Part 6

2.7K 147 2
                                    

နန်းထိုက်ပန်းမို့
အပိုင်း (၆)
#နန်းထိုက်ပန်းမို့

“မောနင်း..”
လက်နှစ်ဖက်ဆန့်တန်းပြီး  အဖြူရောင် ဂါ၀န်တိုလေးနဲ့ ဆံပင်မြင့်မြင့်ချည်ထားတဲ့ ကောင်မလေးကိုတွေ့တော့ ဆန်နီ အကြည့်တွေ ပင်လယ်ထဲ ပို့ထားလိုက်ရသည်..။
“ဘယ်သူမှလည်း မရောက်သေးဘူး.”
ဆန်နီကို ကျော်ခါ ကော်ဖီကောင်တာ မှာ ကော်ဖီ သွားယူပြီး နောက်ဝိုင်းမှာ ၀င်ထိုင်နေသည်..။
ကိုယ်ကလည်း ရှောင်နေသူပီပီ နှုတ်ဆက်ဖို့ကို အစီအစဉ်မရှိတာ...
“နေမျိုးကလည်း လာသေးဘူး..”
မနက်စောစောမို့ လူမရှိလို့ တိတ်ဆိတ်နေတာလား..သူ့ အသံက ကျယ်လို့ပဲလားမသိ ဆန်နီ အတိုင်းသားကြားနေရတော့ စိတ်ထဲ အလိုမကျမှုလှိုင်း ဖြစ်သွားရသည်..။
ကော်ဖီခွက်ကို ကိုင်ပြီး ခုံက ပြန်ထ တာကို ဘေးတိုက်ထိုင်နေတာမို့ မျက်လုံးတောင့်က မြင်နေပေမဲ့ ဂရုမစိုက်စွာ ကျောပေးထားလိုက်၏..။
ညက မူးပြီး ကိုက်တဲ့ ခွေးမလေး...သူတောင်းပန်ရမှာမလား..
ကိုယ်ကပဲ လိုက်ခေါ်ရအုံးမယ်..ဝေးသေး...။
ပျာကလပ်စိန်တွေဆို တကယ့်ကို သဘောမတွေ့တာ အမေမွေးကတည်းကပင်..။
“အစ်မ ရေကူးမလို့လား...”
“အမ်း...”
“စောသေးတယ် အစ်မရဲ့..လူလည်း မရှိသေးဘူး..”
“လူတွေအများကြီးနဲ့ မကူးချင်လို့ပေါ့...ရေကူးတက်ပါတယ်..”
ဆန်နီ ကျောခိုင်းရက်သား နှုတ်ခမ်းက အလိုမကျစွာ မဲ့ ပြုံးလိုက်မိသည်..။
“လူတွေ နဲ့ မကူးချင်လို့ သေပါအုံးမယ်..”
မကြားတကြားရေရွတ်ရင်း ရှေ့က အလကားရတဲ့ ကော်ဖီကို မော့ချလိုက်မိသည်..။
“အစ်မ ကမ်းစပ်မှာပဲ ကူးနော်...ရေကူးချိန် မရောက်သေးလို့..”
“အိုး...ရေကူးတက်ပါတယ်ဆို..”
“ဟုတ်ကဲ့..”
သူ ထိုင်နေပါတယ်ဆိုကာမှ ဝိတ်တာ အစ လူကို ကလေးလိုလို ဘာလိုလို လိုက်စိတ်ပူပြနေတာ ဒေါသထွက်ရသည်..။
အစကတည်းက မို့ ဆို သူ့ မျက်လုံးထဲ ဘောင်၀င်တာ မဟုတ်ဘူး...
ဂါ၀န်အဖြူဇာပါတာလေး ၀တ်လာတာ...အပေါ်က လှမ်းကြည့်ပြီး သူ တစ်ယောက်တည်း ထိုင်နေတာ တွေ့လို့ ..
ရှေ့ရောက်တော့ ခေါင်းတောင်ငဲ့မကြည့်...
မို့ များ တကယ် ရုပ်ဆိုးနေလို့လား တွေးရင်း ကမ်းခြေဘက်မှာ လမ်းလျှောက်နေတဲ့ ကောင်လေး နှစ်ယောက်ကို ပြုံးပြလိုက်တော့..
“ဝါး...လှလိုက်တာ..”
“ရင်ထဲထိသွားတယ်ကွာ..”
မို့ ခပ်သွက်သွက် လျှောက်ပြီး ကမ်းခြေဘက်ဆင်းလာရသည်..။
“ဟွန့်...သူ တစ်ယောက်တည်း မျက်လုံးပျက်နေတာ...”
“မျက်လုံးကန်းနေတာလားဘာလား..”
မို့ မကျေမနပ်ရေရွက်ရင်း ကမ်းခြေအစပ်မှာ ခြေထောက်ခပ်လိုက်တော့ အေးစိမ့်သွားသည်..။
“အေးလိုက်တာ...အရမ်းများစောနေမလား..”
“သိဘူး..အကျိ င်္ပြန်မလဲချင်ဘူး..”
မို့ ရှေ့တိုးပြီး ဆင်းလာခဲ့လိုက်သည်..။
လမ်းလျှောက်နေတဲ့ စုံတွဲ တစ်ချို့ကတော့ မို့ကို အထူးအဆန်းလိုကြည့်သွားကြသည်..။
“ဟယ်...သူကြည့်နေတာပဲ..”
မို့ အမှတ်တမဲ့ ဟိုတယ်ဘက် အကြည့်ရောက်သွားတော့ သူက မို့ဆီကို ဦးတည်ကြည့်နေတာ သိလိုက်ပြီ..။ ရေကူးကျွမ်းကြောင်းပြချင်လို့ ရေနည်းနည်းနက်တဲ့ အထိဆက်သွားလိုက်သည်..။
“အဟက်..ရေကူးချန်ပီယံ ဖြစ်ရတာ ပင်ပန်းပေမဲ့ ခုလိုကျတော့ တန်ပါတယ်..”
လှိုင်းလုံးအောက်ကို တိုး၀င်ပြီး လှိုင်းကို မျက်နှာချင်းဆိုင် ထိုးခွဲခါ ရေဆက်ကူးလိုက်သည်..။
လှိုင်းငြိမ်သွားရင် အပင်ပန်းခံပြီး မို့ သိပ်မကျွမ်းသည့် လိပ်ပြာကူးနည်းပါကူးမိတာ..သူ အထင်ကြီးအောင်ပါ..။
“ကျစ်...ဒုက္ခပဲ...”
ဆန်နီ ကြည့်နေတာ ဟိုတယ်ပေါ်ကကြည့်ရင် တော်တော်လှမ်းနေပြီ..
ဒါကို ရေနက်ထဲ ဆက်သွားတုန်းပါပဲလား..။
သူရေကူးကျွမ်းမှန်း သိပေမဲ့ အောက်ရေဆွဲသွားရင် ရေနက်သွားမှာတွေးမိတော့ ရင်တွေပူရသည်..။
ခုံက ထပြီး ကောင်တာမှာ မှန်ဘီလူးတောင်းကြည့်တော့ ထင်ပါလိမ့်မယ် နှာဘူးကောင်လို့...။
ဆန်နီ အုန်းပင် အထိုင်ဘက်မှာ ရှေ့တိုးပြီး မှန်ဘီလူးနဲ့ လှမ်းကြည့်တော့ ရေကူးပုံလေးက လှပါသည်..။
ဒါပေမဲ့ တော်တော်လေးကို ရိုက်ချင် ထုချင်စိတ်တွေ ဖြစ်လာရ၏..။
လှိုင်းကို မျက်နှာချင်းဆိုင်ပြီး ကူးနေတာ နောက်ပစ်တွေ ဘာတွေတောင် ကူးလိုက်သေးသည်..။.
အနားမှာလည်း ဘယ်သူမှမရိ်ှသလို ကမ်းခြေတစ်ခုလုံး ခွေးတစ်ကောင်တောင် ရေမကူး..
အဲခွေးဖြူမ တစ်ကောင်တည်း ကူးနေတာ..။
ဆန်နီ မဆီမဆိုင် စိတ်ပူမိပြီး ကမ်းခြေ ဘက် ရေစပ်မှာ ထီးစိုက်ထားတဲ့ ခုံတွေဆီ  လမ်းလျှောက်လာခဲ့လိုက်သည်..။
“ရှည်ပြီး ကြည့်မိတာကိုက မှားတာ..အခုတော့ သူသေလည်း လိပ်ပြာလုံမှာ မဟုတ်ဘူး..”
“အစကတည်းက အခန်းထဲမှာပဲ အိပ်နေသင့်တာ..”
ကိုယ့်ကိုယ့်ကို အပြစ်တင်ရင်း ခြေမခိုင်သည့် ခုံတန်းပေါ် ပစ်ချထိုင်လိုက်ရသည်..။
“ဟင်...ဘယ်ရောက်သွားပြီလည်း..”
မို့ နောက်ပြန်ကူးရင်း ပြန်ကြည့်လိုက်မိတော့ဟိုတယ်က ခုံတွေမှာ ဘယ်သူမှ မရှိတော့ပါ..။
သူ ပြန်သွားပြီလား..
မို့ ကို ကြည့်နေတာမဟုတ်ဘူးလား..
လက်ကိုရပ်ပြီး ခြေခပ်ရင်း အပေါ်ငေးမိတော့ ဒုတိယလှိုင်းကို သတိမထားမိပဲ တလှိမ့်ခေါက်ခွေ ရေအောက်ရောက်သွားရသည်..။
“အု...”
ခြေကန်ရင်း ပြန်တက်လို့ ခေါင်းပေါ်ရုံရိ်ှသေး..နောက်လှိုင်း တစ်လုံး အုပ်လို့ ရေထဲ ပြန်ရောက်သွားပြီး အသက်ရှုချိန်နဲ့ တိုက်သွားလို့ ဆားငန်တွေအကုန်လုံး အသက်ရှုလမ်းကြောင်းဆီ ရောက်သွားပြီး မွန်းကြပ်သွားရသည်..။
ခြေပြန်ကန်တက်ပေမဲ့  တစ်ကိုယ်လုံး ပျော့နေသလို အပေါ်ပြန်မရောက်နိုင်...လက်ကိုမြှောက်လိုက်တာတောင် ရေပေါ်မရောက်နိုင်အောင် နစ်နေပြီ...။
မို့ ရေနစ်နေပြီဆိ်ုတဲ့ စိတ်နဲ့ ပိုမောလာသည်..။
မတော်မဆ တစ်ခုနဲ့ သေသွားရမှာ အကြောက်ဆုံးပါ...ကယ်ကြပါ...။
“ဟ...နစ်ပလား..”
ဆန်နီ မသေချာလို့ ဘေးက မှန်ဘီလူးကောက်ယူပြီးကြည့်လိုက်တော့ ပြန်ကို ပေါ်မလာတာ..။
“ဒုက္ခပါပဲ..”
ဆန်နီ ဖိနပ်ကို ချွတ်ပြီး ကမ်းစပ်ကို ပြေးဆင်းသွားလိုက်ပြီး သူ ရှိတဲ့ နေရာကို ဦးတည်ပြီး ကူးသွားလိုက်သည်..။
“ဟင်..”
ရေကူးပြီး  သူဆီ ရောက်သွားပေမဲ့ ထင်ထားတဲ့ နေရာမှာ မရှိနေ...။
ရေစီးနဲ့ပါသွားပြီလား...။
“မို့..”
ဆန်နီ ရေငုတ်ပြီးကြည့်ပေမဲ့ ရေနောက်နေလို့ ဘာမှ မတွေ့...။
ဘယ်ရောက်သွားတာလည်း မတွေးနိုင်ခင် ရေထဲပြန်ငုတ်ပြီး လက်နဲ့ ဝေ့ယမ်းဆွဲမိသည်..။
“ဟာ..”
အေးစက်တဲ့ အထိတစ်ခုကို ဆွဲမြှောက်ယူလိုက်တော့ ပျော့ခွေနေတဲ့ သူမက ပန်းလေး တစ်ပွင့်လို အလိုက်သင့်ပါလာသည်.။
ရေပေါ် ပြန်ရောက်အောက်ဆွဲမြှောက်ပြီး ကမ်းခြေရောက်အောင် တွဲကူးဖို့က မောနေပြီ..။
မှန်ဘီလူးတောင်းတုန်းက တွဲပါလာတဲ့သားရေလက်ပတ်ကို လက်မှာပတ်ထားမိတာ တော်ပါသေး၏..။ သားရေလက်ပတ်က ဝီဇီကို သတိရတော့ လက်မြှောက်ခါ အားကုန်မှုတ်လိုက်ရသည်..။
ဘောကွင်း ငှားတဲ့ ဘက် လူ နှစ်ယောက်ပြေးလာပြီး ဘောကွင်းတွေရော ကြိုးတွေရောနဲ့ အလုပ်ရှုပ်သွားကြသည်.။
“ဟင်း..ဟူး...ဟူး....မိ်ု...မို့..”
ကိုယ့်လက်ထဲမှာ ပိုက်ထားရသည့် သူမ ကို စိုးရိမ်ရင်း အသက်မရှုနိုင်သည့် ကြားက ကမ်းခြေမှာ ဇောက်ထိုးတင်ပြီး ဆောင့်ပြေးရသည်..။
“.အေ့...အေ့..အဟွတ်..”
“မို့..”
“ဟာ..တော်သေးတာပေါ့...အကို ကယ်လိုက်တာပဲ..”
ဘေးကတစ်ယောက်က ပြောရင်း တွဲချပေးပြီးတာနဲ့ ဆန်နီ ကမ်းခြေမှာ ပစ်လှဲချလိုက်ရသည်..။
“အဟွတ်..ဟွတ်..”
“ဟယ်..မို့...”
“မို့....အို...လုပ်ကြပါအုံး..”
“မို့ ရေနစ်တာလား..”
“ငါတို့က ဘယ်သူမှန်းမသိလို့ အပေါ်က ကြည့်နေတာ..”
“မို့..ရရဲ့လား....”
“နေ..နေ...”
နေမျိုးက မို့ ကို ပွေ့ချြီုပီး ဟိုတယ်ဘက် ကို ခေါ်ပြေးတော့မှ နောက်က သူငယ်ချင်း တစ်အုပ်က ပြေးလိုက်တော့သည်။
ဆန်နီ အသက်ပြင်းပြင်းရှုခါ ကောင်းကင်ကို ကြည့်ပြီး မျက်လုံးစုံမှိတ်ထားလိုက်သည်..။
.
“ဘယ်လိုဖြစ်တာလည်း...ဟာ...”
“မမေးပါနဲ့ စီစီ...မို့ နားပါစေ..”
“အင်း..တို့စောင့်နေမယ်နော်..”
“ရတယ်..”
အ၀တ်အစားတွေကို စီစီ နဲ့ ရီလေးတို့ ကူလဲပေးပြီး နေမျိုးက ဆံပင်တွေကို ရေခြောက်အောင် သုတ်ပေးနေပေမဲ့ မို့ စိတ်ထဲမှာ ရေထဲက အခြေအနေက ပျောက်မသွားနိုင်သေး...။
ရေနစ် ချိန် ကောက်ရိုးတစ်ပင် မြက် တစ်ပင် မရှိဘူးဆိုတဲ့ စကားကို မို့ အခုမှ ကောင်းကောင်း သဘောပေါက်တော့သည်..။
မွန်းကြပ်လွန်းတဲ့ ခံစားချက်...အသက်ထွက်ခါနီးလို ဖြစ်နေတဲ့ ကိုယ်ခန္ဓာက ပျော့ခွေပြီး ဘာကိုမှ အားကိုးလို့မရတဲ့ အခြေအနေ..
ဘေးက နေမျိုးကိုမော့ကြည့်ပြီး ငိုချင်လာသည်..။
မို့ ဘက်က ခါးခါးသီးသီး ဖြစ်နေပေမဲ့ သူ့ဘက်ကတော့ အကြင်နာတရားမပျက်တဲ့အပြင် သူ့ အသက်ကို မငဲ့ပဲ မို့ ကိုကယ်ပေးတာ..။
အသည်းနှလုံးမရှိတဲ့ လူကိုပဲ ချစ်နေမိတဲ့ ကိုယ့်ကိုယ်ကို ဒေါသထွက်ရသည်..။
“ငါ့ကို ကယ်ပေးတာ...”
နေမျိုးကို မျက်ရည်လဲ့နေတဲ့ မျက်၀န်းတွေနဲ့ ငေးပြီးပြောလိုက်တော့ စီစီ က ရီလေးကို လက်နဲ့ရိုက်ခါ
“ဟယ်...ဟုတ်သားပဲ..”
“ငါတို့ ကိုဆန်နီ ကို မေ့နေတာ..သူကော အဆင်ပြေရဲ့လား..”
“ဟင်..”
“ပြေမှာပါ..ငါစောစောက သွားမေးတော့ ရေချိုးခန်းထဲရောက်နေတယ်..”
“အေးဟယ်..တော်သေးတာပေါ့...သူတွေ့လို့ နင် ကံကောင်းသွားတာ မို့ရယ်..မဟုတ်ရင် မတွေးရဲစရာပဲ..”
“ကဲပါ..ပြီးခဲ့တာတွေ ပြန်တွေးမနေနဲ့ မို့ နားလိုက်..စီစီ နဲ့ ရီလေး..ရေသွားချိုးအုံး သဲတွေချည်းပဲ..”
“အင်း..”
“ကိုယ် စောင့်ပေးမယ်..”
နေမျိုးက ထိုင်ကျန်ခဲ့တော့ မို့ မျက်ရည်ဝဲ ခါ ခေါင်းသာတွင်တွင်ရမ်းမိသည်..။
“ရတယ်..မို့ နားချင်လို့.”
“အင်း..ဘာမှ မတွေးနဲ့နော်...”
မို့ ခေါင်းညိတ်ခါ ကုတင်ပေါ် ပြန်တက်ပြီး စောင်ခြုံလိုက်တော့ နေမျိုးက တံခါးပိတ်ပြီး ထွက်သွားပေးသည်..။
မို့ကို သူကယ်ပေးတာလား...သူ မို့ ကို စောင့်ကြည့်ပေးနေတာလား..
မို့ကို စိတ်မချလို့ပေါ့..အို...သူ ကော ဘာတွေ ဖြစ်သွားလည်း..အဆင်ပြေရဲ့လား..။
မို့ ကုတင်က အပြေးအလွှားထပြီး ဂျင်းဂျာကင် ထူထူ ကို ဆွဲထုတ်ရင်း အကြည့်က ပြတင်းပေါက်က တစ်ဆင့် ကမ်းခြေဘက်ရောက်သွားတော့..။
သူ့ကို ဘယ်လောက်ဝေးဝေး အလွတ်ခန့်မှန်းနိုင်သည့်  အရည်အချင်းကြောင့် သူ နဲ့ မြတ်အတူတူ ရပ်နေမှန်းသိလိုက်ရသည်..။
“အဟင့်...”
မျက်လုံးကို လက်နဲ့ ဖိပွတ်လိုက်ပြီး ကုတင်ပေါ် ပြန်ထိုင်လိုက်ပေမဲ့ သူတို့ ပုံရိပ်က ပျောက်မသွားနိုင်သေး..။
သူ စိတ်ထဲမရှိရင် ဘာလို့ ကယ်ခဲ့သေးလည်း...မကောင်းတက်လို့ နေမှာပေါ့..
သူက မြတ်ကိုပဲ စိတ်၀င်စားနေတာ ဘယ်လို လုပ်ရမလည်း..။
ဒါ၀ဋ်လည်တာ...နေမျိုးကိုမျှော်လင့်ချက်တွေပေးပြီး မို့စိတ်က သူ့ဆီရောက်နေတော့ သူကလည်း မြတ်ဆီစိတ်တွေရောက်တာပေါ့...။
မြတ်က မို့ချစ်ရတဲ့ သူငယ်ချင်း..သူတို့ နှစ်ယောက် ပျော်မယ်ဆို..မို့ စွန့်လွှတ်နိုင်ပါတယ်..။
နှစ်ယောက်စလုံးက မို့ ချစ်ရတဲ့သူတွေပဲလေ...။
.
“ကိုဆန်နီ...ဘယ်လိုနေလည်း..”
“ဘာမှ မဖြစ်ပါဘူး..”
“တော်သေးတာပေါ့...မြတ်တို့က မို့ ကိုပဲ စိတ်အရမ်းပူနေမိတာ..အကို့ ကို မေးဖို့ မေ့သွားတယ်..”
“ရပါတယ်..”
ပင်လယ်ဘက်ကို ငေးမိတော့ ရေကူးတဲ့ လူတွေနဲ့ ပြည့်နေပြီ..။
မနက်ကသာ အခုလို လူများရင် သူ့ကို ရှာဖိုတောင် လွယ်ပါ့မလား..။
“ဒါနဲ့ ဟိုညီမကော အဆင်ပြေလား.”
“အင်း အိပ်ပျော်သွားပြီ... ကြောက်နေတာပေါ့...သနားပါတယ် တစ်ခုခုဆို ငိုချည်းနေတာ..”
“မို့က ကလေးလိုပါပဲ အရမ်းအားငယ်တက်တော့....အားလုံး အလို ဝိုင်းလိုက်ထားရတယ်အကိုရဲ့..မဖျားအောင်ပဲ ဆုတောင်းနေရတယ်..သူက နူးနူးညံ့ညံ့လေး....”
“တစ်ဦးတည်းသော သမီးဖြစ်မယ်...” ဆန်နီ  သိချင်သေးတဲ့ သူ့ အကြောင်းတွေကို စကားအဖြစ်မေးခွန်းထုတ်လိုက်သည်..။
“မဟုတ်ဘူး အကိုရဲ့...မို့ မှာ အကို  နှစ်ယောက်ရှိတယ်...တစ်ယောက်က အမေရိက မှာ ဒေါက်တာ နောက် တစ်ယောက်ကတော့ အိတ်စ်ပို့ ကုမ္ပဏီ ထောင်ပြီး ဦးစီးနေတယ်...သူက အငယ်ဆုံး အိမ်မှာ အချွဲဆုံးပေါ့လေ..ဟွင်း..ဟွင်း...မိဘတွေက ငယ်ငယ်ကတည်းက မဆူ မငေါက် ဖူးဘူး..ရိုက်ဖို့ဆိုဝေးလို့ပေါ့.....မြတ်ဆို ငယ်ငယ်က..မို့ကို သိပ်အားကျရတာ...ကျောင်းတက်တော့လည်း ဆရာမတွေက မိဘအရှိန်နဲ့ ပိုကြင်နာပြကြတယ်...ဒီလိုနဲ့ အခု တတိယနှစ် ရောက်တဲ့ အထိ သူက အားလုံးထဲမှာ ကလေးလိုဖြစ်ကျန်နေတာ..မို့  မှာ ဓာတ်တစ်မျိုး ရှိလို့ ဖြစ်မယ်...သူ့အနားရောက်လာတဲ့ သူတိုင်း သူ့ကို အရမ်းချစ်ပြီး အလိုလိုက်ချင်သွားတယ်..အဟွင်း...”
“သြော်..”
ဆန်နီ ပင်လယ်ပြင်ရဲ့ မဆုံးတဲ့ မြင်ကွင်းကိုငေးရင်း ရင်ထဲ ဆွေးသွားရသည်..။
သူ့ရဲ့ ဆွဲငင်ဓာတ်ဆိုတာ သူ့ရဲ့ အလှတရား  ဖြစ်ပါလိမ့်မယ်....သူ့..အပြုံး...သူ့မျက်နှာလေး.....တစ်ခုခုပေါ့လေ...။
နေ့လည် ထမင်းစားချိန်ရောက်တော့  သူ့အခန်းရှေ့က ဖြတ်ရချိန် နှေးကျသွားမိတဲ့ ခြေထောက်တွေကို ဒေါသဖြစ်မိသလို လက်ဖျံနေရာက ဆစ်ကနဲ့ ဖြစ်သွားရသည်..။
“ဟော..ကိုဆန်နီ...လာ..”
“ပင်လယ်စာပဲ...ဆွဲသာဆွဲ..အားမနာနဲ့..”
“ဟုတ်ကဲ့..”
ကောင်မလေး နှစ်ယောက်ဘေးမှာ အတွဲ ကိုယ်စီနဲ့ဆိုတော့ ဆန်နီ ပန်းကန်ထဲ ထည့်ယူပြီး ခုံလွှတ်ကို လျှောက်လာခဲ့လိုက်သည်..။
“အယ်..”
“ဟား..ဟား...ထိုင်ပါ အကို..ရတယ်..မြတ် တစ်ယောက်တည်းပဲ..”
အပင်တွေရဲ့ နောက်ဘက် ကမ်းခြေကို မျက်နှာမူထားတဲ့ ရိုးရိုး ပလပ်စတစ်ခုံ၀ိုင်းကို ရွေးထိုင်မိတာ မြတ် နဲ့ နှစ်ယောက် တစ်ဝိုင်းဖြစ်သွားရသည်.။
“အင့်..”
“ဟာ..ရပါတယ်...မြတ်ရဲ့..”
“စားကြည့်ပါ အကို..ဘာမှ မပါပဲကို ကောင်းနေတာ..”
“အင်း..ပင်လယ်စာက ပင်လယ်ကြည့်စားရင် ဆားမလိုဘူးနဲ့ တူတယ်..”
“ဟား..ဟား...အကိုကတော့ ပြောတော့မယ်..”
မြတ်က ရယ်ပြီး ငါးကင်တွေလည်း ထည့်ပေးတော့ ဆန်နီိ စိတ်ရှုပ်ရပြန်သည်..။
စားပွဲဝိုင်းတွေကို ဝေ့ကြည့်လိုက်မိပြီး အားလုံး အတွဲ ကိုယ်စီ နေမျိုးဆိုတဲ့ ကောင်က တစ်ကောင်တည်း ဘက်ပဲ့နေတော့ သူမရှိတာ သတိထားမိခါ မနေနိုင်ပြန်...။
“မြတ် သူငယ်ချင်း နေကောင်းရဲ့လား..”
“ဟင်..မို့လား..”
“အင်း..”
ဆန်နီ ပန်းကန်တွေဆီ အကြည့်ရွေ့ပြီး ပုစွန်အခွံခွာရင်း  ခေါင်းည်ိတ်လိုက်တော့ မြတ်က သက်ပြင်းချသည်..။
ဘာတွေ ဖြစ်လို့လည်း....ဆန်နီ စိတ်ထဲ စိုးရိမ်စိတ်တွေ တိုးဆောင့်တက်လာသည်..။
“အိပ်နေတယ်...ကိုယ်လည်း မပူပါဘူး..မြတ်တို့ သွားခေါ်တော့ အိပ်ချင်သေးလို့တဲ့လေ...မနက်စာလေး စားပြီး ခုချိန်ထိ ဘာမှလည်း စားသေးတာမဟုတ်ဘူး..”
ဆန်နီ ရင်ထဲမောသွားရသည်။
မနက်စာ ကော်ဖီ ခွက်တစ်၀က်ပဲ သောက်သွားတာ ကိုယ်တွေ့..
ခုချိန်ထိ ဘာမှ မစားပဲ ဘာလို့ အိပ်ချည်းနေတာလည်း..ကြောက်တယ်ဆိုလည်း.. စိတ်ပူရတဲ့ သူ သက်သာအောင် အောက် နည်းနည်းတော့ ဆင်းပြသင့်ပါတယ်..။
မနက်နဲ့ ညမှားပြီး ညမှ ခပ်ဟော့ဟော့ ၀တ်ပြီး ဆင်းလာမယ် ထင်ပါရဲ့....။
ကိုယ်တိုင်ကလည်း ဘာတွေကို လိုက် စိတ်ပူနေတာမှန်းမသိ..။
သူ့မှာ ဒီလောက်ပြည့်စုံနေရဲ့သား..သွားပြီး သနားနေတာ..ကရုဏာတော်တော်ပေါနေသလား.. ဆန်နီ..။
ခေါင်းရမ်းပြီး ပန်းကန်ထဲက ပုစွန်ကို ကြည့်ခါ ဆက်ပင် မစားချင်တော့ပါ...။

နန်းထိုက်ပန်းမို့Where stories live. Discover now