OBSESSION-2

1.2K 125 3
                                    

(ZawGyi Ver)

"အ....ငါကိုလွှတ်​!!"

"​ဒေါက်​တာ....​ဒေါက်​တာ...
စိတ်​​ငြိမ်​ငြိမ်​ထားပါဦး...ကျွန်​​တော်​​လေ..."

လက်​ကိုဆွဲထားတဲ့လူကို​ကြောက်​​ကြောက်​နဲ့
ဖွင့်​ကြည့်​လိုက်​​တော့...ဟိုလူ...Kim jongin...
ဟူး!!! လန့်​သွားတာပဲ!! မျက်​နှာ​ပေါ်က​ချွေး​တွေကို လက်​ဖမိုးနဲ့သုတ်​ရင်း​ဘေစင်​​ပေါ်မှာအ​မော​ဖြေ
လိုက်​သည်​။ ခုနက​တော်​​တော်​ကိုလန့်​သွားတာ~~

ဖ​ယောင်းတိုင်​ကိုင်​ထားတဲ့Kim jonginက
တော့ ကျွန်​​တော့်​ကိုထူးဆန်းသလိုလိုက်​ကြည့်​​နေ
သည်​။ ဆံပင်​အစိမ်း​ရောင်​​အောက်​ကဖုံးဖိ​နေတဲ့
သူ့မျက်​လုံးတို့က​မှောင်​​နေတာ​တောင်​စူးရှလွန်းလှ
တယ်​။ ။

"ခုနတုန်းက​အော်​မိတာ​တောင်းပန်​ပါတယ်​...
ရုတ်​တရက်​ဆို​တော့ငါလန့်​သွားလို့"

"​တောင်းပန်​စရာမလိုပါဘူး...အသံ​မ​ပေးပဲ...
ဝင်​လာမိတဲ့ကျွန်​​တော့်​အမှားပါ..."

"ညစာစားပြီးပြီလား"

စကားအဆက်​အစပ်မရှိပင်​မဲ့ ကျွန်​​တော်​ဒီအတိုင်း
တိတ်​ဆိတ်​​နေတာကိုမကြိုက်​လို့​မေးလိုက်​သည်​။
သူကတစ်​ချက်​ပြုံးရင်း​လက်​ထဲကဖ​ယောင်းတိုင်​ကို
စားပွဲ​ပေါ်တင်​ကာကျွန်​​တော့်​​ဘေးလာထိုင်​ရင်း
ခေါင်းခါပြသည်​။ ။

ဘာရယ်​မှန်းမသိ။ သူနဲ့အနီးကပ်​​နေရတာ
ကျွန်​​တော့်​အတွက်​စိတ်​အ​နှောင့်​ယှက်​ဖြစ်​သလို
ခံစားရတယ်​။ ​ဘေးကိုခပ်​ခွာခွာတိုးရင်းသူ့နဲ့
ဘာအကြာင်း​ပြောရင်​​ကောင်းမလဲစဉ်းစား​နေတုန်း
ဖြတ်​ခနဲမီးပြန်​လင်းလာ​သော​ကြောင့်

"​ရေးးးမီးပြန်​လာပြီ!!"

"Hk...မီးလာတာအဲ့​လောက်​​​တောင်
ပျော်​လား?​ဒေါက်​တာကက​လေးလိုပဲ..."

ပြောပြီးသူက​ဘေစင်​​ပေါ်ကဆင်းကာဖ​ယောင်းတိုင်
မီးသွားမှုတ်​သည်​။ ​ပြီး​တော့ကျွန်​​တော့်​ဘက်​လှည့်
ကာလက်​ကမ်း​ပေးတာ​ကြောင့်​ ကျွန်​​တော်​​ကြောင်
သွားသည်​။

Obsession(Kaisoo Yaoi)Donde viven las historias. Descúbrelo ahora