အပိုင်း၁၄

8K 524 15
                                    

ရှောင်ကျန့်အိပ်ရာနိုးတော့မိမိဘေးတွင်အိပ်နေသောရိပေါ်ရဲ့ဆံပင်လေးတွေကိုသိပ်လိုက်သောအခါ
နိုးလာသောကောင်လေး

'sorryရိပေါ်ကိုယ်ကြောင့်နိုးသွားတာလား'

'ဟင့်အင်း'

မိမိအားသွားဖြူလေးတွေပေါ်အောင်ရယ်ပြနေသောရိပေါ်

'ငါရိပေါ်ကိုချစ်မိသွားတာလား'

ကိုယ့်ကိုကိုယ်မေးနေသော်လည်းထိုမေးခွန်းအတွက်အဖြေကိုအခုချိန်ထိရှာမတွေ့သေးပေ

ဒါပေမယ့်ရှောင်ကျန့်ရိပေါ်ကိုမုန်းနေမှာတော့မဟုတ်ဘူး

.................................

စိတ်ရှည်ရှည်နဲ့ထမင်းခွံကျွေးနေသောရှောင်ကျန့်ကိုရိပေါ်ကြည့်ကာမျက်ရည်ဝဲလာမိသည်

ကိုကို.........ကျွန်တော်ရဲ့ချစ်ရတဲ့ကိုကို............
ကျွန်တော့်နှလုံးသားထဲကကိုကို

ရှောင်ကျန့်ရိပေါ်ကိုမနက်စာခွံကျွေးနေချိန်မျက်ရည်များဝဲကာမိမိအားကြည့်နေသောရိပေါ်ကြောင့်

'ရိပေါ်ဘာဖြစ်လို့လဲ'

'ကိုကို့ကိုလွမ်းတယ်'

ဒီစကားကအလိမ်အညာမဟုတ်တွေ့နေရပေမယ့်ကိုကို့ကိုထပ်တွေ့ချင်တယ်ကိုကိုကဆားငန်ရေလိုပဲသောက်လေသောက်လေငတ်မပြေသလိုပဲ

'စားကောင်းလား'

'ommm'

ပုတ်သင်ညိုအရှုံပေးရလောက်အောင်ခေါင်းညိတ်နေသောရိပေါ်ကြောင့်ရယ်နေမိသည်

*ကိုကိုအမြဲအဲ့လိုလေးရယ်နေပေးပါကိုကို့အပြုံးလေးတွေကိုကျွန်တော်ချစ်တယ်ကိုကိုနှုတ်ခမ်းကိုကိုမျက်လုံးကိုကို့ရဲ့အရာအားလုံးကိုကျွန်တော်ချစ်တယ်ကိုကိုကျွန်တော့်ကိုမချစ်နိုင်ရင်တောင်မှပေါ့*

'ငါမင်းကိုအရမ်းမုန်းတယ်ရိပေါ်'

ကျွန်တော်ဆီကကိုကိုထွက်မသွားခင်နှင့်ကိုကို့ကိုပြန်တွေ့တဲ့အချိန်ကိုကိုပြောလိုက်တဲ့စကားတွေကိုကျွန်တော်ပြန်ကြားနေမိသည်

မှတ်ညာဏ်ထဲကကိုကိုစကားလုံးတွေမိမိအားကျောခိုင်းထားသောကိုကို့ပုံရိပ်တွေကကျွန်တော့်ကိုပိုဝမ်းနည်းစေတယ်

Now your turn(zawgyi and unicode)completeWhere stories live. Discover now