t w o

2.6K 268 10
                                    

Unicode

"ကျွန်တော် ကုမယ် အဖေ နဲ့ အမေ"

မနက်ခင်း ထမင်းဝိုင်း မှ ထွက်ပေါ်လာသော ထယ်ယောင်း၏ စကားသံသည် မိုးပေါ်က ရတနာမှာ ကြွေကျလေသည့်အလား သူ၏ အဖေ နှင့် အမေကို အံ့
သြစေသည်။

ထယ်ယောင်း အမေချက်ချင်းထရပ်လိုက်ပီး ထယ်ယောင်းဆီ လျှောက်လာကာ ဖက်လိုက်သည်။
ထယ်ယောင်း အဖေက ထယ်ယောင်းကိုကြည့်ကာ ပြုံးသည်။

"နောက်ဆုံးတော့ ငါ့သားဆုံးဖြတ်ချက် အမှန်ချခဲ့တာပဲ "

"ဒါပေမယ့် အဖေ..ကျွန်တော့် အတွက် ဘေးနားမှာ အချိန်ပြည့်နေပေးမယ့် အကူ မလိုချင်ဘူး "

ထယ်ယောင်းစကားကြောင့် ထယ်ယောင်း အဖေ က ကော်ဖီသောက်ရင်း ကြည့်လိုက်သည်။

"ဒါပေမယ့် ငါ့သား မင်း အတွက် အကူမလိုဘူးဆို မင်း အရေးကြီးအကြောင်းကြီး အတွက်တို့ ဘာတို့အတွက် ကရော"

"ရပါတယ်..ကျွန်တော်က အောက်ပိုင်းပဲသေတာပါ အဖေ လက်နှစ်ဖက် မသေသေးပါဘူး"

ထယ်ယောင်း အဖေ မပြောတော့..ပြောလည်း မထူးပေ။

"အင်း...အဖေ စီစဉ်ပေးပါ့မယ်..ဒါဆို သားမနက်ဖန် ဆေးရုံသွားဖို့အတွက် အဝတ်အစားတွေ အိမ်တော်ထိန်းကို ထည့်ခိုင်းလိုက်မယ်"

"ဟုတ်"

ခဏနေတော့ ထမင်းဝိုင်းတိတ်ဆိတ်သွားသည်။ ထယ်ယောင်းအမေ က ထယ်ယောင်း အဖေ ခြေထောက်ကို ထိကာ မျက်မှောင်ကြုတ်လိုက်သည်။

ထယ်ယောင်း အတွက် ဘေးမှာ အကူမရှိလို့မဖြစ်ပေ..။
သူ့ရဲ့သားက အပြင်ပန်းသာ မာကြောတာ စိတ်ထိခိုက်လွယ်သည်။ အကူ တစ်ယောက်တော့ သူထားချင်သည်။

______

မွန်းဆေးရုံကြီးရှိ VIP အခန်း တစ်ခန်းတွင်

"သားလေး အဆင်ပြေလား ဒီမှာနေလို့.. "

မှန်အပြည့်ကာထားသော အပြင်ဘက်သို့ ဝှီးချဲပေါ်မှ ထယ်ယောင်း လှမ်းကြည့်လိုက်သည်။ နေရောင် အချို့က သူ၏မျက်နှာ ကို ဖွဖွလေး ကျရောက်နေသော်လည်း အထပ်၃၀ မှ မြင်ရသော အပြင်ဘက်မြင်ကွင်းကို ထယ်ယောင်း နှစ်သက်သည်။

𝚃𝚛𝚘𝚞𝚋𝚕𝚎 𝚒'𝚖 𝚒𝚗 //𝚔𝚝𝚑 : 𝚓𝚓𝚔Where stories live. Discover now