45

4.3K 468 7
                                    

"မိန်းက​လေး နျန်!"
​ဟွေ့ရင်က အံ့သြသွား​လေဟန်​ဆောင်လိုက်တယ်။
"ဘာလို့ အသံမ​ပေးတာလဲ? မိန်းက​လေး ဒီမှာရှိ​နေတာ ကျွန်မတို့ မသိလိုက်ဘူး"

သိသာသွား​အောင်လို့ ​ဟွေ့ရင်က 'ကျွန်မတို့' ဆိုတာကို တမင်ထည့်​ပြောလိုက်တယ်။

ဒီနာမ်စားဟာ လုရှန်းကို​ရော သူမကိုပါ ကိုယ်စားပြုတယ်။ ဒီလိုသုံးနှုန်းလိုက်​တော့ နျန်ကျန်းဟာ အ​ရေးမပါတဲ့ ပမွှား​လေးဖြစ်သွားတယ်။

အရမ်း​တွေ ​ခွေးဇာတ်ခင်းချင်​နေရင်လည်း၊ ​ရော့ နင့်အတွက် ​ခွေးစာ​လေး​တွေ။
​ဟွေ့ရင်က စိတ်ထဲက ​ပြောလိုက်တယ်။

နျန်ကျန်းပဲ​လေ။ ​ဟွေ့ရင်ရဲ့သ​ဘောထားကို မမြင်ဘဲရှိပါ့မလား။ သူမဆင်ယင်ထားတဲ့အပြုံးတု​တောင် ​ပျောက်တော့မလိုဖြစ်သွားတယ်။

"ရင်ရင် ဒီမှာရှိလိမ့်မယ်လို့ မထင်ထားဘူး"

​ဟွေ့ရင်က ​ပုခုံးတွန့်ပြတယ်။
"ဘာလို့မထင်တာလဲ? ကျွန်မခင်ပွန်း​လောင်းရဲ့ ကုမ္ပဏီပဲဟာ"

ဒီစကားကို နျန်ကျန်းကြားလိုက်တော့ အလိုအ​လျောက် လက်သီးကျစ်ကျစ်ပါ​အောင် ဆုပ်မိသွားတယ်။ ခင်ပွန်း​လောင်းတဲ့လား? အပျက်မ။ ငါ ​ရေခြား​မြေခြားရောက်​နေတုန်း အစ်ကိုရှန်းကို အမိဖမ်းရဲတယ်​ပေါ့​လေ?

အခု ငါပြန်​ရောက်လာပြီ။ သူက နင့်သတို့သား​လောင်းအဖြစ် ဆက်နေဦးမယ်လို့ ထင်​နေတာလား?

အစ်ကိုရှန်းက ငါ့လူ!

အနှီမိန်းက​လေးရဲ့ အမုန်းတရား​တွေကို မြင်လိုက်ရ​တော့ ​ဟွေ့ရင် ပြုံးမိတယ်။ ဒါ​ပေမယ့် နျန်ကျန်းရဲ့ အကြည့်​တွေကိုမမြင်ချင်​ယောင်​ဆောင်လိုက်တယ်။ ကြမ်း​ပေါ်က ​ကျောက်စိမ်းအပိုင်းအစ​တွေကို ​ကောက်ယူဖို့ ​ဟွေ့ရင် လက်လှမ်းလိုက်ချိန်မှာ လက်တစ်ဖက်က သူမလက်​မောင်းကို ဆွဲယူဟန့်တားလာတယ်။

လှမ်းကိုင်လိုက်ပုံက ညင်သာတယ်။ ဆွဲမယူလိုက်ခင် သူမ လက်ကို ပွတ်တိုက်ရှပ်​ပြေးသွား​သေးတယ်။

"ထားလိုက်။ ​နောက်မှ တစ်​ယောက်​ယောက်ကို ရှင်းခိုင်းလိုက်မယ်"

Revenge Sevenfold {Unicode} [Myanmar Translation]Where stories live. Discover now