Chapter (7)

12.6K 1.1K 39
                                    

{{{Unicode}}}

💐💐💐💐💐💐💐💐💐💐💐💐💐💐

ရှောင်းကျန့်အတွေးများယောက်ယက်ခတ်ကာ..အချိန်အတော်ကြာသည်အထိ..ကားထဲမှာတွေတွေကြီး ငိုင်နေမိသည်။

မိမိကိုပိုးဆိုးပက်ဆက်ပြောသွားကာ..
ပယ်ပယ်နယ်နယ်လက်သီးတစ်လုံးကျွေးသွားသောကောင်လေး..၊

ရှောင်းကျန့်ကိုကိုလို့ခေါ်ပြီး..
Brown ရောင်မျက်ဝန်းလေးများနှင့်စိမ်းတောက်တောက်ကြည့်နေသူ..။

နောက်ဆုံးခြိမ်းခြောက်သွားတယ့်စကားကဘာတယ့်..။

"နောက်ထပ် ကျနော်မျက်စိရှေ့ပေါ်လာရင်..တစ်ချက်မဟုတ်ဘူး..၊ နှစ်ချက်ထိုးမှာ..၊ ဒီမှာတွေ့လား.."

လက်သီးထောင်ပြပြီး..မိမိအားထိုသို့ကြိမ်းဝါးသွားသူ..၊နာမည်မေးမိပြန်တော့...တစ်ဟားဟား အော်ရယ်ပြီး..

"ခင်ဗျား Bae မဟုတ်တာကျိန်းသေတယ်တယ့်.."

ပြီးနောက်..Taxi တစ်စီးပေါ်အပြေးအလွှားတတ်သွားသောထိုကောင်လေး..။

ရှောင်းကျန့်သက်ပြင်းမောကိုသာ ဟူး ခနဲမှုတ်ထုတ်လိုက်မိသည် ။

"Bae နဲ့ပတ်သတ်မှုရှိတာလား..၊
ဒါ့မှမဟုတ်..သက်သက်နောက်ပြောင်နေတာလား..၊ သူကဘယ်သူလဲ.."

သူ့အတွေးများစွာကိုဖြေဆိုမည့်သူတစ်ယောက်မှမရှိခဲ့..။
နောက်တစ်ခါဆုံရင်..နှစ်ချက်ထိုးပစ်မယ်လို့ ကြိမ်းဝါးသွားတယ့် အဲ့ကောင်လေးကိုကျနော် ထပ်တွေ့ချင်နေသေးတယ်။
Bae နဲ့တူတယ့်မျက်ဝန်းတွေကို အနီးကပ်ကြည့်ချင်သေးတယ် ။
ကျနော် အတ္တကြီးသွားလား ???
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.

" နောက်လ အီတလီသွားဖို့ရှိတယ် ၊Babyက ကိုယ်နဲ့အတူလိုက်ခဲ့လေ.."

ဖန်ရှင်း Gameဆော့နေရင်းနှင့်ပင် ခေါင်းယမ်းလိုက်ကာ...

"ဟင့်အင်း...ကျနော်ကျောင်းပြန်တတ်ရတော့မှာ ကိုကို "

ရှောင်းကျန့် ဘာ့မှဆက်မပြောတော့ပဲ ၊
ဖန်ရှင်းကိုသာ သေချာစိုက်ကြည့်နေမိသည်။

19 နှစ်ပဲရှိသေးတယ့် ခပ်ငယ်ငယ်ကောင်လေး ကျန်းဖန်ရှင်း ၊
အခုဆို မိမိရဲ့ချစ်သူ ၊
ပတ်ဝန်းကျင်က ဘယ်လိုဝေဖန်နေပါစေ ၊
ရှောင်းကျန့်တို့က ဂရုစိုက်ခဲ့သည်မဟုတ် ၊
ခုလဲ ဒီကောင်လေးကို တရားဝင်လက်ထပ်ကာ မိမိဘေးတွင်ထားမည် ။ သူကိုချစ်လားမေးရင်တော့ အဖြေတို့ကရှိမနေခ့ဲ ။
သေချာတာကတော့ ဖန်ရှင်းဆီမှာ Bae ရဲ့နှလုံးသားရှိနေတယ် ။

"REASON"{COMPLETED}Where stories live. Discover now