အပိုင်း ( ၁၉ ) - အပိုင္း ( ၁၉ )

4.7K 306 1
                                    

Unicode Version

" မင်းကငါ့ရဲ့ Secretary ဆိုတော့
အခုငါ့အခြေအနေကိုအလုံးစုံသိထားမှာပေါ့ ...
ဒီတော့ငါမမှတ်မိတဲ့အရာတွေမင်းကငါ့ကို
ကြိုပြောပြပေးဖို့တာဝန်ရှိတယ်ဆိုတာလည်း
သိမှာပေါ့ ... ဟုတ်လား "

" ဟုတ်ကဲ့ Ge ... ကျွန်တော်နားလည်ပါတယ် "

// အာဏာတွေစွတ်ပြနေတာ //

မနက်ရုံးလာသည့်အချိန်ကစပြီးအလုပ်အကြောင်း
တစ်ခုမှမစရသေးပဲပုဂ္ဂိုလ်ရေးရှင်းတမ်းများအရင်
စတင်ရှင်းပြရသည်

Company ပုံရိပ်ကိုထိန်းသိမ်းရန်
Xiao သခင်မကြီး၏ဆန္ဒအရ
ရုံးရှိဝန်ထမ်းများအား Ge accident
ဖြစ်ကြောင်းသာသိစေပြီး
အခြေအနေအမှန်ကိုတော့ထိန်ချန်ထားခြင်းကြောင့်
Ge အမှားအယွင်းမရှိစေရန်
ကျွန်တော်ဝင်ထိန်းပေးရခြင်းပေ ....

" နာမည်တွေကများလိုက်တာ ..
ဘာလို့ငါမှတ်မိတာကနည်းနည်းပဲရှိနေရတာလဲ
တကယ်ကိုပဲ ကျစ် .... "

" အဓိကနာမည်တွေလောက်ပဲအရင်မှတ် Ge
Share ရှင်များအစည်းအဝေးကလည်း
လို​သေးတော့ Ge အချိန်ရပါသေးတယ် ... "

" ငါကရောအကုန်မှတ်မယ်ပြောနေလို့လား "

( ဘုချည်းတောနေတဲ့ဒီ Ge တော့...
အင်း စိတ်လျော့ .. သူကခုလူမမာလေ )

" အကုန်လုံးက Ge ရဲ့အခြေအနေနဲ့ပတ်သက်ပြီး
စိတ်ဝင်စားနေကြတာ ..... တော်တော်ကြောက်ဖို့ကောင်းတယ်
ဒီလောက ကအသေထိုးသတ်ဖို့
ချောင်းနေတဲ့သူတွေချည်းပဲ .... "

" ငါအဲ့လောက်မညံ့ပါဘူး
ဟုတ်တယ်မလား ... "

" အရင်ကဆိုရင်တော့ဟုတ်တာပေါ့ ..
ခု Ge မှတ်ဥာဏ် .... "

" ဟ ချာတိတ်ရ ...
ငါအတိတ်နည်းနည်းမေ့နေလည်း
ငါ့အရည်အချင်းတွေကပျောက်မသွားပါဘူး .. "

" ချာတိတ် .....
Ge ကျွန်တော့်ကိုချာတိတ်လို့ခေါ်တယ် .. "

" ဟုတ်တယ်လေ .. ဘာဖြစ်လို့လဲ ... "

" အရင်ကတစ်ခါမှမခေါ်ဖူးဘူးလားလို့ ... "

" ဟင် တကယ်ကြီးလား ... ငါ့စိတ်ထဲတော့
ဒီနာမည်ကရင်းနှီးနေသလိုပါပဲ
ခေါ်ဖူးသလားလို့ .. "

Just Me and You 💚 Where stories live. Discover now