Chapter6

4.9K 523 20
                                    

[zawgyi

" ဒယ်ဒီ မသွားနဲ့လို့ဆိုနေ အီးဟီး "

ကျောင်းမှ လေ့လာရေးခရီးထွက်ဖို့ အဝတ်ထည့်နေတဲ့  TaeHyungဘေးနားကို လာပြီး ဂျီကျနေခြင်းဖြစ်သည်။

TaeHyungဆိုသည်ကလည်း သူ့ ကောင်လေး… အင်း… အခုတော့ ကောင်လေးမဟုတ်ပေမဲ့ အနာဂတ်ကောင်လေး မျက်နှာ ညိုးရင်တောင် စိတ်ခုတာ။ အခုလို ငိုယိုနေတော့ သူပါမျက်ရည်ဝဲနေပြီ။

အချစ်ငှက်နှစ်ကောင်ရဲ့ love secenကို ဆိုဖာပေါ် ငုတ်တုတ်ထိုင်ကြည့်နေတဲ့ Jiminကတော့ဖြင့် လင်စိတ်သားစိတ်ပါ ပျောက်နေပြီဖြစ်သည်။

" KooKooကလည်း လိမ္မာပါတယ်နော် Daddyက ကျောင်းကထွက်တာမို့ သွားမှဖြစ်မှာလေ "

" KooKooကို တစ်ယောက်တည်းထားခဲ့မှာလားလို့ ဟင့် ဒယ်ဒီ အီးဟီး မသွားပါနဲ့ဆိုနေ KooKooတကယ် သတ်သေမှာနော် "

အိတ်ဆွဲပြီး အပြင်ထွက်ရန်လုပ်နေတဲ့ TaeHyungကို KooKooက အနောက်ကနေဖတ်ပြီး ငိုယိုကာပြောနေသည်။ KooKooက တစ်ယောက်တည်းနေရမှာဆိုတော့ မသိရင်ပဲ သူက လူမဟုတ်တာကြလို့။ ဟိုမသာကောင်ကလည်း သက်သက်ကလေးကို စနေတာ ခရီးသွားရမှာက မနက်ဖြန်မှ စောက်ပိုတွေ လုပ်နေရော။

" KimTae မင်းကလေးကို အငိုရှာမနေနဲ့ ငါလည်းနားတွေပေါက်ထွက်တော့မယ် "

" ကြက်ကောင် သွားသွား နားညှီးလည်း အခန်းထဲသွားနေ "

ခွေးကောင်! အစ်ကိုဖြစ်သူကို ကပ်ကပ်လန် ပြန်ရန်တွေနေတဲ့ ညီစုတ်ကို လက်ခလယ်ထောင်ပြကာ ထွက်လာလိုက်သည်။ သေချင်းဆိုးလေး! ကောင်းကျိုးကိုမပေးဘူး။

" KooKoo မဆိုးရဘူးလေနော် "

" ဒယ်ဒီကအခုkookooကို ဆိုးတယ်လို့ပြောနေပြီ KooKooကိုမချစ်တော့ဘူးမလား ရတယ် ရတယ် Daddy မချစ်တော့ရင် KooKooလည်း အိမ်ကထွက်သွားမှာ "

တကယ် စိတ်မကောင်းသလိုပုံလေးနဲ့ ပြောကာ သူ့ခါးဝယ် ရစ်သိုင်းထားတဲ့ လက်လေးတွေကို ဖြုတ်ချလိုက်တော့ သူရင်ထဲမှာ နင့်ကနဲ။ ဒီကောင်လေးကို သူသိပ်ချစ်တာ သိရဲ့သားနဲ့ သက်သက်ချွဲနေတာ။

" KooKooထွက်သွားရင် Daddyက မိန်းမယူလိုက်မှာ! "

" Daddy!! KooKoo စိတ်တကယ်ကောက်သွားပြီ လာမခေါ်နဲ့ "

Limited Edition ( Completed )Where stories live. Discover now