Part 👬2👬

331 22 3
                                    

Unicode​

လေပြေညင်းလေး တစ်ခုက

ဥယျာဉ် ထဲမှာစိုက်ထားတဲ့ ပန်းလေးတွေရဲ့ ရနံ့ ကို ယူဆောင်ပြီး နန်းတော် အဆောင် တစ်ခုထဲကို တိုးဝင် တိုတ်ခတ်သွားလေသည်။
ထိုလေပြေညင်း သည် အဖြူရောင် ပဝါ စများကို လွန့်လူးစေကာ သလွန်ပေါ်၌ လဲလျောင်းနေသော သခင်လေး ကို နိူးမိစေလေသည် ။
ရှောင်ကျန်း သည် သူ့ပါးပြင်ပေါ်သို့ လာရောက် ကလူ သော ပဝါ စဖြူဖြူ ကြောင့် နိူးလာလေသည် ။

"ဝိုး မွှေး လိုက်တာ ပန်းအနံ့ တွေက''

အဖြူရောင် အစ များဖြင့် တန်ဆာ ဆင်ထားသော အခန်း အခြေအနေ ကို ကြည့်ကာ
'' ငါ သေပြီး လို့ နတ်ပြည်လမ်းမှား ပို့လိုက်လား မသိ ငါနတ်ပြည်ရောက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တာ ကြီး အင်း း ''

"ကြင်ယာတော် ဝေ့ နိူး လာပြီလား
ဘာများအလိုရှိပါသလဲ ''

ရှောင်ကျန်း သူ ထ ထိုင်မိသည်နဲ့ ဘေး သို့ ရုတ်တရက် ရောက်လာကာ စကားပြောသော ပန်းရောင်ရှေးဝတ်စုံဖြင့် ကောင်မလေး ကို မြင်ရာ

ရှောင်ကျန်း
*ငါ့ ည အိပ်ဖော်များလားငါ မူးပြီး ​အဆင့်​​မြင့် အပန်းဖြေအိမ်(ပြည့်တန်ဆာ အိမ်) များရောက်နေတာလား *

" မင်း နာမည်က?''

"နာမည် မရှိပါဘူး ကြင်ယာတော်ဝေ့ အစေခံ နံပါတ် ၁ ပါ ''

(နာမည် မှတ်ရ ပျင်းလွန်း၍ အစေခံများကို နံပါတ်စဉ် တပ် ကာ ခေါ်လေ့ရှိသော ကြင်ယာတော်ဝေ့ ကြောင့် သူမ ၏ နာမည်အရင်း ပင်မေ့လုလု ပင် ဖြစ်နေသည်။ )

"ကြင်ယာတော်ဝေ့ ဆိုတာ ဘယ်သူ့ကို ပြောတာလဲ ဒီအခန်း မှာ မင်း နဲ့ ငါ နှစ်ယောက်ထဲ ရှိတာလေ ''

" ကြင်ယာတော်ဝေ့ အရှင့် ကို ခေါ်တာလေ ရေကန်ထဲ ပြုတ်ကျ လို့ ဦးနှောက်များထိခိုက်သွား သလား အရှင် ကျွန်တော်မျိုး မ သမားတော် ပင့် ဆောင် လာခဲ့ပါမယ် "

ဟု ဆိုကာ ခပ်သုတ်သုတ် ပြေးထွက်သွားလေသည်။

တစ်အောင့် ကြာသော အခါ ဆေး သေတ္တာ ကိုင်လာသော လူတစ်ယောက် နှင့် စစ်ဝတ် သံချပ်ကာ ဝတ်ဆင်ထားသော မျက်နှာ​​သေ ဖြင့် လုလင်ပျို တ်ို့နှင့် အတူ ပြန်ဝင်လာလေသည် ။

NamelessDonde viven las historias. Descúbrelo ahora