အပိုင်း ( ၉ )

6.2K 442 1
                                    

ZawGyi Version

Hotel ရောက်ရောက်ချင်း
အဝတ်များပင်မလဲနိုင်ပဲ Xiao Zhan
ခုတင်ပေါ်ပစ်လဲလိုက်သည်

" ပင်ပန်းထားသမျှအညောင်းကိုပြေသွားတာပဲ "

ခဏနေမှ Yibo ကိုသတိရလာပြီးမျက်လုံးကစားမိတော့
အထုပ်တွေနေရာချနေတဲ့ Yibo

( အင်း မင်းကတကယ်ကိုကိုယ့်ရဲ့ကိစ္စတိုင်း
အလိုက်တသိဖြေရှင်းပေးတတ်တာပဲကလေး )

" Yibo မင်းလဲနားလေကွ ခုမှရောက်တုန်းလေးကို
ငါ့ကိုအားနာမနေနဲ့ ရာထူးတွေလဲတွေးမနေနဲ့ "

" တကယ်ပြောတာလား CEO "

" အေးပေါ့ကွ "

" ဒါဆိုကျွန်တော်ရာထူးတွေအဆင့်တွေမကြည့်ပဲ
CEO ကို Zhan Ge လို့ပဲခေါ်ချင်တယ်
ခွင့်ပြုမလား "

Xiao Zhan ဘာမှပြန်မပြောနိုင်ပဲကြောင်ငေးနေမိသည်
နှုတ်မှလည်း

" Zhan Ge,  Zhan Ge
အဆင်ပြေပါတယ်ခေါ်လေ
ပိုရင်းနှီးသလိုခံစားရတယ် "

" ဘာကြောင့်မှန်းမသိပေမယ့်
Zhan Ge ကိုတွေ့ရင် အကို ရယ်လို့မဟုတ်ပေမယ့် ကျွန်တော့်ထက်အကြီးတစ်ယောက်အနေနဲ့
အားကိုးဆိုးနွဲ့ချင်တယ် ဂရုစိုက်ပေးချင်မိတယ် "

( ဘုရားရေ ကလေး မင်းဘာတွေပြောနေလဲရောမင်းသိရဲ့လား )

ပြုံးပြီးလေအေးလေးနှင့်စိုက်ကြည့်ပြောနေသော Yibo

" မင်းကလည်းတကယ့်ကလေးတစ်ယောက်လိုပါပဲ
ငါအကူညီလိုလာရင်သာမင်းကလူကြီးလေးလို
ပြောပြတတ်ပေမယ့်မင်းတချို့အပြုမူတွေစကားတွေက
တကယ့်ကလေးလေး "

တစ်ယောက်ကိုတစ်ယောက်အပြန်လှန်ကြည့်ရီမိသည်

နှုတ်ကသာဟန်မပျက်ပြောနေပေမယ့်
ရင်တွေတုန်စပြုနေတဲ့ Xiao Zhan

( ကိုယ်လည်းမင်းကို ကလေး လို့ခေါ်ချင်ပါရဲ့ကွာ
ကိုယ်ပြောလိုက်ရင်မင်းစိတ်ဆိုးမှာကြောက်တယ်
မင်းငြိုငြင်သွားမှာမျိုးမလုပ်ရက်ဘူး
ကိုယ့်အပေါ်တခင်တမင်ဂရုတစိုက်ရှိတဲ့မင်းကို
တစ်မျိုးတစ်မည်မထင်စေရက်ဘူး)

" ဒါဆိုမင်းလဲအခန်းပြန်ပြီးရေချိုးပြင်ဆင်လေ
ကိုယ်တို့အပြင်သွားရအောင်
စိတ်ပြေလက်ပျောက်ပေါ့
ညမှအလုပ်ကိစ္စတွေကြိုပြင်ဆင်ကြမယ် "

Just Me and You 💚 Where stories live. Discover now