s i x

1.6K 223 19
                                    

Unicode <<

ထယ်ယောင်း အမြဲသံသယဝင်မိနေတာက သူနိုးတိုင်း သူ့ဘေးရှိ စားပွဲခုံပေါ်တွင် ရောက်ရောက်နေတတ်သော ပန်းသီးပန်းကန်ပင်ဖြစ်သည်။ ထို့အပြင် ဘီဒိုထဲရှိ သူချွတ်ချွတ်ထားသော ဖရိုဖရဲ အကျီများကလည်း နောက်နေ့မနက်ကျ အစီအရီ ပြန်ဖြစ်နေတတ်သည်။  သူအခန်းထဲမှာ မရှိတဲ့အချိန် ဘယ်သူများဝင်လာမလဲလို့ စောင့်ကြည့်ခဲ့သော်လည်း သံသယဖြစ်ဖွယ်လူမရှိ..။

ထယ်ယောင်း ထို ခိုးဝင်သူက မိန်းကလေးများဖြစ်မလား ဟု စဉ်းစားကြည့်မိသည်။ သို့သော် မသေမသက် အခွံနွှာထားသော ပန်းသီး စိတ်များကိုကြည့်ခြင်းဖြင့် မိန်းကလေးမဟုတ်ဟု တတ်အပ်ပြောနိုင်သည်။ ထို့ကြောင့် ထို လူအား ဒီည ဖမ်းရန် ဆုံးဖြတ်လိုက်ပြီး မအိပ်သေးဘဲ စာအုပ်ထိုင်ဖတ်နေခဲ့သည်။

ထယ်ယောင်း စာအုပ်ဖတ်နေတုန်း တံခါးကိုဖြည်းဖြည်းဖွင့်ကာ ခြေသံဖွဖွဖြင့် ဝင်လာသော ဂျောင်ဂု နှင့် သူ၏သူငယ်ချင်းကို တွေ့တော့ တစ်ချက်ကြည့်ပြီး စာအုပ်ပြန်ဖတ်နေလိုက်သည်။ ဂျောင်ဂုက ကြည့်ကာ
အိပ်ရန် စကားခင်းသည်။ ဂျောင်ဂု၏ ဂွကျကျစကားပြောပုံကြောင့် ထယ်ယောင်း မျက်မှောင်ကျုံ့ကြည့်လိုက်သည်။ ခဏနေတော့ ဂျောင်ဂုသူငယ်ချင်းက တောင်းပန်ကာ ပြန်ထွက်သွားသည်။

ထယ်ယောင်းလည်း လူဖမ်းမည် စီစဉ်ထားသည်ကို ထိုကောင်လေးလုပ်တာကြောင့် အာရုံပင်မစိုက်နိုင်ဘဲ အိပ်ရန် ပြင်လိုက်ပြီး မီးမှိတ်လိုက်သည်။ သောက်ထားသော ဆေးဒဏ်တွေကြောင့် တော်ရုံအိပ်မရဘဲ ဟိုဘက်လှည့်လိုက် သည်ဘက်လှည့်လိုက်ဖြင့် လုပ်နေတုန်း တစ်အောင့်ကြာတော့ ကျွီ ဟူသော တံခါးဖွင့်သံကြောင့် ထယ်ယောင်း ကျောပေးလှဲနေရင်း မျက်စိမှိတ်လိုက်သည်။ ခြေသံ က တစ်ဖြည်းဖြည်းနီးကပ်လာရင်း သူ့နားရောက်လာကာ ခဏနေတော့ ကုတင်ဘေးက ထိုင်ခုံမှာကြည့်ရင်း သူ့နှာခေါင်း အား လက်ညိုးဖြင့် လာတို့ကာ

"အိပ်ပျော်တော့လည်း တစ်ကယ့်စိတ်ချမ်းသာစရာရုပ်ပါပဲ~"

တိုးညင်းသော စကားသံက ထယ်ယောင်း နားထဲ တစ်ဖြည်းဖြည်းဝင်လာရင်း ကြက်သီးတစ်ချို့ ထသွားသည်။ ဤအသံမှာ သူ့ကို အမြဲပြဿနာရှာတတ်တဲ့ ဂျောင်ဂု
အသံ ဆိုတာ သူမျက်စိမှိတ်ထားရင်း ပင် သိနေသည်။ ထယ်ယောင်း သူ့နှာခေါင်းပေါ်တင်ထားသော ဂျောင်ဂုလက်ကို ဆွဲငုံချင်စိတ် တစ်ဖွားဖွားဖြစ်လာသည့်အချိန်

𝚃𝚛𝚘𝚞𝚋𝚕𝚎 𝚒'𝚖 𝚒𝚗 //𝚔𝚝𝚑 : 𝚓𝚓𝚔Where stories live. Discover now