လွမ်းရိပ်ဘဝ အခန်း3

14.6K 2.4K 314
                                    


Zawgyi

တစ်ပတ် ..

.လွိုင်ဇက် ဒီ ကမ္ဘာ ဆီရောက်လာခဲ့တာ အချိန်ရေသောအားဖြင့် တစ်ပတ်ကျော်လေပြီ..။

ဆေးရုံကလည်း ဆင်းခဲ့ရပြီ. ။
ထပ်နေဖို့ပြောကြပေမဲ့ အနာကြောင့်မဟုတ်ပဲ အဲဆေးတွေကျိတ်မှိတ်ဆက်သောက်နေရရင် မြန်မြန် ဘဝပြောင်းနိုင်လေသည်..။

ပြီးတော့ ဒီရက်အတွင်းသိလိုက်ရတဲ့
ဒုတိယဇာတ်လိုက်ရဲ့ ကလေးဆန်မှုများ..

တစ်စက္ကန့်ရဲ့ တစ်ဝက်တောင်အလွတ်မပေးအောင် အရိပ်တကြည့်ကြည့်...
ဒီမျက်နှာနဲ့ဒီမျက်နှာ ဒီလူနဲ့ဒီလူ

ဘာများအဲဒီလောက်ကြည့်ချင်စရာ ကောင်းနေမလဲ လွိုင်စဉ်းစားမရ..။

ဟိုးသူငယ်မစင်ဘဝထဲကခင်လာကြတာဆိုပြီးတော့.. ဒီမျက်နှာကိုအဲလောက် ကြည့်မဝဖြစ်..

အရာရာ လွမ်းရှိမှ..လွမ်းရှိမှ..
ချီးပါတာတော့ ငါမရှိလည်း ဖြစ်တယ်ထင်ပါရဲ့.

တကယ်ကို စိတ်ပျက်စရာ ကောင်းတယ်..။

အမှတ်မထင် လွိုင်နှုတ်ခမ်းတွေ တွန့် ​ကွေးလို့ သွားခဲ့သည် ။

" လွိုင်ဆရာ အိပ်မက်တွေဖြည့်ပေးရမယ်နော်
Mission မြန်မြန်ပြီးလေ ရှင်သန်နှစ်များများရလေ ရလဒ်ကောင်းရင် ပိုတောင်ရှင်သန်နှစ်ရမယ်''

ဟုတ်တာပဲ...

အခုထိအိပ်မက်ဖြည့်ပေးဖို့က ဖြစ်ဖြစ်မြောက်မြောက်မရှိ..။

လွိုင်ဇက်မှန်းရသလောက်
ပထမဇာတ်လိုက်နဲ့ ဒီကိုယ်ပိုင်ရှင်လွမ်းရိပ်ကသူ့အိပ်မက်လမ်းကြောင်းနဲ့ သူရောက်ရှိနေပြီး
အလိုက်သင့်လေး နေသွားလျှင် အနှောင့်အယှက်မရှိလှသော်လည်း

ပြဿနာက ဒုတိယဇာတ်လိုက်ဆိုတဲ့ငတိပဲ..

သူတစွန်းစ အကဲစမ်းမေးကြည့်ပေမယ့် သကောင့်သားလေးက companyအလုပ်မှာသာပျော်ပါကြောင်း အခိုင်အမာ ကျိန်ဆိုပြနေတော့ သူဘာတတ်နိုင်မည်နည်း??

ဟူး..

မရှိတဲ့အသက်တောင်တိုတော့မယ်.တကယ်ထဲ.။အဲဒီကြောင်ဝါပေါက်နဲ့ ငါလည်း..

Hello! Mr.Second (system)Where stories live. Discover now