Chapter17

5.5K 449 36
                                    

(zawgyi)

" Taeစိတ်ဆိုးနေတုန်းလားလို့ "

ကားမောင်းနေတဲ့သူ့ကို ဘေးမှလက်လာဆွဲကာ နှုတ်ခမ်းဆူပြနေသည့် သူ့ကောင်လေးကို မသိချင်ယောင်ဆောင်နေလိုက်သည်။ သူ့ဘက်က ကြည့်လည်းစိတ်ဆိုးသင့်တယ်မလား။ မင်္ဂလာပွဲမှာ အားလုံးက နှုတ်ခမ်းကို နမ်းပါလို့ပြောနေတာကို ပါးပဲအနမ်းခံတဲ့ လူကြီးပေါက်စကို တကယ်ကြည့်မရပေ။

" Taeချစ်တယ်လေနော် အများကြီးပဲ "

ဘေးနားကနေ ချစ်စရာ အမူအရာတွေလုပ်ပြနေသော လူကြီးပေါက်စကို လျစ်လျှူရှုလိုက်ပြီး ကားကို ကမ်းခြေဆီသို့ဦးတည်ထားသည်။ ညတည်းက ဟန်းနီးမွန်းထွက်မယ်လို့ပြောတာတောင် အရေးကြီးလူနာရှိလို့ မနက်မှထွက်ပါမည်တဲ့လေ။

" Taeရေ ကိုကို့ကိုမချစ်ဘူးလားဟင် "

" အံမာ လူကကြည့်တော့ဖြင့် သေးသေးလေး ဘာကို ကိုကိုလည်း "

" မောင် ကလည်း "

မောင် ဟူသည့် အသုံးနှုန်းအောက်မှယ သူ့နှလုံးသားက ကုန်းကောက်စရာမရှိလောက်အောင်ကိုပင် ပျံ့ကြဲသွားသည်။ မျက်လုံးဝိုင်းဝိုင်းလေးတွေနှင့် ဆူထော်ထော်နှုတ်ခမ်းလေးနဲ့ စကားပြောနေတဲ့ပုံက အလယ်တန်းကျောင်းသားအလား။

" မခေါ်လည်းနေတော့ ငါလည်းစိတ်ဆိုးတယ် "

သူ့ဘက်က တုံ့ပြန်သံမကြားတော့ စိတ်ဆိုးကာ ပြတင်းပေါက်ဘက်မျက်နှာလှည့်ပြီး ထိုင်ခုံကို အနောက်သို့ လှန်ချလိုက်သည်။ ၀တ်ထားသည့် အနွေးထည်ပါးပါးကို လုံးကာ ခေါင်းအုန်ူလုပ်ပြီး အိပ်နေသည်။

တစ်ဖက်ကို ကွေးကာ အိပ်နေသည်မို့ တင်ပါးလုံးလုံးက ပိုလို့တောင် ကြီးနေသယောင်။ ကျစ် ဒီလူက စကားလည်းနားထောင်တာမဟုတ်။

ကမ်းခြေနားမရောက်ခင် ကားကို လမ်းဘေးတစ်နေရာသို့ ထိုးရပ်လိုက်သည်။ ကားပေါ်မှ ဆင်းလိုက်ပြီး တစ်ဖက်ခြမ်းကိုသွားကာ ကားတံခါးဖွင့်လိုက်သည်။ အိပ်နေပုံက တကယ်ကို ပုစွန်ထုပ်လေးအတိုင်း ကွေးကွေးလေး။

" Babe ထ "

အိပ်ချင်ယောင်ဆောင်နေသော လူကြီးလေးကို လှုပ်နိုးလိုက်သော်လည်း မျက်လုံးတို့က ပွင့်မလာတာကြောင့် ခါးအောက်ထဲလက်လျှိုကာ ဆွဲပွေ့လိုက်သည်။ ထိုအခါမှ တဖြည်းဖြည်းပွင့်လာတဲ့ မျက်လုံးလေူက ပုတ်ခတ်ပုတ်ခတ်နှင့်။

Limited Edition ( Completed )Where stories live. Discover now