❤{{{ UNICODE }}}💚
ရီပေါ်က ကုတင်ပေါ်မှလူးကာလိမ့်ကာနှင့် အလုပ်စားပွဲမှာတရားမှတ်နေသော ရှောင်းကျန့်ကျောပြင်ကိုကြည့်ကာ..
"ကျန့်..."
"အင်း ပြောလေ၊
အချစ်ကလေး"ရီပေါ်က ခြေကိုဆောင့်ကာနှုတ်ခမ်းကိုစူရင်း ကုတင်ပေါ်မှခုန်ဆင်းလာသည်။ ပြီးနောက် Laptopတစ်လုံးနဲ့ အလုပ်ရှုပ်နေသော ကျန့် ပေါင်ပေါ်မှာ မရ ရအောင်တိုးဝှေ့ဝင်ထိုင်ရင်း..
"ကျန့် အလုပ်တွေပဲလုပ်မနေနဲ့လေ ၊ ကျွန်တော့်ကိုလဲ ဂရုစိုက်ပါဦး"
ရှောင်းကျန့်က မိမိလည်တိုင်နားကိုတိုးဝှေ့နေသော လေပြေနုနုလေးနှင့်နှုတ်ခမ်းအိအိလေးကို မျက်ကွယ်ပြုကာ တင်းပါးလုံးလုံးလေးကိုသာခပ်ဖွဖွပုတ်ပေးရင်း...
"ဂရုစိုက်ပါတယ်ကွာ၊
ကိုယ့်မှာ ဂျစ်တူးတစ်ယောက်တည်းရှိတာလေ""အင်း ကျွန်တော့်ကိုယ်ကလေးလားဟင်?"
မေးတတ်ပါပေ့ ၊ အလုပ်ကိုလဲအာရုံစိုက်နေရတယ့်အထဲ အာရုံများအောင်လုပ်နေပြီ။ မျက်နှာချင်းဆိုင်ခွထိုင်နေသည့်အပြင် လက်တွေကလဲအငြိမ်မနေတာမို့ ရှောင်းကျန့်မှာ Laptop ကိုပိတ်ပစ်လိုက်ပြီး..
"ဂျစ်တူးကောင် မြှူဆွယ်တာတွေရပ်လိုက်တော့"
ထိုအခါမှ ခပ်အစ်အစ်အသံလေးက အလိုမကျစွာနှင့်...
"ဘယ်မှာမြှူဆွယ်လို့ဘဲ?
ဒီအတိုင်းပဲ မာဆယ်တွေကိုကိုင်ကြည့်နေတာလေ၊ တွန့်တိုတာလားပြော!!!"အပြောနဲ့အတူမျက်စောင်းတစ်ချက်ပါ အဆစ်ပါလာတာမို့ အူယာလာတာအမှန်ပင်။ အူယားတာကိုမည်သို့ ဖြေဖျောက်ရမည်နည်း။ တရားခံကိုသာတာဝန်ယူခိုင်းသင့်သည်မဟုတ်လား???
နှုတ်ခမ်းတို့မှာ အပြုံးတို့ကတွဲလဲခိုရင်း ရင်ခွင်ထဲတိုးဝှေ့နေသော ဂျစ်တူးကောင်ကိုဆွဲထုတ်တော့ မျက်လုံးမှေးလေးများနှ့်မော့ကြည့်လာသည်။
"ကျန့် ကျွန်တော်အိပ်ချင်နေပြီ"
"အိပ်လို့ရမလား??
ဇာတ်လမ်းစပြီးမှတော့ ဆန့်ငင်ဆန့်ငင်ထားခဲ့လို့ရမလား ဂျစ်တူးရ ကိုယ့်ကိုကြည့်ပါဦး"
YOU ARE READING
"REASON"{COMPLETED}
Fanfiction( Unicode ... +Zawgyi...) မုန်းချင်လို့...မုန်းတယ်...၊ ချစ်ချင်လို့...ချစ်တယ်...၊ အကြောင်းပြချက်မရှိဘူး...။ Start( 2.10.2019) Ending (2.5.2020) Ownstory Sanay Moe Swe