Part 👬4👬

385 21 4
                                    

Unicode

*ငါ ဒီကို ရောက်လာတာ အကြောင်း တစ်ခုခုတော့ ရှိရမယ်
ပြစ်ဒါဏ်လား ဆုလာဒ် လား တာဝန်တခုလား.......
အရင်ဘဝ က ငါက သေဆုံးသွားပြီလား.....
အခုဘဝ က ခန္ဓာပိုင်ရှင် ရဲ့ ဝိဉာဥ် က ဘယ်ရောက်နေလဲ.........*

စစ်သူကြီးဝမ် တစ်ယောက် ဥယျာဥ် ထဲတွင် ငေးနေတွေးနေတဲ့ သူ့ကြင်ယာတော်ကို ပြန်စိုက်ကြည့်နေလေသည်။

ရှောင်ကျန့်တစ်ယောက် တွေးနေငေးနေရင်း မျက်နှာချင်းဆိုင်မှ အကြည့်စူးစူးကြောင့် မျက်လွှာချကာ ခေါင်းငုံ့မိသည်။

*အားးရှ်
ငါက..
တွေးနေတာလေ
မင်းကိုငေးနေတာ
မဟုတ်ဘူးဟ
ဘာ ကိစ္စ
ငါက
... ကောင်မလေး ရှက်သွေးဖြာသလို
နေနေရတာလဲ *

"ကြင်ယာတော်ဝေ့ ကိုယ်တော်ပြောစရာ ရှိလို့ ကျန်တဲ့သူတွေ ထွက်သွား''

"အမိန့်အတိုင်းပါ အရှင်''

"ကြင်ယာတော်ဝေ့
ငါတို့ အိမ်တော်ပြောင်းနေရမယ်
လက်ထပ်ပြီး နေဖို့ မင်းကြီးက အဆောင်တော် ချီးမြှင့်ထားတာ
လိုအပ်တာတွေ ပြင်ဆင်ထားပါ
မင်း လိုအပ်တာ အဆင်မပြေတာရှိရင် ပြော...
ငါတို့ အေးအေးဆေးဆေး စကား မပြောဖူးကြဘူးမလား ...''

"အာာ...
ငါ တစ်ခုပြောချင်လို့
ငါ့ ကြင်ယာတော်ဝေ့လို့ မခေါ်ပါနဲ့
မိန်းမဆန်သလို ခံစားရလို​့
မင်း ကို အရှင် လို့လဲမခေါ်ချင်ဘူး
ပြီးတော့
လက်ထပ်ထားတယ် ဆိုပေမဲ့
မင်းရောငါရော ယောကျ်ားလေး
သူငယ်ချင်း ပေါင်းသလို ပေါင်းလို့ရတယ်မလား
ပြီးတော့
ငါ က အလုပ်မရှိဘူးလား
တစ်နေ့ တစ်နေ့ အိပ်လိုက် စားလိုက်
မနေချင်ဘူး
ငါ မင်းရဲ့ ကြင်ယာတော် တစ်ပါး
အနေ နဲ့ ဘာတာဝန်တွေ လုပ်ရမလဲ ရှင်းပြ သင်ပေးပါ...''

အရင်က စကား တစ်ခွန်းတောင် မပြောရဲသော ကောင်လေး ဆီမှ စကား အများကြီး ကြားရသော အခါ ဝမ်ရိပို တစ်ယောက် အ့ံသြ သွားသော်လည်း
မျက်နှာ ကတော့ ပြောင်းလဲခြင်း မရှိ။

* ဒီကောင်လေး တော်တော် ပြောင်းလဲ သွားပါလား * ဟု တွေးမိလေသည်။

"ဟုတ်ပြီလေ လူကြီး တွေရှေ့မဟုတ်ရင် ဝမ်ရိပို လို့ပဲ ခေါ်ပါ
မင်းကိုလဲ ဝေ့ဝူရှန်း ပဲခေါ် မယ်....
ငါ့ရဲ့ ကြင်ယာတော်အနေ နဲ့ လုပ်စရာ တာဝန် ရယ် လို့တေ့ာ မရှိပါဘူး
ဒါပေမဲ့ ငါ့ဆီက သင်ယူစရာ ဆိုရင်
စစ်မက်ရေးရာ နဲ့ ကိုယ်ခံပညာ ပဲရှိ တယ်...
မင်း စိတ်ဝင်စား ရင်.....''

You've reached the end of published parts.

⏰ Last updated: Apr 28, 2020 ⏰

Add this story to your Library to get notified about new parts!

NamelessWhere stories live. Discover now