လွမ်းရိပ်ဘဝ(အခန်း 7)

14.1K 2.2K 358
                                    


Zawgyi+Unicode..

မျက်နှာဖုံး နဲ့ တူတဲ့ အချစ်မှန်းသိပေမဲ့
ဒီနေ့ လည်း
ကိုယ် မင်းကို ထွက်သွားခွင့်မပေး နိုင်ခဲ့ဘူး..

..

အခန်း.7

ကိုယ့်ရဲ့ အမည်မသိကောင်လေးရေ..

နှစ်လေးဆယ်ကျော် မင်းနဲ့ ကိုယ်အတူနေခဲ့ကြတယ်..။
စကားတွေလည်း အများကြီးပြောခဲ့ကြပေမဲ့ မင်းမရှိတဲ့ဒီနေ့ မှာ ကိုယ်သိလိုက်ရတာက.. ကိုယ်တို့ မပြောဖြစ်ခဲ့တဲ့စကားတွေ အများကြီးရှိနေသေးတယ်ဆိုတာပဲ..။

ကိုယ် ဘယ်ကနေစပြောသင့်လဲ..။

အင်း..

၂၀၁၈ ဇူလိုင်လ..

အဲဒီနေ့ က ဘယ်တော့မှမပိုင်ဆိုင်ခဲ့ရဖူးတဲ့လူတစ်ယောက်ကို ကိုယ်ထာဝရဆုံးရှုံးခဲ့ရတယ်..။

"ဆတ် ငါတို့ ကွာရှင်းကြရအောင်.''

တုံ့ ဆိုင်းမှုမရှိတဲ့လေသံ တိခနဲ ပြတ်ကျသွားတဲ့ဖုန်းသံတစ်ခုအဆုံးမှာပဲ ကိုယ် စသိခဲ့ပါတယ် ။

ကိုယ်အထင်မှားနေခဲ့တာ မဟုတ်ပဲ ဒါဟာရုပ်ရည်သွင်ပြင်တစ်ပုံစံတည်းရှိနေတဲ့မတူညီသော လူနှစ်ယောက်.။

ကိုယ်သိတဲ့ လွမ်းရိပ်ဆိုတာ တစ်စုံတစ်ခုကိုဆုံးဖြတ်ချက်ချဖို့ တွေဝေတတ်သူ..
ဒီတွေဝေအားနာတတ်ခြင်းကြောင့်ပဲ ကိုယ့်ဘေးနားမှာရှိနေပေးခဲ့တာ မဟုတ်လား..။

ဘယ်လောက်ပဲကိုယ့်နားကထွက်သွားချင်ခဲ့ပါစေ အဲစကားမျိုး တွေဝေခြင်းမရှိ ဘယ်တော့မှ ပြောလာမှာမဟုတ်ဘူးဆိုတာ..။

ကိုယ့်ထက် သူ့ အကြောင်းကို ဘယ်သူကများပိုသိမှာတဲ့လဲ..။

ပြောင်းလဲနေခဲ့တဲ့အမူအရာတွေဟာ ယာယီမှတ်ညဏ်ပျောက်ဆုံးခြင်းကြောင့်ဟု ပြောသည့်တိုင် တစ်ခုခုကလွဲမှားနေခဲ့မှန်း..။

ဒါကြောင့် တိတ်တဆိတ်ရှာဖွေဖြစ်ခဲ့တဲ့ ၀ိညဉ်ကူးပြောင်းခြင်းအကြောင်းအရာတွေ ရုပ်ရှင်တွေ စာစောင်တွေ။

အရူးနဲ့ တူတဲ့လုပ်ရပ်တွေမှန်းသိပေမဲ့ ခံစားလို့ ရနေခဲ့တယ်..။

ဒါကိုယ်ချစ်ရတဲ့သူ မဟုတ်ဘူး..။

ဒါဆို အဲဒါဆိုရင် ဒီထူးခြားနေတဲ့အကြောင်းအရာက တကယ်ပဲဆိုခဲ့ရင်..
ဒါကကိုယ် ဘယ်တုန်းကမှ သိခဲ့တဲ့လူတစ်ယောက် သူစိမ်းတစ်ယောက်ဆိုရင်.

Hello! Mr.Second (system)Where stories live. Discover now