Part 👬 1 👬

592 30 3
                                    

အိမ်တွင် တပ်ထားသော Audio Soundbox မှ တီးလုံး သံစဉ်များ ငြိမ့်ညောင်းစွာ ထွက်ပေါ်နေသည်။
သံစဉ်နဲ့ အညီ လက်တစ်စုံ က ပိတ်သားဖြူ ထက်ဝယ် လှပစွာ ကခုန်နေသည်။ ပိတ်သား ထက်နေရာ ယူထားသည်ကား နေကြာပန်းခင်း ထဲတွင် ပျော်မြူးနေသော အဖြူရောင် နတ်သမီးလေး တစ်ပါး။

ရှောင်ကျန့် ပန်းချီဆွဲခြင်း အလုပ်ကို လက်စသတ်၍ ပြတင်းပေါက်မှ ခြံထဲသို့ လှမ်းကြည့်လိုက်သည်။
အနုပညာ သမား တစ်ယောက် သူ့အတွက် ပန်းရောင်စုံ စိုက်ပျိုးထားသော ခြံဝန်းထဲမှ တိုက်ပုဖြူလေး သည် သူ့စိတ်ကူး စိတ်သန်းများ မွေးဖွား ပေးရာနေရာ ဖြစ်သည်။
အချိန်မစော တော့သောကြောင့် အပန်းဖြေနေအိမ် တစ်နည်း ပန်းချီဆွဲရာ အလုပ်ရုံမှ အိမ်သို့ပြန်ခဲ့သည်။ ညနေ ကျ လျှင် ပန်းချီကား ရောင်းရသည့် အထိမ်းအမှတ် အနေဖြင့် အိမ်တွင် ပါတီပေးဖို့ရှိသည်မို့ အမှီပြန်ရမည် ။

ငွေရေး ကြေးရေးက မိဘ နှစ်ပါးဆီက လစဉ် လုံလောက်စွာ ရနေသည်မို့ ပန်းချီကားရောင်းရတိုင်း ထိုပိုက်ဆံများ ဖြင့် သူ ပါတီပေးလေ့ရှိသည်။
အဓိက က သူ သည် အဖော်မက်သည်။ အပေါင်းအသင်းမက်သည်။
အိမ်တွင် တယောက်ထဲ ရှိကျန်နေသည်ကို သေလောက်အောင် မုန်းသည်။ ထို့ကြောင့် သူ့အိမ်တွင် တစ်ပတ်တခေါက်ပါတီရှိသည်။ အထီးကျန်ခြင်း ကို မုန်းတီးသူ ဖြစ်ရာ ရည်းစားများကာ ညအိပ်ဖော်လဲများသည်။ သည်ည သူ့ပါတီ ကို လက်ရှိတွဲ ဖြစ်နေသော Model ဝမ်ချင်းက အိမ်မှာ အဆင်သင့် ပြင်ပေးထားသည် ကို ဆင်နွဲရုံပင်။
'' ဝေ ဘရာသား ပြန်ရောက်ပြီလား
ဧည့်သည် ကအိမ်ရှင်ကို ပြန်စောင့်နေရတဲ့ အဖြစ် အထဲမှာ လူစုံနေပြီ '' အိမ်ရှေ့ ကားရပ်ပြီး ချင်း ဝမ်နင်မှလာ နူတ်ဆက်သည်။ ဝမ်နင်သည် သူ၏ သူငယ်ချင်း ဖြစ်သလို ဝမ်ချင် ၏ မောင်လေး လဲ ဖြစ်သည်။
အိမ်ထဲ ရော ခြံဝင်းထဲတွင် လူငယ်များ အပြည့် ။ အနက်ရောင် dress ဖြင့် လှပနေသော ဝမ်ချင် က BBQ ကင်နေရာမှ ရှောင်ကျန့်နားလာကာ
''ကျန့်ကျန့်လေး ဗိုက်ဆာ နေပြီလား မ အကုန် ပြင်ထားတယ် ''
'' မ ရော ''
'' နှစ်ယောက်အတူ ညစား ဖို့ အခွင့်အရေး ကို မ က လက်လွတ်မယ်များ ထင်နေလား ဟင်း ဟင်း ''
'' မ ကလေ ဒီက လူကို ကြွေနေအောင် အမြဲလုပ်နေတာပဲ ဗျာ ''
''မွ''
နှုတ်ခမ်းလေးကို ထိရုံ နမ်းလိုက်တာကိုပင် မ မှာ အရှက်ပိုကာ ပါးပြင်လေး နီလာသည် အထိ။
မ သည် အရှက် အကြောက် ကြီးသည်။ သူ့ကို ချစ်လွန်း၍ သာ ညဖက်အိမ် မှာလာပြင်ဆင်ပေးခြင်းပင်။ သို့သော် ဘယ်သော အခါမှ ညမအိပ် ။ ရှောင်ကျန့် သည် လဲ မ အကြောင်း သိ ၍ တခါမျှ မတောင်းဆို ဖူးပေ ။ ဒါကိုပင် ဝမ်ချင် ဆိုသော သူ၏ နတ်သမီး မမ က သူမရှိနိုင်ပေးသည့် ည အိပ်ဖော်နေရာ ကို ရှောင်ကျန့် ဘယ်သူ့ခေါ်လာခေါ်လာ မမြင်ချင်ယောင်ဆောင် ပေးတတ်သည်။ ထိုသို့ စိတ်ထားနူးညံ့ သော မ ကိုသာ သူ့ဘဝ လက်တွဲဖော် အဖြစ် ရည်ရွယ်ထားသည်။
ရှောင်ကျန့်၏ ညအိပ်ဖော် များသည် လည်း နယ်နယ်ရရ တယောက်မှမပါ ပေ။ သူ့နေရာ သူ့နယ်ပယ်တွင် နာမည်ရှိသော မိန်းကလေးများသာ။ အချစ်ကံကောင်းလှသော ယုန်ဖြူလေး ကျန့်ကျန့် အတွက် သာ ချစ်လွန်းကြ၍ အားလုံး မသိချင်ယောင်ဆောင်ကာ တစ်ချို့က သူငယ်ချင်း များ မိတ်ဆွေ များ ပင် ဖြစ်နေကြသေးသည်။
ယခု ပါတီ ထဲတွင်တောင် ဆယ်ယောက်ထက် မနည်း ရှိသည် ။ ရှောင်ကျန့်သည် စိတ်ရှုပ်ရသည် ကို မကြိုက်၍ သူ၏ ညအိပ်ဖော်လေး များသည် ပြသနာ မပြုရဲပေ။

NamelessWhere stories live. Discover now