Part 1

27.9K 1K 31
                                    

သခင်လေးရဲ့ကချေသည်
 
အပိုင်း ၁

"သခင်လေး ဒီအဝတ်အစားကြိုက်လား
ဒါမှမဟုတ်ဒါဝတ်မလား ''

    သူရိန်အဝတ်အစားတွေ
တစ်စုံပြီးတစ်စုံထုတ်ကာ မေးနေသည်။

"တစ်ခုမှမကြိုက်ဘူး ကောင်လေးကိုသာခေါ်ပေး ''

"ဟုတ်ကဲ့ သခင်လေး ''

သူရိန်ထွက်သွားပြီသိပ်မကြာ
မိုးထက်သာဝင်လာသည်။

"ကုမ္ပဏီမှာအဘိုးကော သခင်ကြီးတို့ရော သခင်လေးကိုစောင့်နေကျပြီ အခုထိအဝတ်အစားဝတ်လို့မပြီးသေးဘူးလား ''

"ငါ့ကို အစ်ကိုလိုဘဲခေါ်လို့ပြောထားတယ်လေ ''

"တခြားသူကြားရင်မကောင်းဘူး သခင်လေး ''

" ဒီခေတ်ကြီးမှာ သခင်လေးကဘာလဲ "

"ဖိုးဖိုးစည်းကမ်းနားထောင်ရမယ် ဖိုးဖိုးကစော်ဘွာမျိုးလေ အိမ်တောင်မှ ရှေးအိမ်လိုမျိုးခမ်းခမ်းနားနားစောင့်ထားတာ အဲ့ဒါကြောင့် ကျွန်တော့်တို့အိမ်ကို ရွှေစံအိမ် အိမ်တော်လို့ခေါ်တာပေါ့ "

မိုးထက်သာက စံအိမ်ကြီးရဲ့ချီးမွန်းခန်းကို
တခမ်းတနားဖွဲ့ဆိုနေသည်။

" ဒီအိမ်မှာနေရတာ သိပ်ဂုဏ်ယူနေလား ဒီအိမ်မှာအလုပ်သမားတွေကို အစေခံလို့ခေါ်ပြောနေတာ ငါ့မကြိုက်ပါဘူး "

" ဒါပေမဲ့ ဒီအိမ်တော့်ကအလုပ်သမားတွေက တခြားနေရမှာထက် ပိုက်ဆံနှစ်ဆရတာကိုပဲကျေနပ်ပြီး ပျော်နေကျတာ "

" မင်းရောပျော်လား "

" ကျွန်တော်လား..ကျွန်တော်ကအရမ်းပျော်တာ
ပေါ့ သခင်လေး "

အစေခံဖြစ်ရတာ ပျော်တဲ့သူကရှီသေးတယ်
နေမခခေါင်းရမ်းမိသည်။
နေတက်ရင် ဘဝကကျေနပ်စရာဆိုတာ
မိုးထက်သာလို လူမျိုးကို​ဆိုလိုတာဖြစ်မယ်။

"ထားပါတော့...ငါကိုအဝတ်ရွေးပေးပါ
ဘယ်ဟာဝတ်ရမလဲ မစဉ်စားတက်တော့ဘူး ''

"ဟုတ်ကဲ့ သခင်လေး ဒီနက်ပြာရောင်ဆိုဘယ်လိုနေလဲ ''

"အင်း မင်းရွေးတာဘဲ ကောင်းမှာပေါ့ ''

မိုးထက်သခင်လေးရဲ့အပေါ်ကုတ်ကိုဝတ်ပေးလိုက်သည်။

"ကျွန်တော်ကားမောင်းလိုက်ပို့ပေးမယ်နော် ''

သခင်လေးရဲ့ကချေသည်Where stories live. Discover now