Trouble i'm In [1]

8.4K 340 11
                                    

Unicode 📃

နှလုံးသားနဲ့ ခံစားပြီး ကျွန်တော်ချစ်ခဲ့သော်လည်း အချည်းနှီးပင်..။

သူမသည် ကျွန်တော်နှင့် ဝေးရာကိုထွက်ခွာသွားသည်။
သူမ၏ အပြစ်ကင်းစင်ဟန် ထင်ပေါ်နေသော အပြုံးတို့သည် ကျွန်တော့်အား ဆွဲဆောင်နိုင်ရန် ပြင်ဆင်ထားသော သူမ၏ လက်နက် တစ်ခု..။ မည်သို့ မဆို ကျွန်တော့်အား မည်မျှမပြောပဲ ထိုအပြုံး လေးများဖြင့်ထားသွားခဲ့သည်။ ကျွန်တော် မယုံကြည်တော့ပါ..အချစ်ဆိုသောအရာသည် ကြောက်စရာပင် မဟုတ်ပါလော..။

ကျစ်...

ဘယ်ဘက်ရင်ဘက် တွင် စူးခနဲ နာကျင်မှုကြောင့် အမှုမဲ့မမှတ်မဲ့ပင် လက်ဖြင့်ရင်ဘက်ကို ဖိမိလိုက်သည်။ သူ၏ ဆယ်လှမ်း ကွာကွာ ရှိ ကျွန်းစားပွဲပေါ်တွင် တင်ထားသော အဖြူရောင် ဆေးဘူး ကို ယူရန်အတွက် ဝှီးချဲ ဘီးအား လက်ဖြင့် အားယူပြီး တွန်းနေမိသည်။

အဆက်မပြတ် နာကျင်နေသော ရင်ဘက်ကို ဥပေက္ခာပြုရန် ကြိုးစားသော်လည်း သူ၏ရင်ဘက်ကြီး တစ်ခုလုံးကို ဆွဲစုတ်ထားသလို ခံစားနေရသောကြောင့် နှာဖူး၌ပင် ချွေးတစ်ချို့ထွက်လာသည်။ ဆေးဘူး ကို လှမ်းယူရန် အားပြုခိုက် လက်ဖြင့်ထိမိပြီး လက်ထဲသို့မရောက်မီ ဆေးဘူးသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျကုန်သည်။ ဆေးအချို့ ပြန့်ကျဲ ကုန်သော်လည်း မခံစားနိုင်တော့သော ဝေဒနာကြောင့် ဝှီးချဲ ပေါ်မှ ခုန်ဆင်းလိုက်ကာ ကြမ်းပြင်တွင် ဒရွတ်တိုက်ဆွဲရင်း ဆေးတစ်လုံးကို ကောက်မျိုလိုက်သည်။

ထိုနောက် ကြမ်းပြင်တွင် လှဲကာ အသက်ပြင်းပြင်းရှူထုတ်လိုက်သည်။

"မင်းထားသွားတာ ကိုယ့်ရဲ့ဒီလိုအရာတွေကြောင့်မလား"

စကားတစ်ခွန်းကို ခပ်တိုးတိုး ပြောရင်း ဝဲတက်လာသော မျက်ရည်တွေကို အပြင်သို့ မထွက်သွားစေရန်အလို့ငှာ မျက်စိမှိတ်ထားလိုက်သည်။

"အမလေး..!! ယောင်းသခင်လေး..ယောင်းသခင်လေး..!"

လှေကားထစ်မှ ပြေးတက်လာသော အိမ်တော်ထိန်း ဒေါ်လေး၏ အသံကြောင့် အခြားသော Maid ကောင်မလေးများ ပြေးတက်လာကြသည်။ အိမ်တော်ထိန်းက အတင်းပြေးလာကာ ပြန့်ကျဲနေသော ဆေးများကြားမှ လှဲနေသော ကင်မ်ထယ်ယောင်းအား ထူလိုက်သည်။ ထိုနောက် ဝှီးချဲအားဆွဲယူပြီး ကင်မ်ထယ်ယောင်းအားမကာ..

𝚃𝚛𝚘𝚞𝚋𝚕𝚎 𝚒'𝚖 𝚒𝚗 //𝚔𝚝𝚑 : 𝚓𝚓𝚔Where stories live. Discover now