Chapter (1)

33.9K 1.5K 19
                                    

#####Unicode#####

ရှေ့မှာမြင်နေရသည်က...
သက်လက်ပိုင်းအရွယ်..ယောကျာ်းတစ်ယောက်..၊

သူ့အားလှိုက်လှိုက်လဲလဲပြုံးပြနေပုံက...
မျက်လုံးများ...မှိတ်မတတ်ပင်..၊ထို့နောက်..မျက်လုံးများကိုပြူးလိုက်..၊
ကျယ်လိုက်နဲ့..ပြောင်ပြနေသေးသည်..။

တဖြေးဖြေး...အနားသို့တိုးလာပြီးထိုသူ့
နှုတ်ခမ်းပါးပါးလေးက..ရုတ်တရတ်..
မိမိနှုတ်ခမ်းနဲ့..တစ်သားတည်းပေါင်းစပ်
သွားတာမို့...၊

"အား...."

ကြောက်လန့်တကြား..အော်ဟစ်သစ်သံနှင့်
အတူ..လူက..ကုတင်ပေါ်ငုတ်တုတ်..။

နားထဲ..တီးတိုးပြောဆိုသံများက..အစီအစဥ်မကျဘဲ..နားစည်ကိုလာရောက်ရိုက်ခတ်
သည်..။ ပိုးသတ်ဆေးနံ့က..နှာခေါင်းထဲ
စူးစူးရှရှ...ဝင်လာကာ..လူကမူးနောက်
နောက်ဖြစ်လာသည်...။

ဒါနဲ့...ငါ့ကမ္ဘာကြီးက..ဘာလို့ဒီလောက်
မှောင်နေရတာလဲ..???
မီးပြတ်နေတာလား...၊ဒါမှမဟုတ်..ငါ့ရဲ့.

"ရီပေါ်..."

သူ..စဥ်းစား၍မဆုံးသေး..၊
ပါး.ရဲ့အော်သံကဟိန်းခနဲထွက်လာတာမို့..
ခေါင်းက..အသံကြားရာဆီသို့လှည့်ကြည့်
မိသည်..။သို့သော်..ပါး..ကိုမတွေ့ဘဲ..
အမှောင်ထုကြီးကသာ...ဆီးကြိုနေတာမို့.
မျက်နှာကို..လက်နှင့်စမ်းကြည့်လိုက်စဥ်..

"မထိနဲ့..ရီပေါ်..."

အပြောတင်မက..လက်တွေကပါ..မြန်ဆန်
လွန်းလှသည်..။သူ့လက်နှစ်ဖက်ကိုဖမ်းချုပ်
ထားလိုက်ပြီး...အမိန့်ပေးသံခပ်ကျယ်ကျယ်ကိုလဲ..ရီပေါ်ကြားလိုက်ရသေးသည်။

"ဆရာဝန်..အမြန်သွားခေါ်စမ်း..၊
ရီပေါ်...သတိရလာပြီ..."

ဆရာဝန်....
သတိရတယ်...
ဒါဆို...ငါက...

ခေါင်းထဲ..အချက်ပေးသံ..တစ်ဒိန်းဒိန်း
မြည်လာကာ...ကျန်ရစ်ခဲ့သော Memmory
အချို့က..သူ့အတွေးထဲသို့အလုအယက်..
တိုးဝင်လာတာမို့..လူတောင်နောက်ကိုယိုင်
ကျလုမတတ်ဖြစ်သွားသည်..။ ပါး က..
ထိန်းကိုင်ပေးရင်း...

"ဘာ့မှမတွေးနဲ့.."

မတွေးနဲ့ဆိုပေမယ့်...
ကုန်တင်ကားကြီး..နဲ့..ကားတစ်စီး...
တိုက်သည့်မြင်ကွင်းက..ဦးနှောက်ထဲကွက်
ကွက်ကွင်းပေါ်လာသည်..။

"REASON"{COMPLETED}Donde viven las historias. Descúbrelo ahora