Part 8

6.9K 461 10
                                    

သခင်လေးရဲ့ကချေသည်

အပိုင်း ၈

နေမခ စံအိမ်ပြန်ရောက်ရောက်ချင်း အဘိုးအခန်းကိုသွားလိုက်သည်။ အစ်ကိုဇွဲထက်နိုင်ကတော့
သူမျက်နှာမမြင်စေချင်တာကြောင့် အိမ်ကြီးဘေးနားက သူတို့လုံးချင်းအိမ်ကိုပဲတန်းသွားသည်။

"ဘိုးဘိုး ''

"ငါမြေးလေး ''

နေမခ အဘိုးရင်ခွင်ထဲဝင်ပြီး
အဘိုးကိုဖက်ထားလိုက်သည်

" အဘိုးကိုမျက်နှာလေးပြပါအုန်း "

နေမခဖက်ထားရာကနေခွါပြီး
အဘိုးကိုတွဲပြီး ဆိုဖာပေါ်အတူတူထိုင်လိုက်သည်

"ပင်ပန်းလို့လား ငါမြေး မျက်နှာလေးချောင်ကျနေတာ အဖိုးနားမှာဘဲနေပါ ငါမြေးလေးကအလုပ်တွေမလုပ်သင့်ဘူး တကယ်ဆို ငါမြေးလေး အလုပ်လုပ်စရာကိုမလိုတာ မြေးကြီးလည်းရောက်နေပြီဘဲ
သူတို့ဘဲလုပ်ပါစေ''

  အဘိုးကကျွန်တော်ကိုအချိန်ပြည့်
သူနားမှာထားချင်နေသည်။

"မပင်ပန်းပါဘူး အဘိုး  ကျွန်တော်လည်း
လုပ်ငန်းတွေကိုင်တွယ်အုပ်ချုပ်ချင်တယ် ''

"မြေးလေးကရိုးသားတော့ ထိခိုက်မှာကြောက်တယ်။ စီးပွားရေးသမားတွေရဲ့အတ္တတွေလောဘတွေကြောင့် မြေးငယ်ဘဝပျော်ရွှင်မှုတွေ ပျောက်ဆုံးရမှာကြောက်တယ်။ လူငယ်တစ်ယောက်အနေနဲ့ကြိုးစားတဲ့ မြေးလေးကိုလည်း အဖိုးကဂုဏ်လည်းယူတယ်
စိတ်လည်းချမ်းသာစေချင်တယ်''

"ဟုတ်ကဲ့ အဘိုး
ကျွန်တော့်ကိုစိတ်မပူပါနဲ့ အဘိုးသာကျွန်တော်နားမှာ အသက်ရှည်ရှည်နဲ့ ကျန်းကျန်းမာမာ နေပေးရမယ် ''

"ဒါပေါ့ ငါမြေးလက်ထပ်တာလည်း အဘိုးကကြည့်အုန်းမှာ အဘိုးကမြစ်ချီအုန်းမှာ ''

"ကျွန်တော့်ထက် အစ်ကိုနှစ်ယောက်ကို
မင်္ဂလာအရင်ဆောင်ခိုင်းပါအဘိုး
ကျွန်တော်ကအဘိုးနဲ့ပဲ တစ်သက်လုံးနေမှာ ''

"အဘိုးချစ်အောင်အရမ်းပြောတက်တဲ့
လူတက်ကလေး''

ဦးချမ်းသာ သူမြေးပါးလေးကိုဆွဲပြီးပြောလိုက်သည် နေမခ အဘိုးပေါင်ပေါ်ခေါင်းအုံးပြီး အိပ်လိုက်သည်။

You've reached the end of published parts.

⏰ Last updated: Apr 22 ⏰

Add this story to your Library to get notified about new parts!

သခင်လေးရဲ့ကချေသည်Where stories live. Discover now