'ကျွန်တော်ရိပေါ်ကိုချစ်တယ်ဒါကြောင့်fanတွေကျေနပ်တဲ့အထိတောင်းပန်မယ်'
'ဒါကမင်းရွေးချယ်တာပဲငါဘာမှမပြောတော့ပါဘူး'
'ဒါဆိုကျွန်တော်ရိပေါ်ဆီသွားလိုက်အုံးမယ်နော်'
'ရိပေါ်ကိုယ်လာပြီနော်'
'ရိပေါ်'
မိမိသာခေါ်နေပေမယ့်ဘာအသံမှထွက်မလာသောအခန်းငယ်လေး'ရိပေါ်……ဟင်!!'
စားပွဲပေါ်မှာတင်ထားတဲ့စားရွက်အပိုင်းအစလေး
'ကိုကို
ကျွန်တော်တောင်းပန်ပါတယ်
ကိုကို့ဘာကိုရွေးချယ်မလဲဆိုတာကျွန်တော်မသိပေမယ့်
ကျွန်တော်တောင်းပန်ပါတယ်
မနေ့ကကိုကို့သတင်းတွေကျွန်တော်ကြားခဲ့တယ်ကိုကို့fanတွေအကြောင်းကော
ကျွန်တော်သိပါတယ်ကိုကိုကြိုးစားခဲ့ရတာတွေကိုကိုစွန့်လွှတ်ခဲ့ရတာတွေ
ကျွန်တော့်လိုဘာမဟုတ်တဲ့လူတစ်ယောက်အတွက်ကိုကို့အိမ်မက်တွေကိုမစွန့်လွှတ်သင့်ဘူး
ကျွန်တော့်ကြောင့်ကိုကိုထိခိုက်မှာမလိုလားဘူး
ကျွန်တော်လွန်ခဲ့တဲ့ခြောက်နှစ်ကကောအခုထိပါကိုကို့ကိုစိတ်ဒုက္ခတွေပေးခဲ့မိတယ်တောင်းပန်ပါတယ်ကိုကို
အခုလိုကျွန်တော့်ကိုချစ်ပေးတဲ့အတွက်ကျေးဇူးပါနော်
ကျွန်တော်အရမ်းချစ်တယ်
ကိုကို့ရဲ့ရိပေါ်'ရှောင်ကျန့်စာဖတ်လို့အပြီထိုစာရွက်လေးကြမ်းပြင်ပေါ်သို့ကျသွားသည်
မဟုတ်ဘူး………ကိုယ်အဲ့လိုဖြစ်ချင်တာမဟုတ်ဘူး………ကိုယ်တို့နှစ်ယောက်အတူတူရင်ဆိုင်ဖို့စိတ်ကူးခဲ့တာလေ'
ဘာလို့လဲ……မင်းထွက်သွားမယ်ဆိုငါ့ကိုချစ်မိအောင်လုပ်ခဲ့တာလဲကွာ
ကိုယ်တို့အခုမှအဆင်ပြေခဲ့တာလေ
လွန်ခဲ့တဲ့ခြောက်နှစ်ကကိုယ်ထွက်သွားလို့ထွက်သွားတာလားရိပေါ်
ကိုယ်တောင်းပန်တာမလို့ ဒါကြောင့်မို့ပြန်လာခဲ့ပါရိပေါ်
ကိုယ်တောင်းပန်ပါတယ်
ပြန်လာခဲ့ပါရှီးချန်ကောကိုဖုန်းဆက်မေးပေမယ့်ရေရေရာရာမသိဘူးထွက်သွားပြီလို့သာပြောသည်
YOU ARE READING
Now your turn(zawgyi and unicode)complete
Fanfictionဝမ်ရိပေါ် ငါကအရင်တုန်းကမင်းအနိုင်ကျင့်တိုင်းခံခဲ့ရတဲ့သူမဟုတ်တော့ဘူးအတုံ့အလှည့်ဆိုတာရှိတယ်ဒီတစ်ခါတော့မင်းအလှည့်ပဲ (ရှောင်ကျန့်) အရင်တုန်းကကောအပေါ်လုပ်ခဲ့မိတာတွေအတွက်ကျွန်တော်တောင်းပန်ပါတယ်ကောကျွန်တော်ကောကျေနပ်အောင်ကျွန်တော်လုပ်ပေးပါ့မယ်ကော (ဝမ်ရိပေါ်)