ တည်ငြိမ်နေဆဲဘဲ။ ဖုန်ကျုံးဟာ ဝမ်လေ့ရဲ့ လည်ပင်းကိုကိုက်ဖို့ ခုန်အုပ်လိုက်တယ်။ မထင်မှတ်ဘဲ သူ့ ရန်သူဟာ ငုံ့ရှောင်လိုက်တယ်။ ဝမ်လေ့ရဲ့ လက်ထဲမှာ ဓားတစ်ချောင်းရှိပြီး ဖုန်ကျုံးက သူ့ကိုတိုက်တာကို မြင်တ့ဲအခါ ဘေးကိုရွေ့လိုက်ပြီး ဖုန်ကျုံးရဲ့ အဓိကနေရာနားကို ထိုးစိုက်ချလိုက်တယ်။ (တမျိုးမထင်ကြပါန့ဲ သူက artery လို့ သုံးထားတာ။ ခင်ဗျားလေးတို့ မျက်လုံးတွေက အဟမ်း ..ဟိုနေရာလို့ ထင်နေမှာစိုးလို့)
ဒါပေမ့ဲလဲ ဖုန်ကျုံးရှာ ရှောင်ချလိုက်ပေမ့ဲ ပွန်းပြီး ခြစ်မိသွားလိုက်သေးတယ်။ သူဟာ ဒီအားနည်းတ့ဲ သူ့ရှေ့က လူကြောင့် ဒေါသတွေထွက်နေပြီ။ သူဟာ ဝမ်လေ့ကို သတ်ဖို့ ခပ်မြန်မြန်လှုပ်ရှားတော့တယ်။ သူ့မျက်လုံးတွေကရဲလာပြီး လက်သည်းခြေသည်းတွေ ဆန့်ထုတ်လိုက်တယ်။ သူဟာ သူ့ရဲ့ ချွန်ထက်ပြီး သေစေလောက်တ့ဲလက်သည်းတွေကို အသုံးပြုပြီး ဝမ်လေ့ကို တဟုန်ထိုးတိုက်တယ်။ ဝမ်လေ့ရဲ့ ရင်ဘက်မှာ သွေးကြောင်းလေးခုစီးကျလာတယ်။ ဖုန်ကျုံးက သူ့ရဲ့ ရင်ဘက်ကို ကုတ်ခြစ်လိုက်မိတ့ဲအတွက်ကြောင့်ပေါ။
အ့ဲအချိန်မှာ သူ့အကျႌအောက် အမြဲတမ်းဖွက်ထားတ့ဲ လက်စွပ်လေးဟာ ပြုတ်ကျသွားတယ်။ အ့ဲအချိန် ပြိုင်ပွဲကို စိတ်ရောက်နေတ့ဲ လင်းရှီဟာ ရင်းနှီးတ့ဲ လက်စွပ်လေးကို မြင်လိုက်ရတယ်၊ သူဒါကို မြန်မြန်ကောက်ယူလိုက်ပြီး ဒါဟာ သူကိုယ်တိုင် ဒီဇိုင်းဆွဲထားတ့ဲ လက်စွပ်လေးမှန်းသိလိုက်ရတယ်။ ဒါပေမ့ဲ ဒီလက်စွပ်ကို သူအာရုံမစိုက်နိုင်တော့ဘူး။ ဖုန်ကျုံးဟာ ဝမ်လေ့ကို လှည့်ပြီး ဖိထားနေပြီဖြစ်တယ်။
ဝမ်လေ့ဟာ သူ့ရဲ့ ချစ်သူဖြစ်တယ်ဆိုတာ သိလိုက်ရပြီး သူ့စိတ်ထဲရှိတာတွေကို လွှတ်ကနဲအော်လိုက်မိတယ်။
"ဝမ်လေ့...မင်းအနိုင်ရခ့ဲမယ်ဆိုရင် ငါမင်းကို နမ်းခွင့်ပေးမယ်" လင်းရှီအော်ဟစ်လိုက်တ့ဲအခါ ရွာသားတွေဟာ သူ့ကို ထူးထူးဆန်းဆန်းကြည့်မိလိုက်တယ်။
သို့သော်လဲ ဝမ်လေ့ဟာဒါကို  ကြားလိုက်တ့ဲအခါ ဖုန်ကျုံးလက်ထဲကနေ ချက်ချင်းရုန်းထွက်လိုက်ပြီး သူ့ရဲ့ သားရဲအသွင်ကို ပြောငိးပြီး အားလုံးရှေ့ထုတ်ပြလိုက်တော့တယ်။ ဖုန်ကျုံးဟာ ကြောက်လန့်သွားပြီး ရပ်လိုက်တ့ဲအချိန်မှာ ဝမ်လေ့ဟာ သူ့ရဲ့ လည်မျိုကို သေစေလောက်အောင် ကိုက်ခဲ ပစ်လိုက်တယ်။
ရွာသားတွေဟာ ဒီလိုဖြစ်မယ်မထင်ထားတ့ဲအတွက် အရမ်းကို ထိတ်လန့်နေကြတယ်။ သူတိ့ဟာ ဝမ်လေ့ရဲ့ သားရဲအသွင်ကို မြင်ကြရမယ်လို့လဲ မမျှော်မှန်းခဲ့ကြဘူးလေ။
ဝမ်လေ့ဟာ သူ့ကိုကြည့်နေတဲ့ လူစုရဲ့အကြည့်တွေကိုဂရုစိုက်မနေဘူး။ သူ့ရဲ့ လက်စွပ်ကို တင်းတင်းကြပ်ကြပ်ကိုင်ထားတ့ဲ လင်းရှီတစ်ယောက်ထဲကိုသာ ကြည့်နေလေတယ်။ လင်းရှီရဲ့ စကားတွေကြောင့် သူ့မှတ်ဉာဏ်ဟာ ပြန်လည်ရရှိလာခ့ဲတယ်။ လင်းရှီဟာ သူ့ကို နမ်းခွင့်ပြုမယ်လဲ ကြားရော သူ့အတွေးထဲ လှိုင်းကြီးတွေထလာခ့ဲတယ်။ သူငယ်ငယ်ကတည်းက အချိန်အကြာကြီး ချစ်ခ့ဲရတ့ဲကောင်လေးက သူ့န့ဲနမ်းဖို့ ဆန္ဒရှိနေတယ်ဆိုတာသိခ့ဲရတယ်။
လင်းရှီဟာ လက်စွပ်ကို တွေ့လိုက်ရလို့ ရှော့ရနေတုန်းဘဲရှိသေးတယ်။ သူ့ချစ်သူသူ့အနားကပ်လာတာတောင် သူသတိမထားမိသေးဘူး။
System 1314: Host... hostရဲ့တာဝန်ပြီးဆုံးသွားပါပြီ..။
လင်းရှီ: ငါ ဒီတာဝန်ကို ဂရုမစိုက်ဘူး..။
System ဟာ သူ့host ဆီက အအော်ခံလိုက်ရပြန်တော့ host ကိုတစ်ယောက်ထဲပေးနေဖို့ ဆုံးဖြတ်လိုက်တယ်။
သူ့ရဲ့ ချစ်သူမျက်နှာက သူနားကပ်လာတာ မြင်တော့ လင်းရှီဟာမေးလိုက်တယ်။
"မင်းဘာလုပ်တာလဲ''
"Kiss...'' ဝမ်လေ့ဟာ ပြောတယ်။
"ငါတို့အခုလူတွေရှေ့မှာလေ"
ဝမ်လေ့ဟာ မျက်မှောင်ကျုံ့သွားပြီး လင်းရှီကို သူ့အခန်းဆီ သယ်လာခ့ဲတော့တယ်။ လင်းရှီဟာ အပွေ့ခံလိုက်ရချင်းဘဲ သူ့ချစ်သူရဲ့ လည်ပင်းကိုအလိုလို ချိတ်လိုက်မိတယ်။ သူအိပ်ယာပေါ် အတင်ခံရပြီးပြီးချင်း ဝမ်လေ့ဟာ သူ့ကို နမ်းဖို့လုပ်တော့တယ်။ ဒါပေမ့ဲ လင်းရှီဟာ သူ့နှုတ်ခမ်းကို ပိတ်လိုက်ပြီး
"နေဦး''
လင်းရှီဟာ ဘာတွေဖြစ်သွားလဲဆိုတာ နားလည်ဖို့လိုသေးတယ်။ သူဟာ လက်စွပ်လေးကို မြှောက်ပြပြီး မေးလိုက်တယ်။ ''ဒါလေးကို မင်းဘယ်ကရတာလဲ"
ဝမ်လေ့ဟာ သူ့အနမ်းကိုမရတော့ ဝမ်းနည်းသလိုဘဲ၊ ဒါပေမ့ဲ သူဟာ ပြန်ဖြေတယ်။ ''Mom''
"ဒီဟာရှိနေတာ ဘယ်လောက်ကြာပြီလဲ"
"ရှစ်နှစ်''
ရှစ်နှစ်..???လင်းရှီဟာရူးမတတ်ဘဲ။ သူ့ချစ်သူဟာ သူန့ဲအတူတချိန်လုံးရှိနေခ့ဲတာကို သူမသိခ့ဲဘူး။ ဝမ်လေ့ဟာ လင်းရှီအတွေးကို သိနေတ့ဲအလား " ငါဒါလေးကို မပျောက်စေချင်လို့ သိမ်းထားခ့ဲတာ" .
လင်းရှီဟာသူ့ရဲ့ မိုက်မဲမှုကြောင့် သက်ပြင်းချလိုက်မိတယိ။
ဝမ်လေ့ဟာ ဆက်ပြောတယ်။
''အမေက ပြောတယ်။ တကယ်လို့ ငါန့ဲလက်စွပ်ဆင်တူရှိတ့ဲသူဟာ ငါ့ရဲ့ လက်တွဲဖော်ဘဲလို့လေ ''
လင်းရှီဟာ ပြုံးလိုက်ပြီး
" တကယ်လို့ လူတစ်ယောက်က မင်းန့ဲတူတ့ဲ လက်စွပ်လေးယူလာခ့ဲရင် အ့ဲလူကို မင်းရဲ့ လက်တွဲဖော်အဖြစ် သတ်မှတ်ပြီး မင်းသူ့ကို လက်ထပ်မယ်ပေါ့"
လီရန်က ဒေါသထွက်သွားတယ်လို့ ထင်ပြီး ဝမ်လေ့ဟာ ချက်ချင်းငြင်းလိုက်တယ်။
"မဟုတ်ဘူး"
လင်းရှီရဲ့ မျက်နှာဟာ ညှိုးသွားတယ်။ သူဟာ သူ့ရဲ့ လက်စွပ်လေးကို ထုတ်ပြလိုက်ပြီး မျက်မှောင်ကျုံ့ကာအော်ပစ်လိုက်တယ်။
"ငါလဲ မင်းကို သိပ်လက်ထပ်ချင်နေတာ မဟုတ်ဘူး"
-------------------------------

Their Eternal Love (Arc.3 Li Yang ဘဝ)Where stories live. Discover now