57

4.2K 425 4
                                    

ရင်းနှီးနေသော ဖုန်း ringtone သံ ကြောင့် ဟွေ့ရင် နိုးလာသည်။

"နှလုံးသားဆန္ဒကို လိုက်လျောမိတော့...
စည်းတွေကို ကျော်ဖို့ တိုက်ပွဲဝင်ရတော့မယ်လေ..."

ဟွေ့ရင်၏ သွယ်ပျောင်းသောလက်ကလေးသည် စောင်အောက်မှ တိုးထွက်လာပြီး ဖုန်းကို လိုက်စမ်းတော့သည်။ 'Bravodo' သီချင်းသည် လျုံကျွင့်၏ သီချင်းများထဲတွင် အတော်လေး နာမည်မရှိသည့်အထဲ ပါသည်။ သို့သော် ဟွေ့ရင်ကတော့ စာသားများကြောင့် ထိုသီချင်းကို နှစ်သက်လေသည်။

(Bravodo - မိုက်မိုက်ကန်းကန်းနှင့် ဇွတ်တိုးခြင်း)

ဟွေ့ရင်သည် စောင်ကို ဆွဲခွာလိုက်သည်။ မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်ကြည့်သောအခါ အခန်းထဲတွင် လင်းထိန်နေပေပြီ။ မုန့်လုံးလေးနှစ်လုံးသည်ကတော့ အိပ်ပျော်လျက်ပင် ရှိသေးသည်။ ရှန်းလေးက သူ့လက်မ သူ စုပ်နေသည်ကို မြင်သောအခါ ဟွေ့ရင် ပြုံးယောင်သမ်းသွားသည်။

ဟွေ့ရင်သည် သူတို့နှစ်ဦးကို မနိုးစေဘဲ အိပ်ယာပေါ်မှ ဆင်းလာခဲ့သည်။ ထို့နောက် မီးဖိုချောင်ထဲသို့ဝင်ကာ ဖုန်းကိုင်သည်။

"ဟယ်လို"

ဟွေ့ရင်သည် ဖန်ခွက်ထဲသို့ ရေငှဲ့နေရင်း သမ်းဝေလိုက်မိသည်။

သူမ၏ ပျင်းတိပျင်းရွဲ နှုတ်ဆက်စကားကို တစ်ဖက်က စိတ်လှုပ်ရှားစွာ တုန့်ပြန်လေသည်။

"မင်း ရသွားပြီ။ PV အတွက် မင်းကို ရွေးလိုက်ပြီ"

ဟွေ့ရင် အိပ်ငိုက်ပြေသွားသည်။

"အစ်မဆုလား...ဘာကြီးလဲ"

"လျုံကျွင့်ရဲ့ PV လေ။ အခုလေးတင် ဒါရိုက်တာကြီး ဖုန်းဆက်တယ်။ မင်းကို ရွေးလိုက်ပြီတဲ့။ လျုံကျွင့်ရဲ့ PV မှာ သရုပ်ဆောင်ရတော့မယ်"

ဟွေ့ရင်သည် အိပ်ခန်းထဲတွင် အိပ်ပျော်နေသေးသော မုန့်လုံးလေးနှစ်လုံးကို လှမ်းကြည့်လိုက်သေးသည်။ ပြီးမှ ရေချိုးခန်းထဲ အပြေးဝင်သွားပြီး တံခါးကို လျှင်မြန်စွာ ဆွဲပိတ်လိုက်လေသည်။ ထို့နောက် ပါးစပ်ကို လက်နှင့်အုပ်ကာ ပျော်ရွှင်စွာ အော်ဟစ်နေတော့သည်။

"ကျွန်မ လုပ်နိုင်ခဲ့ပြီပေါ့။ အရွေးခံရတယ်ပေါ့။ အစ်မဆုရေ...ကျွန်မ အိပ်မက်မက်နေတာများလား။ အရွေးခံရပြီ။ အမေရေ... PV မှာ သရုပ်ဆောင်ရပြီ။

သူတို့နှစ်ဦးသားသည် အပျော်လွန်ကာ စိတ်လွတ်လက်လွတ် ရယ်မောမိကြသည်။ ဟွေ့ရင်သည် အရံဇာတ်ကောင်အဖြစ်သာ သရုပ်ဆောင်နေရသည်မှာ နှစ်ချီနေပေပြီ။ တစ်ခါတစ်ရံ အရေးမပါသော ဇာတ်ပို့သရုပ်ဆောင်နေရာအတွက်ပင် အရွေးမခံရပေ။

"မနက်ဖြန် စ,ရိုက်မယ်လို့ ဒါရိုက်တာစွန်းက ပြောတယ်။ နေရာက မြို့ပြင်မှာတဲ့"

ရယ်ရှိန်သတ်နိုင်သွားသော အစ်မဆုက ဟွေ့ရင်ကို ပြောသည်။

"မင်းနဲ့ လျုံကျွင့် နှစ်ယောက်ပဲ အဓိက ပါလိမ့်မယ်။ မင်းအနေနဲ့ နာမည်ကြီးလာနိုင်တဲ့ ခြေလှမ်းတစ်ခုဆိုပေမယ့် ရိုက်ကွင်းမှာ မင်းကို သေချာ အကဲခတ်နေကြမှာပဲ။ အမှားသေးသေးလေးတစ်ခုကြောင့် အကြီးအကျယ် ဆုတ်ယုတ်သွားနိုင်တယ်။ ဂရုစိုက်နေပါ"

ဟွေ့ရင်က သက်ပြင်းချပြီး ခေါင်းငြိမ့်လိုက်သည်။

"ဟုတ်ကဲ့ပါ"

"မင်းလုပ်နိုင်မယ်ဆိုတာ ငါ ယုံတယ်"

အစ်မဆု၏အသံက တည်ငြိမ်နေသည်။

"မင်းမှာ အရည်အချင်းရှိတယ်ဆိုတာ ငါသိနေခဲ့တယ်။ ဖင်းဟုန်ရဲ့ လွှမ်းမိုးမှုကြောင့်သာ ဖိနှိပ်ခံနေရတာ။ ဒါရိုက်တာစွန်းက ကြင်နာတတ်တယ်လို့ ပြောကြတယ်။ လူကောင်းနဲ့ ဆုံရတာပဲ။ အကောင်းဆုံးကြိုးစားပါ။ ဘယ်သူသိမလဲ... လျုံကျွင့်ရဲ့ နောက်ထွက်မယ့် သီချင်းက မင်းအကြောင်းလည်း ဖြစ်သွားနိုင်တာပဲ"

"အစ်မဆု!"

သူမ စ,နောက်နေသည်မှန်း ဟွေ့ရင် သိသည်။ သို့ဖြစ်၍ စိတ်မဆိုးမိချေ။

အစ်မဆုကတော့ ရယ်​နေလေသည်။

"ဟုတ်ပါပြီ...ဟုတ်ပါပြီ။ ပြန်အိပ်ချေတော့။ မနက်ဖြန်အတွက် အသေးစိတ်ပြင်ဆင်ပေးဖို့ ပြီးမှ ဖုန်းပြန်ဆက်လိုက်မယ်"

သို့သော် ဖုန်းကျသွားချိန်တွင် ဟွေ့ရင်သည် စိတ်လှုပ်ရှားလွန်း၍ ပြန်မအိပ်နိုင်တော့ပေ။

သို့နှင့် မီးဖိုထဲဝင်ကာ သီချင်းလေးညည်းရင်း အမွှာလေးနှစ်ယောက်အတွက် မနက်စာ ပြင်ဆင်နေတော့သည်။

လျုံကျွင့်၏ PV တွင် သရုပ်ဆောင်ခွင့် ရခဲ့ခြင်းကို မယုံနိင် ဖြစ်နေမိလေသည်။

Revenge Sevenfold {Unicode} [Myanmar Translation]Where stories live. Discover now