P.2..

5.9K 603 23
                                    

ဒီ​နေ့စီးပွားဘက်​ company တစ်​ခု ရဲ့ ပါတီ ကိုတက်​​ရောက်​ရတာ​ကြောင့်​ ခါတိုင်း​နေ့​တွေထက်​​အိမ်​ပြန်​​နောက်​ကျသည်​...။

ပါတီက club တစ်​ခုမှာ လုပ်​တာ​ကြောင့်​..
အ​သောက်​အစားလဲ ​တော်​​တော်​​လေးပါတာမို့..ကိုယ့်​စီးပွားဘက်​ ဖြစ်​​နေတာကတစ်​​ကြောင်း..ပြီး​တော့ အလုပ်​ပဲဖိလုပ်​​နေရတာမို့ ဒါမျိုး မ​သောက်​မစားရတာကကြာပြီဖြစ်​တာက
တစ်​​ကြောင်း
ကြောင့်​ လက်​ထဲမှာ အရက်​ပုလင်းကို မချတမ်းကိုင်​ကာ..
ရေချိန်​ကိုက်​တဲအထိ​တောင်​​သောက်​မိသည်​..။

အပြန်​ကျဒရိုင်​ဘာ​ခေါ်ထားတာမို့အိမ်​ပြန်​ရမယ့်​ကိစ္စက
အခက်​အခဲမရှိ..။

ဒါမျိုးလွတ်​လပ်​မှုက ကိုယ်​​တွေလိုစီးပွား​ရေးသမား​တွေအတွက်​ အကြာကြီး​နေမှ ကြုံရတာမျိုး..။
ပိုင်​ရှင်​က ကိုယ်​နဲ့သက်​တူရွယ်​တူလဲ ဖြစ်​သလို...
ယုံကြည်​စိတ်​ချရသည့်​သူငယ်​ချင်းလဲဖြစ်​​နေတာ​ကြောင့်​..
ပုံမှန်​အချိန်​​တွေလို ဟန်​​ဆောင်​မျက်​နှာဖုံး ဟန်​​ဆောင်​အပြုံး​ဆောင်း​နေစရာမလိုပဲ စိတ်​ထဲ ရှိသလို ​နေလို့ရ​တော့
Park Chan Yeol တို့အကြိုက်​​တွေ့​နေသည်​..။

ငယ်​ဘ၀အိမ်​မက်​ကိုက ဒါမျိုး club တစ်​ခု​လောက်​ဖွင့်​ပြီး
ကိုယ်​တိုင်​DJ ၀င်​တီးကာ....လူငယ်​ဆန်​ဆန်
ပေါ့​ပေါ့ပါးပါး ​လေးနဲ့ ဘ၀ကိုဖြတ်​သန်းဖို့ စိတ်​ကူးရှိခဲ့တာမဟုတ်​လား...။

စည်းစနစ်​ကျပြီး စည်းကမ်းကြီးလွန်းတဲ့appa​ရဲ့ဆန္ဒကိုမလွန်​ဆန်​နိုင်​လို့သာ..အခုလိုမျိုးစီးပွား​ရေးလုပ်​ငန်းရှင်​ ဘ၀ကို​ရောက်​​နေရ​ပေမယ့်​ အခါအခွင့်​သင့်​ရင်​သင့်​သလို..
ရင်​ထဲမှာထိန်းချုပ်​ထားရတဲ့အမြူးဓာတ်​ခံကိုဖွင့်​ချပြီး
ပျော်​​ပျော်​ရွှင်​ရွှင်​​နေ​လေ့ရှိသည်​...။

အ​မှောင်​ချထားတဲ့clubထဲမှာ မီးအလင်းကွက်​​လေး​တွေ​အောက်​..​ယောက်ျား​တွေမိန်းမ​တွေ
စည်းချက်​နဲ့အညီ  အသီးသီးတွဲ က​နေကြတာကိုကြည့်​ပြီး
ခေါင်းကိုစည်းချက်​လိုက်​​နေလိုက်​သည်​..။

Painter ( Mature mood ) CompletedWhere stories live. Discover now