P.8

5.7K 496 11
                                    

Zawgyi

Park groupရဲ့သားအကြီးက ရုပ်​ရည်​ရူပကာ ​ချော​မောပြီး အရာအားလုံးပြီးပြည့်​စုံသူလို့လူအများအကြားနာမည်​သတင်း​ကျော်​ကြားတဲ့လူတစ်​​ယောက်​ဖြစ်​သလို
လူ​တွေမသိတဲ့​နောက်​တစ်​ချက်​တစ်​ခုက အလွန်​တရာ အသားယူတတ်​တဲ့လူ ဆိုတာပါပဲ..။

ဒါက​တော့ Baek Hyun တစ်​​ယောက်​တည်းသိတဲ့လျို့ဝှက်​ချက်​လို့​ပဲ ​ပြောရမယ်​ထင်​တယ်​..။

သူ့အ​ဖေက Baek Hyun နဲ့လက်​ထပ်​မှာကို သ​ဘောမတူလို့ထိုးလွှတ်​လိုက်​တာက နည်းနည်း သူ့ဒဏ်​ရာ​တွေကို​ဆေးထည့်​​ပေး​နေတဲ့လူကို အသားယူ​နေတာကများများလုပ်​​နေတဲ့Park Chan Yeolရယ်​ပါ..။

အောက်​ထပ်​ ဧည့်​ခန်း က ဆိုဖာ​ပေါ်မှာ ပထမတုန်းကဒီတိုင်းရိုးရိုးပဲ Baek Hyun က သူ့အနာ​တွေကိုကြပ်​ပူထိုး​ပေး​နေရုံ​လေး..။
နောက်များကျ​တော့ Baek Hyun ကိုခါးဖက်​လိုက်​ ပါးနမ်းလိုက်​ လုပ်​ရင်းနဲ့ အခု​နောက်​ဆုံး သူ့​ပေါင်​​ပေါ်မှာ ထိုင်​​စေကာ ခါးကိုကျိုးမတတ်​ဖက်​ထားလို့
Baek Hyun မှာ ကျပ်​ကျပ်​တည်းတည်းနဲ့ကို​ဆေးလူး​ပေး​နေရတဲ့အ​နေအထား​ရောက်​သွား​လေသည်​...။

မိနစ်​ပိုင်းအနည်းငယ်​ဆိုပြီးတဲ့​ဆေးလူးခြင်းကိစ္စက သူ​နှောင့်​ယှက်​​နေလို့ အခုဆို နာရီဝက်​​ကျော်​​ကျော်​ ကြာမှပဲ ပြီး​လေသည်​..။

"ကိုယ့်​appaက ​ကြောက်​စရာကြီး​ပေမယ့်​ ကိုယ့်​လိုပဲ ​ချောတယ်​မလား..?"

"appa က ပို​ချောတယ်​..ပိုပြီးလည်းခန့်​တယ်​.."

"ဟုတ်​ပါပြီ အ​ဖေ​ချောလို့ပဲဒီသားကခန့်​​ချောကြီးဖြစ်​​နေတာမလား..?"

မ​နေ့က​လေးတင်​သူ့သားနဲ့ကျွန်​​တော့်​ကိုသ​ဘောမတူနိုင်​ပါဘူးဆိုပြီးထိုးလွှတ်​လိုက်​သည့်​ ​ယောက္ခမ​လောင်းက
ဒီ​နေ့ကျ​တော့ ​ကောက်​ကာငင်​ကာဖြင့်​ သူ့သားကိုလည်း
ကြိုတင်​အ​ကြောင်းကြားခြင်းမျိုးမရှိပါပဲ
ရုတ်​တရက်​အိမ်​​ရောက်​ချလာသည်​...။

သူ့သားပါးစပ်​က​နေ လက်​ထပ်​ချင်​ပါတယ်​လို့​ပြောလာတဲ့အထိ သူ​တော်​စပ်​ရမယ့်​ သားမက်​က ဘယ်​လိုဘယ်​ပုံလူစားလဲ ဆိုတာ လာကြည့်​တာပါတဲ့..။
နာမည်​ဘယ်​လို​ခေါ်လဲ မိဘ​တွေက ဘာလုပ်​လဲ စသဖြင့်​ ​အ​ခြေခံ​မေးခွန်း​တွေက​နေတစ်​ဆင့်​ မင်းတို့နှစ်​​ယောက်​ လက်​ထပ်​မယ်​လို့ တစ်​ကယ်​ ဆုံးဖြတ်​ထားတယ်​ဆိုရင်
တော်​ရုံတန်​ရုံစိတ်​ဓာတ်​မျိုးနဲ့မရဘူး ဆိုတဲ့အထိ သြ၀ါဒ ​ပေါင်း​မြောက်​မြားစွာ ​ခြွေကာ သားဖြစ်​သူရဲ့သ​ဘောတူတာလားဆိုသည့်​ ​မေးခွန်းကို မသိချင်​​​ယောင်​​ဆောင်​ကာ
ပြန်သွား​လေသည်​..။

Painter ( Mature mood ) CompletedWhere stories live. Discover now