Part 7

7.1K 514 16
                                    

သခင်လေးရဲ့ကချေသည်

အပိုင်း ၇

နေမခအိပ်နေရင်းနဲ့ပူလွန်းလို့ ရုန်းနေသည်။

"သခင်လေး သခင်လေးအဆင်ပြေရဲ့လား ''

"ပူတယ် အင်္ကျီချွတ်ပေးပါ ''

"သခင်လေး ခဏနော် ''

မိုးထက်သာ တဘတ်ကိုရေစွတ်လာပြီး သခင်လေးရဲ့ အပေါ်အင်္ကျီကိုချွတ်ကာ ရေပတ်တိုက်ပေးလိုက်သည်။
အဝတ်အိတ်ထဲက အပါးဆုံးအင်္ကျီ
ကိုလိုက်ရှာလိုက်ပြီး သခင်လေးကို ဝတ်ပေးလိုက်သည်။

" သခင်လေး "

သခင်လေးအဆင်ပြေသွားတယ်ထင်တယ်
ပြန်အိပ်ပျော်သွားသည်။

🏬

   ကျွန်တော်နိုးလာတော့ မိုးထက် ကျွန်တော်လက်ကိုကိုင်ပြီး ကုတင်ပေါ်မှာမှောက်ရပ်အိပ်နေသည်။ သူတစ်ညလုံးဒီမှာအိပ်တာလား ငါကရော့ပါတီပွဲကနေ အိပ်ခန်းထဲဘယ်လိုရောက်နေပါလိမ့်

"အား..ကျွတ်..ကျွတ် "

"သခင်လေး ဘာဖြစ်တာလဲ ''

နေမခခေါင်းကိုက်လို့ ညီးညူးမိလိုက်တာကြောင့်
မိုးထက်သာ နိုးလာပြီး စိုးရိမ်တကြိးမေးနေသည်။

ဒေါက် ဒေါက် ဒေါက်

တံခါးခေါက်သံကြားတာနဲ့ မိုးထက်သွားဖွင့်လိုက်သည်။ ဝင်လာသူကသူရိန်ဖြစ်သည်။

"သခင်လေး သက်သာရဲ့လား ''

"ဘာတွေဘယ်လို့ဖြစ်တာလဲ ''

သူရိန် ညကဖြစ်ပျက်ခဲ့တာတွေအားလုံးပြန်ပြောလိုက်သည်။

"အဲ့တော့ မိုးထက်က အစ်ကို့ကိုထိုးခဲ့တာပေါ့ ''

"ဟုတ်ကဲ့ သခင်လေး ''

"ဝန်ထမ်းက သူဌေးကိုထိုးတဲ့အပြစ်ကဘယ်လောက်ကြီးတယ်မှတ်တုန်း မင်းနားမလည်ဘူးလား ''

" သခင်လေး သူကိုထိုးတာ
ကျွန်တော်နောင်တမရဘူး "

   မိုးထက် သခင်လေးကာကွယ်ခဲ့တာမှားတယ်လို့
မထင်ပေ။ သခင်လေးကိုထိတဲ့သူက
ဘယ်လောက်ပဲ အာဏာရှီတဲ့သူဖြစ်နေပါစေ
သူရင်ဆိုင်ဖို့ ဝန်လေးနေမှာမဟုတ်ဘူး။

သခင်လေးရဲ့ကချေသည်Where stories live. Discover now