P.1

13K 721 20
                                    


Zawgyi ​ရော Unicode ​ရောနှစ်​မျိုးစလုံးတွဲတင်​လိုက်​ပါတယ်​​နော်

Zawgyi

Painter of the nightကိုfull credit ​ပေးပါတယ်​##
Ver ​ပြောင်းပြီး ကိုယ့်​ရဲ့own plotတစ်​ချို့နဲ့​ပေါင်းစပ်​​ရေးလိုက်​ခြင်းသာ...####

သူများတွေအိပ်စက်အနားယူနေကြချိန်ဖြစ်‌ပေမယ့်လို့ Chan Yeol ကတော့ ညတစ်နာရီကျော်တဲ့အထိ အိပ်စက်အနားယူလို့မရသေး။

Park လုပ်ငန်းစုရဲ့အကြီးဆုံးသားအနေနဲ့
များပြားလှတဲ့အလုပ်ကိစ္စတွေဟာ ကုမ္ပဏီမှာတင်လုပ်လို့မပြီးနိုင်....အိမ်အထိပါ ပါလာတဲ့တာကြောင့် အိပ်ချိန်ကျော်နေပေမယ့်
စာရွက်စာတမ်းတွေကြားခေါင်းနစ်ပြီးအလုပ်​စားပွဲပ​နေ မထနိုင်သေး။

နောက်အပတ်ကျရင်စတင်တော့မယ့်ပရောဂျက်တစ်ခုအတွက် အဖေကိုယ်တိုင်ကသေချာဂရုစိုက်လုပ်ဖို့မှာထားတာကြောင့်
ပုံမှန်ထက် အစစအရာရာဂရုစိုက်ပြီး ၀န်ထမ်းတွေနဲ့လဲ မျက်နှာလွဲခဲပစ်မလုပ်တတ်တဲ့အကျင့်ကြောင့် အစအဆုံးကိုယ်တိုင်လိုက်လုပ် ရင်း ဒီရက်ပိုင်းစိတ်ရောကိုယ်ပါတော်တော်လေး ပင်ပန်းနေသည်။

ဒါပေမယ့်ပရောဂျက်အောင်အောင်မြင်မြင်နဲ့
ပြီးဆုံးသွားရင် ခံစားရမယ့်အကျိုးအမြတ်ကလဲထိုက်ထိုက်တန်တန်မို့ပင်ပန်းရကျိုးနပ်သည်။

သို့ပေမယ့်လဲစိတ်အနှောင့်အယှက်ဖြစ်စရာက အချိန်ကိုက်ဝင်လာတယ် ဆိုသလို
စာရွက်ပုံတွေကြားမှေးခနဲအိပ်ပျော်ရုံရှိသေး
အလိုက်မသိထမြည်တဲ့ ဖုန်းကြောင့်
ကိုယ့်ဂုဏ်ကိုယ့်ဒြပ်တွေတောင်မထောက်ပဲ
ပျစ်ပျစ်နှစ်နှစ်ဆဲရေးလိုက်ချင်တော့သည်။

"Hello....."

".........."

"အေး....ငါအခုလာခဲ့မယ်..."

ဖိုင်တွဲတစ်ခုပြန်စစ်ပြီးရင်အိပ်တော့မယ် လုပ်ထားတဲ့အတွေးတွေဟာ..
ဖုန်းချအပြီးမှာ အားလုံးပျောက်ကွယ်သွားခဲ့သည်။

တခြားပြသနာတွေဘယ်လောက်တက်တက် ဒီလိုညကြီးမင်းကြီးဆို လိုက်သွားဖို့မပြောနဲ့
ဖုန်းတောင်ကိုင်မှာမဟုတ်တဲ့ Chan Yeol သည်
အခုတော့ လိုက်မသွားလို့မရတဲ့ အရေးကိစ္စမို့
အပေါ်ဝတ်တစ်ထည်နဲ့ကားသော့ကိုကောက်ဆွဲပြီး ညကြီးသန်းခေါင် အိမ်ပြင်ထွက်ရပြန်တော့သည်။

Painter ( Mature mood ) CompletedWhere stories live. Discover now