အပိုင်း ( ၂၅ )

4.4K 273 1
                                    

Unicode Version

" Beijing ရုံးခွဲကိုဖုန်းဆက်ထား Mian Mian
ဝန်ထမ်းတွေအကုန် Overtime ဆင်းရမယ်လို့ ...
ငါနဲ့ Yibo ခုချက်ချင်း Beijing ကိုသွားမယ် ...
Flight မရရင် private jet ပြင်ထားလိုက် .. "

" ဟုတ်ကဲ့ CEO "

" Ge အဲ့လောက်မြန်မြန်ကြီးဘာလုပ်မလို့လဲ ..
အစီစဥ်ရှိလို့လား .. "

" ငါစဥ်းစားနေတယ် .. "

ခွန်းပြတ်တစ်ခွန်းသာပြန်ပြောပြီး
စာရင်းများပြန်စစ်နေသည့် Xiao Zhan ကို
Wang Yibo နားမလည်နိုင်သလို
ငေးကြည့်နေမိသည် ...

Mian Mian တောင်ဖုန်းမဆက်ရသေးပဲ
ရုံးကိုကသောကနင်းပြန်လာခဲ့သည့် Xiao Zhan

ဝုန်းဝုန်းဒိုင်းဒိုင်းနှင့်ရုံးခန်းထဲဝင်လာတဲ့
Xiao Zhan ကိုကြားက Mian Mian
အရိပ်အခြည်မသိပဲ Beijing ရုံးခွဲကိစ္စပြောပြလာမှ
တစ်ခုခုလုပ်တော့မလို Wang Yibo ကို
စိုက်ကြည့်နေခဲ့တဲ့မျက်လုံးတွေအာရုံပြောင်းခဲ့ရတာ

ပြောင်းလဲသွားတဲ့အခြေအနေနဲ့အတူ
နှုတ်ကညွှန်ကြားချက်ကလည်းအလိုအလျောက်

" Flight ကအရမ်းကပ်နေတော့
အဆင်မပြေမှာစိုးလို့
Private Jet ပဲစီစဥ်လိုက်ပါတယ် CEO ..
နောက်ဆယ်မိနစ်ဆို office floor ကို
ရောက်လာပါလိမ့်မယ် .. "

Mian Mian ရဲ့အပြောကို
Xiao Zhan ခေါင်းညိတ်ပြလိုက်ရင်း

" Jin Group နဲ့ပတ်သက်တဲ့
File အကုန်ရှာပြီးငါ့ကို mail ပို့လိုက် ..
Yibo လိုအပ်တာအကုန်ယူပြီးရင်
ငါတို့သွားကြမယ် ... "

ဒရဆက်ပြောရင်း floor ကိုတက်သွားသည့်
Xiao Zhan နောက်
Wang Yibo အပြေးလိုက်ရပြန်သည်

( Ge ဘာတွေဖြစ်လာတာလဲ ..
ခုနကတကယ်ကိုမီးဝင်းဝင်းတောက်နေတဲ့
မျက်လုံးတွေနဲ့ငါ့ကိုစိုက်ကြည့်နေတာ ..
ပြောစရာလည်းရှိနေတဲ့ပုံ ...
တကယ်ပဲဘာတွေဖြစ်လာခဲ့တာလဲ )

Office floor ဆီဆိုက်ရောက်လာတဲ့
Private Jet ပေါ်တက်ရင်း
Xiao Zhan ကို Wang Yibo
တောက်လျှောက်စိုက်ကြည့်နေမိသည် ...

အရင်ကအလုပ်လေးစားတဲ့
Ge ကိုပြန်မြင်နေရသလို ..

( ဒီလိုဆိုတော့လည်း
ဘာမှမပြောင်းလဲသလိုပါပဲလား Ge ရယ် .. )

Just Me and You 💚 Donde viven las historias. Descúbrelo ahora