အခန်း(8)Arc.1(Final)

21.1K 2.6K 571
                                    

Zawgyi+Unicode

တစ်ခေါက်သာရောက်ဖူးခဲ့တဲ့ ဒီနေရာကို လွိုင်သေချာမှတ်မိနေခဲ့ပါတယ်..။

အဖြူရောင်ဗလာခန်း ကျယ် ရှင်ခြင်း နဲ့  သေခြင်း လမ်းဆုံ နေရာ..။

အရင် တစ်ခါနဲ့ မတူညီတဲ့ အချက်တစ်ချက်ကတော့ အ၀ါရောင်တောက်ပနေတဲ့လမ်းလေးတစ်လမ်း က အသေအချာရှိနေခဲ့တာပဲ..။

"ရှင်ခြင်းလမ်းပါ လွိုင်ဆရာ''

သေခြင်းလမ်းလို့သူ တွေးထား ခဲ့တာ..။ဒါကဘယ်လိုဖြစ်တာလဲ..။သူဆုတောင်းနောက်ဆုံးအချက်ကို မဖြည့်ဆည်းပေးနိုင်ခဲ့ဘူးလေ..။

"မအောင်မြင်ခဲ့ပေမဲ့ အကောင်းဆုံးကြိုးစားပေးခဲ့တဲ့အတွက် ပါ..။လွိုင်ဆရာကို ဒုတိယအခွင့်အရေးပေးဖို့ ကောင်းကင်ဘုံ ကဆုံးဖြတ်ပေးခဲ့တယ်..။''

သစ်ရွက်လေးရဲ့ အသံလေးကတိုးတိုးသဲ့သဲ့..

သြော်..

ခေါင်းတစ်ချက်ငြိမ့်ပြီး စူးစူးစိုက်စိုက်ကြည့်နေတဲ့ လွိုင်ကြောင့်သစ်ရွက်လေး အနေရခက်လာသည်..။

" ဘာလို့ လဲဟင်''

"မင်းကငါ့ရဲ့ ပထမဆုံး နဲ့ နောက်ဆုံးသူငယ်ချင်းပဲဆိုတာသိလား''

"ဗျာ''

ဘာစကားပြန်ဆိုရမယ်မှန်း သစ်ရွက်လေးမပြောပြတတ်တော့မလို့ အရိုးရှင်းဆုံးနှုတ်ဆတ်စကားကိုပဲ ဆိုဖြစ်သည်..။

" ​ပျော်ရွှင်ပါစေ လွိုင်ဆရာ''

လွိုင်ကတစ်ချက်ပြုံးသည်..။

"​ကျေးဇူးပဲ''

ထို့ နောက် ရှင်သန်ခြင်းလမ်းလေးဆီ ထွက်ခွာဖို့
ဦးတည်ခဲ့ပြီးမှ

"ဒါနဲ့ 

သူရော''

အစအဆုံးမရှိတဲ့ လွိုင့်စကားကို သစ်ရွက်လေးက နားလည်စွာ ပြန်ဖြေသည်.။

"ပျော်ပျော်ရွှင်ရွှင်နဲ့ အကြာကြီးနေပြီး ငြိမ်းချမ်းစွာ ထွက်ခွာသွားခဲ့ပါတယ်''

အင်း..

ဒါသူလိုချင်ခဲ့တဲ့တစ်ခုတည်းသော ဇာတ်သိမ်းပဲလေ

..လုံလောက်ပါတယ်..ဒီလောက်ဆို..။

ကျောခိုင်းကာ တစ်လှမ်းချင်းအေးအေးလူလူထွက်ခွာသွားခဲ့တဲ့ လွိုင်ဆရာရဲ့ နောက်ကျောပြင်ကို အ၀ါရောင်လမ်းလေးပါ လိုက်ပါပျောက်ကွယ်သွားခဲ့သည်အထိ သစ်ရွက်လေးလိုက်ကြည့်နေခဲ့မိသည်..။

Hello! Mr.Second (system)Where stories live. Discover now