Arc 3.3+ 3.4(unicode)

2.5K 224 0
                                    

Arc 3.3
နောက်နေ့မှာ လင်းရှီဟာ စောစောထပြီး ဒေါက်တာဆီသွားတယ် သူ့ ဆေးတွေများရပြီလားဆိုပြီးတော့ပေါ့။
ဒေါက်တာဖူဟာ လင်းရှီကို ဆေးလုံးသေးသေးလေးတစ်လုံး ကိုပေးပြီး ဝမ်လေ့ကို ဒဏ်ရာကိုပျောက်ဖို့အတွက် တိုက်ခိုင်းတယ်။
သူဆေးလေးလဲရရော တောထဲကိုပြေးဝင်ပြီး ဝမ်လေ့ကိုရှာတော့တယ်။ သူကြည့်ရသလောက် ဝမ်လေ့ဟာ သူ့အဖေဆီကနေပုန်းဖို့ရန်အတွက် တောထဲမှာဘဲနေလေ့ရှိတာကြောင့် ဖြစ်တယ်။
"ဝမ်လေ့ ဒီကိုလာ ငါ့ဆီမှာ ချိုချဉ်ရှိတယ်" လင်းရှီဟာ အပြစ်ကင်းစင် တ့ဲမျက်နှာလေးလုပ်ထားပြီး ဝမ်လေ့ယုံအောင်လုပ်တော့တယ်။
ဝမ်လေ့ဟာ လင်းရှီလက်ထဲက သံသယဖြစ်စရာ ဆေးလုံးလေးကိုကြည့်ပြီး ခေါင်းခါလိုက်တယ်။ လင်းရှီဟာပြုံးလိုက်ပြီး ပြောတယ်။ " စိတ်မပူန့ဲ ဒီဟာက မကောင်းတ့ဲဟာမဟုတ်ဘူး။ ဒီကိုလာ" ဒီချစ်စရာ မျက်နှာလေးကိုကြည့်စမ်းပါ။ မင်းကိုလိမ်ပါ့မလား။ လုံးဝဘဲ။ လင်းရှီတွေးလိုက်တယ် ဒါပေမ့ဲ ဒီကောင်လေးကိုမသိမ်းသွင်းနိုင်ဘူး။
ဝမ်လေ့ဟာ ခေါင်းကိုဆက်ခါမြဲ ဆက်ခါနေတယ်။ လင်းရှီဟာဘာလုပ်ရမယ်ဆိုတာ မသိတော့ဘဲ သူ့ဆီသာ တည့်တည့်လျှောက်သွားလိုက်တယ်။ ဒါပေမ့ဲသူအရှေ့တိုးတိုင်း ဝမ်လေ့ဟာ နောက်တစ်လှမ်းဆုတ်လေတယ်။
လင်းရှီဟာသူ့ကို တိုက်ရိုက်ဘဲ ဖမ်းဖိုးဆုံးဖြတ်လိုက်တယ်။ " ဝမ်လေ့ အ့ဲနေရာမှာဘဲနေ"
ဝမ်လေ့ဟာသူ့နောက်ကိုလိုက်နေမှန်း သိတ့ဲအခါ လွတ်အောင်ပြေးတော့တယ်။ ဒါပေမဲ့ သူ့ရဲ့ အားနည်းတဲ့ကိုယ်လေးဟာ လီရန့်လိုကျန်းမာတ့ဲကိုယ်လေးကို ရှုံးသွားတာပေါ့။
မကြာခင်မှာဘဲ ဝမ်လေ့ကိုဖမ်းမိသွားတယ်။ ဒါပေမ့ဲ ဝမ်လေ့ဟာ ပြင်းပြင်းထန်ထန်ကို ရုန်းကန်နေတယ်။ သူ့မျက်နှာကိုရိုက်မိသွားတ့ဲခဏမှာ လင်းရှီဟာ သည်းမခံနိုင်တော့ဘဲ သူ့ကိုငြိမ်န့ဲ အကြောပိတ်လိုက်ပြီး သူ့လက်ထဲထည့်လိုက်တယ်။
( LinXi lost his patience and press his acupuncture points to make him fall limp in his arm)
ဝမ်လေ့ကိုနီးနီးကပ်ကပ်တွေ့လိုက်ရတ့ဲအခါ ဒီကောင်လေးဟာ အရမ်းကိုချစ်ဖို့ကောင်းကြောင်း သိလိုက်ရတယ်။ အခုသူ့မျက်နှာမှာ ရွှံတွေပေမနေဘူး။ နှာခေါင်းလုံးလုံးလေးကိုတောင် မြင်ရတယ် (TN~ မူရင်းရေးသူက button nose လို့ သုံးထားပါတယ်)
သူသာပြုံးလိုက်မယ်ဆိုရင် ဒီကမ္ဘာမှာရှိတဲ့ မိန်းကလေးတွေဟာ တဖြုတ်ဖြုတ်ကြွေကုန်မှာသေချာ သလောက်ဘဲ။ ညို့ငင်နိုင်တ့ဲ မျက်လုံးလေးတွေ ဟာ လုံးဝန်းလှပပြီးစလင်ဒါပုံစံရှိနေတယ် တောက်ပတ့ဲ အရောင်အဝါလဲ ဖြာထွက်နေတယ်။ ဝမ်းနည်းစရာ ကောင်းစွာန့ဲ အ့ဲမျက်ဝန်းတွေဟာ လင်းရှီကို ဒေါသထွက်စွာ အမုန်းတရားအပြည့်န့ဲ စိုက်ကြည့်နေတယ်။
"စိတ်တိုမနေနဲ့ အ့ဲလောက်ကြီးကြည့်နေမယ်ဆို လူလဲ တွန့်သွားတော့မှာဘဲ" လင်းရှီက ငြင်းသာစွာပြောပြီး ဝမ်လေ့မျက်ဝန်းလေးကို ပွတ်သပ်လိုက်တယ်။ သူ့ခန္ဓာကိုယ်ကို ကိုင်ထားတ့ဲခဏမှာ လင်းရှီဟာ သူ့အရိုးတွေန့ဲ ဘဲရှိနေမှန်းသိလိုက်ရတယ်။ ( TN~ သဘောက ပိန်လွန်းလို့ အရိုးဘဲ မြင်နေရတယ် အဲ့လိုပြောတာ 😁)
မင်းဒီအရိုးခန္ဓာကိုယ်န့ဲ ဇာတ်လိုက်ကို ဘယ်လို အနိုင်ယူနိုင်မှာလဲ..
လင်းရှီဟာ ဝမ်လေ့ရဲ့ အာဟာရမပြည့်ဝတ့ဲ ကိုယ်သေးသေးလေးကိုကြည့်ရင်း စိတ်ဓာတ်ကျသလို ခံစားလိုက်ရတယ်။ သူတို့ဟာ သက်တူရွယ်တူလောက်ဘဲ။ ဒါပေမ့ဲ သူက ဝမ်လေ့ ထက် ခေါင်းတစ်လုံးပိုမြင့်လေတယ်။ သူ့ကိုလဲ ဝလာအောင်လုပ်ရဦးမှ ပါ....။
အခုလက်ရှိမှာ သူ့ကို ဆေးအတင်းတိုက်ရဦးမှာဘဲ။
" ဝမ်လေ့ ပါးစပ်ဟလိုက်...ဒါလေးက သကြားလုံးလေးပါ" လင်းရှီဟာ ဝမ်လေ့ကို မိခင်က ကလေးကို စားစရာ ချော့ကျွေးနေသလို သိမ်းသွင်းနေတယ်။ ဒါပေမဲ့ ဝမ်လေ့ဟာ တင်းတင်းကို ပိတ်ထားဆဲဘဲ။
ဒီဟာ အလုပ်မဖြစ်တာကိုမြင်တော့ လင်းရှီဟာ လှုပ်မရအောင် မေးရိုးရဲ့ နေရာpoint တစ်ချို့ကို ဖိနှိပ်လိုက်တယ်။ သူဟာ အကြောပိတ်ထားတာကိုမဖြည်သေးခင် ဆေးလုံးကို ဝမ်လေ့ရဲ့ပါးစပ်ထဲထည့်ကာ ပိတ်လိုက်တယ်။ ဘာလို့လဲဆိုတော့ ဝမ်လေ့ ဆေးကို သေချာ သောက်စေချင်လို့ဘဲ ။
ဝမ်လေ့မျက်နှာဟာ နာကျင်မှုကြောင့် ရှုံတွလာတယ်။
"မင်း ကြည့်ရတာ အဆိပ်ကို စားထားသလိုမျိုး လုပ်မနေန့ဲ ။ အ့ဲတာလေးကို သကြားလုံးလို့ သဘောထားကြည့်လိုက်လေ"
လင်းရှီဟာ သူ့မျက်လုံးထဲက အမုန်းတွေကို ခံစားလိုက်ရပေမ့ဲ ဂရုမစိုက်တော့ဘူး။ ဘာလို့လဲဆိုတော့ ဝမ်လေ့ဟာ သူ့စကားကို နားထောင်မှာမဟုတ်ဘူး ပြီးတော့ လက်ရှိအချိန်ထိ သူ့ကို ကြင်ကြင်နာနာ ဆက်ဆံတယ်လို့ သူမခံစားမိသေးဘူးလေ။ သူက သူ့ရဲ့ ချစ်သူမှမဟုတ်ဘဲ။ သူမချစ်တ့ဲသူအတွက် သူ့ရဲ့ အားတွေဖြုန်းဖို့ရာ အစီအစဉ်လဲမရှိလေဘူး။

Their Eternal Love (Arc.3 Li Yang ဘဝ)Where stories live. Discover now