OBSESSION-7

846 82 16
                                    

(ZawGyi Ver)

အပြင်​မှာမိုးဖွဲဖွဲ​လေးရွာ​နေတာ​ကြောင့်​Kaiက
ပြတင်း​ပေါက်​ကိုသွားပိတ်​​နေသည်​။ ​ကောင်းကင်
ကတိမ်​​တွေနဲ့အုပ်​ဆိုင်း​နေပင်​မဲ့သည်းထန်​စွာရွာမဲ့
ပုံ​တော့မပုံပါ....။ ။အခန်းက​Aircon​အေးစိမ့်​စိမ့်
နဲ့အပြင်​က​လေ​အေးစိမ့်​စိမ့်​​ကြောင့်​​စောင်​ကိုထပ်​ခြုံ
နေတုန်းKaiပြန်​​ရောက်​လာတာ​ကြောင့်​ကျွန်​​တော်
ဘေးတိုး​ပေးလိုက်​သည်​။ ။

မိုး​ရေစက်​​တွေစင်​ထားလို့အ​ရှေ့ပိုင်းစို​နေတဲ့
သူ့ဆံပင်​ကို​ဘေးကလက်​ကိုင်​ပဝါနဲ့သုတ်​​ပေး​တော့
မျက်​လုံး​လေးမှိတ်​ကာငြိမ်​ခံ​နေသည်​။ Kaiရဲ့လက်
တစ်​ဖက်​ကကျွန်​​တော့်​ခါး​ပေါ်တွင်​တင်​ထားပြီးပုခုံး
ပေါ်​ခေါင်းမှီ​နေတာ​ကြောင့်​သူ့နဖူးပြင်​ကကျွန်​​တော့်
ပါးနဲ့ထိကပ်​​နေတယ်​။ ။

"​ဒေါက်​တာ​မော​နေ​တာလား"

ကျွန်​​တော်​အသက်​ခပ်​ပြင်းပြင်းရှူ ​နေတာကိုKaiက
သတိထားမိလို့ထင်​....ပုခုံး​ပေါ်မှီထားရာမှ​ခေါင်းတစ်
ခြမ်း​စောင်းလှည့်​ကာ​မေးသည်​။ အမှန်​ပြောရလျှင်
ကျွန်​​တော်​လူတစ်​​ယောက်​နဲ့ကြာရှည်​စွာအခုချိန်​ထိ
မနမ်းဖူးပါ။ ခုနကKaiနဲ့နမ်းတာကကျွန်​​တော့်​ရဲ့
ပထမဆုံးအနမ်းဖြစ်​သည်​။ ပထမဆုံးအကြိမ်​​ကြောင့်
ရော၊ရင်​ခုန်​တာ​ကြောင့်​​ရော၊အခုထိရင်​ဘတ်​က
နိမ့်​ချည်​၊မြင်​ချည်​နဲ့မူမမှန်​ဖြစ်​​နေသည်​။

ဒေါက်​​ဒေါက်​~~~

"ဝင်​မလာနဲ့!!"

အမိန့်​သံပါ​သောအသံသြရှရှနဲ့Kaiက
ပြောလိုက်​ပြီးထကာအုပ်​​ဆောင်းအုပ်​ထားသည့်
့်​စားပွဲ​သေး​သေး​လေးကိုယူလာသည်​။ ပြီး​တော့
ကုတင်​​ဘေးတန်းကခုံမှာတင်​ပြီး...

"​​ဒေါက်​ဆာဗိုက်​ဆာရင်​​ပြော​နော်
ကျွန်​​တော်​ဆန်​ပြုတ်ဝယ်​လာတယ်​"

"ငါဆန်​ပြုတ်​မကြိုက်​ဘူးKai
ဆန်​ပြုတ်​ကလူနာတွေ​စားတာ"

"​ဒေါက်​တာကအခုလူနာလေ
အဲ့​တော့ဆန်​ပြုတ်​ပဲစားရမယ်​"

"မစားချင်​ဘူးဆို!!"

Obsession(Kaisoo Yaoi)Where stories live. Discover now