Part 9

2.5K 153 1
                                    

နန်းထိုက်ပန်းမို့
အပိုင်း (၉)
#နန်းထိုက်ပန်းမို့

“မို့....”
“စီစီ..”
“များနေပြီ..ပြန်မယ်..”
“ပြန်ဘူး..”
“မို့ပြောတော့ ကချင်လို့လာတာဆို..”
“အဟဲ လိမ်တာ..”
“ဘာဖြစ်နေတာလည်းဟင်....အရင်က လာရင် အဲလောက်မသောက်ပါဘူး..”
“မူးချင်လို့ သောက်နေတာ..မေ့ချင်လို့ သောက်နေတာ..”
“ဘာ..ဘယ်သူ့ကိုမေ့ချင်တာလည်း...မို့ မူးနေတာ စီစီ တို့ အိမ်လိုက်မပို့နိုင်ဘူးနော်..”
“ရတယ်..ပြန်တော့..”
“ကျစ်...ပြန်ပြီကွာ..”
စီစီ က စိတ်မရှည်စွာ ထားခဲ့လိုက်တော့ မို့ ပြုံးရင်း ခွက်ကိုမော့ချလိုက်သည်..။
“မို့..”
“ထိုင်မယ်..”
“အင်း..”
“စည်သူ ဘယ်လိုလည်း..”
စည်သူက မို့ဘေးခုံမှာကပ်ထိုင်ပြီး မို့လက်ထဲက ခွက်ကိုဆွဲယူသောက်လိုက်သည်..။
“ဒါ ကိုယ် မေးရမှာလေ...မို့ ဘယ်လိုလည်း..”
“မသိဘူး..အသည်းတွေကွဲနေတယ်..”
“တူတူပဲ...ပြန်တွဲကြမလား..”
“ဟင်..”
မို့ မျက်လုံးဝိုင်းဖြင့် ပြူးကြည့်နေတော့ ဟက်ခနဲ့ တစ်ချက်ရယ်ပြီး မော့သောက်ပြန်သည်..။
ဟုတ်တယ်...စည်သူက လူချော...လူချမ်းသာ...သူ့ထက် အားလုံးသာတယ်...သူက ရုပ်ချောတာပဲ ရှိတာ..စည်သူက မို့ကို ဘယ်တော့မှ မအော်ဘူး..အဲဒါသေချာတယ်...သူက မို့ကို အော်တယ်...ပြီးတော့ မုန်းတယ်...
“အဟင့်..”
“ဟာ..ဘာဖြစ်လို့လည်းကလေး..”
စည်သူက ရှေ့က ပုဝါတစ်စယူပြီး မို့ကို မျက်ရည်သုတ်ပေးသည်..
အမြဲကြင်နာယုယနေတဲ့သူတွေ ဝိုင်းဝိုင်းလည်နေရဲ့ သူ့ကိုမှ ဘာလို့ စွဲလမ်းနေရတာလည်း..။
“တွဲမယ်..စည်းမျဉ်းကတော့ အရင်အတိုင်းပဲ..”
“အတူမအိပ်ဘူး ခွင့်မပြုရင် မနမ်းရဘူးမလား..”
“အင်း..မှန်တယ်..”
မို့ လက်ညိုးထောင်ပြပြီးပြောလိုက်တော့ စည်သူ အနားပိုတိုးခါ ပခုံးကိုဆွဲဖက်ပြီး..
“ဖက်လို့တော့ရတယ်ဟုတ်...”
မို့ သူ့ရင်ခွင်ထဲရောက်သလို စိတ်ကူးဖြင့် မျှော်မှန်းရင်း ပြုံးလိုက်မိပြန်သည်..။
.
“ဘယ်သွားမလည်း..”
“လှည်းတန်းက မုန့်ဆိုင်.မို့သိတယ်...”
“အိုကေ..”
စည်သူက မျက်မှန်ကို နှာခေါင်းရိုးအောက်ချပြီး မို့ကို ဆိုက်ကြည့်နေတော့ ရယ်လိုက်ရသည်..။
“အရမ်းလှနေတယ်ကွာ...အလှမပြင်ပါနဲ့...ကမ္ဘာကြီး ပြောင်းပြန်လည်သွားလိမ့်မယ်..”
“ဟီး...အဲလောက်တောင်လား..”
“ဟုတ်တယ်..”
ကားထိုးရပ်လိုက်ချိန် ဆိုင်ရှေ့မှာ သူ့ကားတွေ့တာနဲ့ မို့ မျက်မှန်ကောက်တပ်လိုက်ရသည်..။
ကိုယ်ခန္ဓာကြီးက သရုပ်ဆောင်နိုင်ပေမဲ့ မျက်လုံးတွေက သူ့ကိုတွေ့တာနဲ့ အလိုက်မသိစွာ ငိုကြတော့မှာ သိနေသည်..။
“လာ..”
“တယ်ဟုတ်ပါလား..”
စည်သူက သူ့လက်ကို မကိုင်စဖူးကိုင်လို့ မျက်မှန်ချွတ်ပြီး သေချာ ပြူးကြည့်ပြသည်..။
ဆိုင်၀မှာ ထိုင်နေတဲ့ သူကတော့ မျက်လုံးတစ်ချက်သာလှန်ကြည့်ပြီး စိတ်မ၀င်စားစွာ ဖုန်းကို ပြန်ကြည့်နေသည်..။
ဟုတ်တာပေါ့..အခုဆို မြကြာဖြူ နောက်တစ်ယောက် တွေ့နေလောက်ပါပြီ...။
“မို့ ကလေး ဘာစားမလည်း..”
“ငါးထမင်းနယ်မလား..”
“အင်း..”
“သိနေတယ်လေ..”
“ဟိ..”
“တော်သေးတာပေါ့ လူပါးလို့..”
“ဘာလို့ “
“မို့ က အလှတွေပြင်လာတာ လူတွေက စိတ်၀င်တစားကြည့်ကြရင် ကိုယ်က ဒေါသထွက်ရအုံးမယ်..”
“အခုတော့..”
“အင်း..အခုတော့ ...”
စည်သူက ဆိုင်ထဲကို တစ်ချက်ဝေ့ကြည့်ပြီး..
“ရှိတဲ့ ကောင်ကလည်း ဖုန်းနှိပ်နေတယ်...စိတ်မ၀င်စားဘူး..ဟူး..တော်ပါသေးရဲ့..”
စည်သူက ရယ်ရင်းပြောပေမဲ့ မို့ကတော့ ရင်ထဲစို့တက်သွားရသည်.။
ချောပါတယ်လှပါတယ်ဆိုတဲ့ မို့က အလှပါထပ်ပြင်လာပြီး ထိုင်နေတာကို သူက ဂရုမစိုက်ချင်လောက်အောင် မုန်းနေတာပဲ..။
“ရပြီ...အင့်...ခဏ..”
“အ..”
“ဟား..ဟား..”
“အား..စည်သူကလည်း..”
“ကျွေးဘူး..ကို လို့ ခေါ်မှ ကျွေးမယ်..”
မို့ မျက်မှန်အနက်ကို အကာအကွယ်ယူပြီး သူ့ဆီ မျက်လုံးထောင့်ကပ်ကြည့်မိတော့ ဖုန်းနှိပ်နေတာ ဘာကိုမှ မသိ...။
“ခေါ်မှာလား..”
“အင်း...”
“ကို..”
“ဘာလည်း..ကြားရဘူး..”
“ကို...ကျွေးတော့..”
မို့ အသံမြှင့်သွားလို့ ဆိုင်က ၀န်ထမ်းတွေ ပြုံးစေ့စေ့ ဖြစ်သွားပေမဲ့ သူမပါ...။
“လိမ်မာတယ်..”
“ဟွင့်...ပေးတော့..”
မို့ ပန်းကန်ဆွဲယူလိုက်တော့ စည်သူက မို့ ပါးကို လှမ်းပုတ်ပြီး မျက်မှန်ကို ဆွဲချွတ်ယူသည်..။
ရုတ်တရက်မို့ မရှောင်နိုင်ခင် သူ နဲ့ အကြည့်ဆုံမိသွားတော့ သူက ထိုင်နေရာ က ထခါ..
“ရပြီလား အန်တီ..”
“အေးနေအုံး....ဟဲ့ကျော်ကျော်...မြန်မြန်လုပ်လေ...”
ပါဆယ်ဘုံးတွေ သယ်နေတဲ့ ကောင်လေးတွေကို ကူပြီး ကားပေါ်တင်ခါ လှည့်တောင် မကြည့်ပဲ ကားမောင်းထွက်သွားပြီ...။
“မို့..စားလေ..”
“ဝြပီ..”
“ဟင်..”
စည်သူက မျက်လုံးပြူးဖြင့် အံသြပြနေတော့ မို့ ရယ်ကြဲကြဲ လုပ်နေလိုက်ရသည်..
ရင်ထဲမှာ အောင့်သပ်သပ်ရယ်...။
.
“ဟူး..”
“အဟ...”
“ဟား..ဟား..ဟား...”
ကားမောင်းနေရင်း ကနာမငြိမ် ဖြစ်နေသည့် စိတ်တွေလျော့ပါးသွားအောင် ရောက်တက်ရာရာ လျှောက်တွေးနေမိပေမဲ့ မသက်သာ...။
“မင်းက စုန်းမလေး..”
“မဟုတ်ဘူး..ကဝေမ...”
“လူကို ပြုစားနေတာ...ခံစားရအောင်လုပ်နေတာ...မင်းက လူတွေရဲ့ အသည်းနှလုံးကို မှ ကစားနေတဲ့ ကြောက်စရာ စုန်းမလေးပဲ...”
မြကြာဖြူကို တစ်နေ့တာ အစီအစဉ်တွေ ပြောပြခဲ့မိတာ..ဒီလို ခံစားရမယ်မှန်း ကြိုမသိခဲ့လို့ပါ..။
အခုတော့ ဆန်နီ ဘယ်အချိန် ဘယ်မှ ရှိမှာ သူသိနေတော့ သူ့လူကို လက်တွဲပြီး တစ်နေ့ နှစ်ခါနီးပါးတွေ့နေရတာ ရိုးသားတဲ့ တိုက်ဆိုင်မှု မဟုတ်ဘူးဆိုတာ ရိပ်မိပါသည်..။
မင်းက ငါ ခံစားရစေချင်လို့ လုပ်တာဆို မင်းကို လက်ဆွဲပြီး ငါ့နှလုံးပေါ်လက်တင်ပြချင်တယ်..
ငါ ရူးလောက်အောင် ခံစားနေရတယ်...
မင်း ၀မ်းသာလိုက်တော့ အလှဘုရင်မလေး..။
“ကိုတဲ့...ဟ..ဟာ...”
မင်း သရုပ်ဆောင်နေတယ်လို့ သက်သာသလို တွေးခဲ့မိပေမဲ့ ငါ ရင်တွေ ဝုန်းဒိုင်းကြဲနေရတယ်..
ကျေးဇူးပြုပြီး ငါ့ရှေ့မှာ နှစ်ယောက်တွဲ ပေါ်မလာပါနဲ့...။
သူ့လက်ကိုမကိုင်ပါနဲ့..။
သူ ပခုံးဖက်တာ မခံပါနဲ့..။
သူခွံ့ကျွေးတာမစားပါနဲ့ .။
သူနဲ့ မမြင်ကွယ်ရာကို မလိုက်ပါနဲ့ ...။
ဘယ်လိုမိန်းကလေးလည်း ကွာ..
ယောင်္ကျားတစ်ယောက်ကို ခံစားစေချင်လို့ ကိုယ့် အန္ထရယ်တောင် ကိုယ် မမြင်တော့ဘူလား...။
“ငါတကယ် မုန်းတာ...မုန်းတယ်...ဟာဟ..”
သီချင်းကျယ်ကျယ်ဖွင့်ပြီး စိတ်ရူးပေါက်သလို အော်ဟစ်ဆိုရင်း ကားတွေကို ကွေ့ရှောင်လာလိုက်သည်..။
.
“မင်းသိလား..”
“ရှင်..”
“ကိုယ့်ရဲ့ အချစ်စိတ်ကြောင့် မင်းလို နိမ့်ကျတဲ့ ဘ၀ထဲ ဆွဲမချရက်ဘူး..”
“ဒါပေမဲ့...”
“သွားပါတော့ကွာ..”
“တကယ်သွားရမှာလား..”
“ဟုတ်တယ်...ဘယ်တော့မှ ပြန်မလာနဲ့...”
ပြေတီဦးက ကျောခိုင်းရင်း မျက်ရည်ကျပြောနေတာ မသိတဲ့ မိုးဟေကို ထွက်သွားတော့  ဆန်နီ ရင်ထဲဟာခနဲ့ ဖြစ်သွားရသည်..။
ဆန်နီဆိုရင်ကော...သူထွက်သွားတာ သူ့အတွက်ပိုကောင်းပါတယ်..။
ငါနဲ့ တွဲရင် သူ မာစီတီး စီးရမှာ မဟုတ်ဘူး..သူ စားတဲ့ စားသောက်ဆိုင်တွေရဲ့ ဘေးပေါက်မှာပဲ အလုပ်ရှုပ်နေတဲ့ ဆန်နီဆိုတဲ့ကောင်နဲ့ သူ့လို ရွှေဘုံနန်းဆန် ပန်းလေး ဘယ်လို နှစ်ပါးသွားကြမလည်း..။
“အမဲလိုက် အက....စင်မြင့်ထက်က...ရှုံးတဲ့လူ လဲကျမယ်..”
“ဟေ့ကောင်..ဖုန်းကိုင်အုံးလေ..”
“ဟမ်..”
‘ဖုန်း..”
“ကြားပါတယ်..အဖေရဲ့..”
တီဗီရှေ့က အဖေက နောက်လှည့်ပြီး အော်တော့ ဆန်နီ ဖုန်းဆီ ထလာခဲ့ရသည်..။
“ဟလို..”
“ဟုတ်ကဲ့..ဘယ်ပို့ပေးရမလည်း.”
“ကျွန်တော်ရောက်နေတာ ဝေးလို့ နောက် နာရီ၀က်မှ ရောက်လိမ့်မယ်...”
“ဟုတ်ကဲ့..ဒါဆို ထွက်လာခဲ့ပါမယ်...”
“ဘာလည်း..”
အမေက အိမ်၀ကလှမ်းမေးတော့ ဆန်နီ ခေါင်းရမ်းပြီး.
“သိဘူး.”
“ခွေးကောင်..”
‘အော်ဒါရတယ်...ဆန်းထနေတာ..ဟား..ဟား..”
‘ဘယ်အထိလည်း “
“ကန်ကြီးထဲ..”
“သတိထားအုံး..”
“အိုး..မာတာအမိရယ်...စီးထားတာ မာစီးတီးမဟုတ်ပါဘူး..ဘယ်သူမှလည်း စိတ်မ၀င်စားဘူး..ကပ်သွားရင်တောင် ခါချနေတာ..”
“မန်နီကို ခေါ်သွားမလား..”
“အံမယ်...ဒီတစ်ခါ သားလေးကို ထည့်ပေးနေတာ...နေပါစေ..ပြန်လာရင် ဆူမှာ မခံနိုင်ဘူး..သွားပြီ...အိပ်ချင်ရင် အိပ် မစောင့်နဲ့နော်...သော့ဖွင့် ၀င်ခဲ့မယ်..”
“ဟဲ့...ပို့ပြီးတာနဲ့ ပြန်လာနော်..”
“ဟုတ်..”
ဆန်နီ ကားကို ပြန်ကွေ့တော့ အမေက အိမ်၀ထွက်ရပ်ကြည့်နေလို့ ကားရပ်ပြိး လက်ပြထားခဲ့လိုက်ရသည်..။
အမေက အပြင်မှာ မာကျောသလိုနဲ့ အတွင်းစိတ်ကတော့ အမြဲစိုးရိမ်ပူပင် အားငယ်နေတက်သည်..။
“ဟလို..အကိုရောက်ပြီ...ဘယ်နားလည်း..”
“သြော်..ဟုတ်ပြီ..၀င်လာလို့ရတယ်မလား..”
‘အင်း..”
ခြံ၀န်းပုံစံမြက်ခင်းကျယ်ပေါ်မှာ မီးရောင်စုံနဲ့ အတူ ဝါးဘန်ကလိုလေးတွေမှာ ဘားတွေရှိပြီး တစ်ဝိုင်းကို လူ ဆယ်ယောက်လောက် သောက်နေကြသည်..။
“ကားခေါ်ထားလို့ပါ..”
“သြော်..ဟုတ်တယ်..ပစ္စည်းတွေ ကွင်းထဲပို့ဖို့ပါ တင်လိုက်မယ်နော်..”
တစ်ခုခုတော့ လွဲနေပါပြီ ဒီနားက ကွင်းထဲ ပစ္စည်းပို့ဖို့ကို  ကားလှမ်းငှားတာ ဟုတ်တောင်ဟုတ်ရဲ့လား..။
ဥပဒေမကင်းသည့် ပစ္စည်းများလားတွေးမိရင်း ချွေးပြန်ချင်လာသည်.။
“ဘာတွေလည်း အကို..”
“ဘူဖေးအတွက်ပါ ဟိုဘက်မှာ စနေပြီ ...”
“သြော်..”
ပစ္စည်းတွေတင်ပြီး အလုပ်သမား လေးယောက်ပါနောက်ခန်းမှာ ၀င်ထိုင်ပြီး ကွင်းလယ်က မီးရောင်စုံစီ ဦးတည်မောင်းခိုင်းပြန်သည်..။
“အကို ခုံတွေ သယ်ရအုံးမယ်..”
“အိုကေ..ရတယ်ညီ..”
ပစ္စည်းတွေချပြီး ခုံတွေ တစ်ခေါက်ပြန်တင် ရတာ လူက မြက်ရိတ်ကားမောင်းနေသလိုပင်..။
“ရပြီ..အကို...သိမ်းတာက စောင့်မလား..ပြန်လို့တော့ရပြီ..”
“ကြာမလား..”
“မသိဘူး..အကိုရဲ့ သူ့ကောင်မလေးအတွက်ဆိုတော့ကြာမယ် မထင်ဘူး..ပြီးတာနဲ့ ဟိုတယ်၀င်မှာလေ..ဘိုကင်တောင် လုပ်ထားပြီ”
“သြော်..”
ဆန်နီ အုန်းပင်ပုလေးကို မှီရပ်ပြီး ၀န်ထမ်းတွေ အလုပ်ရှုပ်နေတာကို ကြည့်နေလိုက်သည်..။
တော်တော် ကံဆိုးတဲ့ကောင်မလေးဖြစ်မှာပါ...ပွဲသေးသေးလေးနဲ့ ဘ၀ အပိုင်သိမ်းခံရမှာ မသိရှာဘူး..။
“လာပြီ..”
၀န်ထမ်းတွေ က အလုပ်ရှုပ်သွားချိန် ဆန်နီ မျက်လုံးပြူးသွားရသည်..။
၀င်လာတဲ့ကားအဖြူရောင်လေး...။
မသေချာလို့ မျက်တောင်မခတ် ကြည့်နေမိတာ ကားတံခါးပြေးဖွင့်ပေးတော့ ဆင်းလာသူက...
“မို့..”
နှုတ်ကတောင် အသံထွက်မိသွားအောင် မယုံနိုင်ဖြစ်ရသည်..။
သူကတော့ ထုံးစံအတိုင်း ဆံပင် မြင့်မြင့် ထုံးခါ ဂါ၀န်ပါးပါး အဖြူ လွင်လွင်လေးနဲ့ ကျောပြောင် မှာ ဘာအကာအကွယ်မှမရှိပဲ ငှက်မွှေးအဖြူလေး သုံးလေးခု လည်ဂုတ်က ချည်ကြိုး မှ တစ်ဆင့်တွဲလောင်းကျနေသည်..။
နတ်သမီးများလား...။
“ဟယ်...”
“ကြိုက်လား..”
“အင်း..”
“တော်ပါသေးရဲ့..”
“ကျေးဇူးတင်ပါတယ်..”
သူ့ရှေ့က ကောင်ကို လည်ပင်းသိုင်းဖက်လိုက်တော့ ဆန်နီ အကြည့်လွဲလိုက်မိသည်..။
“လာလေ...ထိုင်..”
“နှစ်ယောက်တည်းလား..”
‘ဒါပေါ့...မို့အတွက်ပဲလေ...”
“ဟိ...လှလိုက်တာ..”
ပန်းကန် နှစ်ခု အရင်ချပြီး စားနေကြတာ..တစ်ယောက်တစ်ပြန် ခွံကျွေးနေကြတာသိတော့ ဆန်နီ ကျောခိုင်းထွက်လာခဲ့လိုက်သည်..။
“ကမယ်လေ..”
ခြေလှမ်းသုံးလှမ်းအကွာလောက်မှ ခေါင်းပြန်ငဲ့ကြည့်တော့ သူမ ခါးသေးသေးမှာ လက်တင်ထားပြီး လက်တစ်ဖက်ကို ဆုပ်ကိုင်ပြီး ဖြည်းဖြည်းချင်း ကနေသည်..။
ခြေလှမ်းတွေ မှားပြီး ဘေးဘက်က ကျောက်တုံးအလှတွေကို ခလုတ်တိုက်မိပေမဲ့ ဂရုမစိုက်စွာ ဆက်လျှောက်လာခဲ့လိုက်သည်..။
“အကို ပြန်တော့ဖို့လား..”
‘အေး..”
‘နေပါအုံးပြန်သိမ်းရင်..”
“ဆောရီး..အကို သွားစရာ အရေးကြီးပေါ်လာလို့..”
‘ဒါဆို...ကားခယူသွားအုံးလေ ခဏနော်..”
ကောင်လေးက ပြန်၀င်ပြေးပေမဲ့ ဆန်နီ ကားဆီဆက်လျှောက်လာပြိး ကားသော့ဖွင့်ခါ မောင်းထွက်လာခဲ့လိုက်သည်..။
“ဟင်..”
သူ့ကားမောင်းထွက်သွားတော့ မို့ ငိုချင်သွားရသည်..။
သူ့ကြောင့် အခုလိုတွေ စီစဉ်ထားရတာ...မို့ကို တစ်ချက်တောင်မှ ငဲ့ကြည့်မသွားဘူး..။
ရုပ်ရှင်တွေထဲကလို သ၀န်တိုပြီး လက်ဆွဲခေါ်သွားမယ်ထင်ခဲ့မိတာ...ကိုယ့်ကိုယ်ကို အထင်ကြီးမိခဲ့လို့ပါ..။
သူ့စိတ်ထဲမှာ မို့မှ မရှိတာ...စည်သူ့ကို ဘယ်လိုပြန်ခွါရမလည်း တွေးရင်းချွေးပြန်လာရသည်..။
“စည်သူ..အရင်စားကြမယ်လေ..”
“မို့ ဗိုက်မဆာဘူးမလား..ကိုသိပါတယ်..”
“အင်း ပြန်တော့မယ်..”
‘ဟာ..ဒီမှာ စားချင်တယ်လို့ မို့ပြောပြီး စီစဉ်ခိုင်းတာလေ..”
‘ခေါင်းမူးလို့ အိမ်ပဲပြန်ချင်တယ်..”
“ဝိုင်တော့ သောက်သွားပါကွာ..ဒါ စပိန်ဝိုင်...”
“အင်း..”
ရှောင်နေမှန်းသိသွားရင် ပိုဆိုးလာမှာရယ်...သူရယ် မို့ရယ်ပဲ ကွင်းတစ်ခုထဲရောက်နေရသည်မို့ ကြောက်ပြီး လက်ခံလိုက်ရသည်..။
“အင့်..”
ခွက် ကို လှမ်းပေးပြီး ပြုံးပြတော့ အလိုက်သင့် ပြုံုးပြလိုက်ရင်း နှုတ်ခမ်းတေ့မော့သောက်ပြလိုက်ရသည်..။
“မို့ အရမ်းလှနေတယ်..”
‘ကျေးဇူး..”
“ဘယ်လိုလည်း..”
“ကောင်းပါတယ်..”
သူ့အမေးကြောင့် မို့ နောက် တစ်ကြိမ်မော့ပြလိုက်ရသည်..။
.
“ဟင်..”
ဆန်နီ ကားအရှိန်မြင့်ထားရာမှ ရုတ်တရက် ဘရိတ်ဖိနင်းလိုက်မိသည်..။
“..ပြီးတာနဲ့ ဟိုတယ်၀င်မှာလေ..ဘိုကင်တောင် လုပ်ထားပြီ”
ထိုစကားကို အထိတ်တလန့် ပြန်ကြားယောင်ရင်း လက်မှာ ချွေးစေးပြန်လာရသည်..။
သူကစပြီး ပွေ့ဖက်သေးတာပဲ ယောင်္ကျားတစ်ယောက်ကို မချစ်ပဲ ဘယ်မိန်းကလေးကစ ဖက်ပါ့မလည်း..
ပြီးတော့ ခါးပေါ်လက်တင်ပြီး လက်ချင်းဆုပ်ကိုင်ပြီး အပြုံးဝေရင်း ကနေတဲ့သူမ...။
သူကိုယ်တိုင်က လက်ခံလို့ ဖြစ်မှာပါ အတူတွဲနေကြတာပဲလေ...။
ကားကို ဘရိတ်ဖြည်းဖြည်း ပြန်လွှတ်ပြီး ဆက်မောင်းလာခဲ့လိုက်သည်..။
.
“မို့...အိမ်ပြန်ချင်ပြီ..”
“ရဘူး..”
“ဘာလို့လည်းဟင်..”
“မို့ အရမ်းလှနေလို့..”
“ဟင်..”
စည်သူက ရှေ့ခုံက ထလာပြီး မို့ခုံနောက်မှာရပ်ခါ သိုင်းဖက်လိုက်သည်..။
“ဘာလုပ်တာလည်း..”
“ချစ်လို့ပါဆို..”
လည်ဂုတ်ကို အနမ်းခံလိုက်ရခြင်းနဲ့ အတူ ဒေါသတကြီး ထရပ်လိုက်တော့ စည်သူ့ မေးဖျားကိုတိုက်မိသွားသည်..။
“အ..မို့နော်..မဆိုးနဲ့..”
“ပြန်တော့မယ်..”
“မပြန်ရဘူးကွာ...”
“လွှတ်..”
လက်ကို အားနဲ့ ဆောင့်ဆွဲခံလိုက်ရတော့ မို့ နာကျင်သွားခြင်းနဲ့ အတူ စည်သူရဲ့ အကြမ်းအရမ်း လုပ်တဲ့ အပြုအမူကို အံသြရသည်..။
အကုန်လုံးက မို့ကိုဆို ပန်းလေး တစ်ပွင့်လို တန်ဖိုးထားယုယကြတာ..ဒီအထဲမှာ စည်သူက ထိပ်ဆုံးကပါ...။
သူနဲ့ လမ်းခွဲလိုက်တာတောင် အပြုံးမပျက် အခင်အမင် မပျက်နေခဲ့တာ အလိုလိုက်သိတက်လွန်းလို့ပါ..။
အခုတော့ မျက်ထောင့်နီနီတွေနဲ့ ကြည့်နေတာ သူမဟုတ်တဲ့အတိုင်း..။
“အိမ်လိုက်ပို့ပါနော်..”
“မို့..”
“ဟင်..”
“ကို့ကို ချစ်တယ်ဆို..”
“...”
“ကိုတိ်ု့တွဲနေတာလေကွာ..”
“....”
“နှုတ်ခမ်းလေးတော့ နမ်းခွင့်ပြု..”
“ဟင့်အင်း...ဟင့်အင်း..မထိနဲ့..”
မို့ လက်သေးသေးလေး နှစ်ဖက်စလုံးကို သူ့ရဲ့ အားကြီးတဲ့ လက်တွေနဲ့ ဖမ်းဆုပ်ကိုင်ပြီး ခေါင်းရမ်းပြခါ ရယ်နေသည်..။
“မို့ရယ်..”
“မင်းမှားတာ...မင်းပြုစားတာ...”
“လွှတ်...”
‘မင်းလို မိန်းမလှလေးက ဒီလို နတ်သမီး ၀တ်စုံ ၀တ်ပြီး ယောင်္ကျားလေး တစ်ယောက်နဲ့ တူတူမလာသင့်ဘူးကွ..”
“ဘာလုပ်တာလည်း..”
“မရတော့ဘူး..”
“အား...”
မို့ လက်ကိုမရုန်းနိုင်လို့ ကုန်းကိုက်ပစ်လိုက်ပြီး ကွင်းဘက်ဆီ ဦးတည် ထွက်ပြေးမိသည်..။
“မို့..”
‘ဟေး...”
“မပြေးနဲ့...မှောင်နေတယ်..ဟာ..ကျစ်...”
စည်သူ့ အသံကြားလို့ မို့ ပိုအားစိုက်ပြေးရတာ ဖိနပ် ဒေါက်က လှိမ်ပြီး ကျွတ်ကျကန်ခဲ့ရသည်..။
“ကျွီ..”
“ဟာ...အကို ပိုက်ဆံမေ့....”
“ဟာ...ဟေ့လူ..”
ပိုက်ဆံပေးတဲ့ကောင်လေးကိုကျော်ပြီး အသားကုန်ပြေးလာမိတာ..နောက်က ၀န်ထမ်းနှစ်ယောက်က ကြောင်နေပြီးမှ ပြေးလိုက်လာကြသည်..။
“ဒီက ကောင်မလေးကော..”
“အဟဲ..ကောင်မလေးက မူပြီး ထွက်ပြေးလို့ လိုက်ခေါ်နေတယ်..”
“ဟာ..ဘယ်ဘက်ကိုလည်း..”
“ကောင်မလေးက အမှောင်ဘက်ခြမ်းပြေးတာ...ဟိုအကိုက အပြင်ဘက်ခြမ်းကလိုက်နေတယ်...ရုပ်ရှင်ရိုက်နေကြတာ..ဟီး..ဟီး..”
ဆန်နီ ကွင်းပေါ်ခုန်တက်ပြီး မီးရောင် မရောက်သည့် ဘက်ကို ဦးတည်ပြေးရင်း ရင်ဘတ်တွေ လှုပ်ခါနေတာ မရပ်နိုင်...
သူ ဘာတွေ ဖြစ်မလည်း..ရေကန်ရှိတာ သိရဲ့လား..
ဆက်မပြေးပါနဲ့..တောင်းပန်ပါတယ်..ဆက်မပြေးပါနဲ့...
မင်းကိုမမုန်းတော့ဘူး..ကျောမခိုင်းတော့ဘူး..
လက်မလွှတ်နိုင်တော့ဘူး..မပြေးပါနဲ့တော့...။
“အ...”
အုတ်ခဲတက်နင်းပြီး ချော်လဲလို့ နောက်ပြန်လှည့်၍ ဖုန်းမီးထုတ်ခါ ကြည့်လိုက်တာ ဒေါက်ဖိနပ် အဖြူလေး...။
“မို့..”
“မို့...မင်းဘယ်မှာလည်း..”
ပြောင်ရှင်းနေသည့် မြက်ခင်းပေါ်မှာ ခြေရာ ဘယ်လို ကောက်ရမလည်း...။
ဖိနပ် လဲနေတာကလည်း ဘယ်ဘက်ကို ဦးတည်မှန်းမသိ..ဆန်နီ လာတဲ့ ဘက်က မဟုတ်နိုင်လို့ ဖိနပ်ကိုကောက်ပြီး ဆန့်ကျင်ဘက်ကို ဆက်ပြေးသွားလိုက်သည်..။
“ဟာ..”
မီးဝါရောင် ရောက်တဲ့ နေရာမှာ အောက်ခံ အစိမ်းရောင်ပေါ် ထင်ရှားနေသည့် ငှက်မွှေးဖြူလေးက လေနဲ့ အတူ မြေမထိတထိ လွင့်နေသည်..။
သူ့ အကျီ င်္က ငှက်မွှေးလေး...။
“မို့...”
“ဟင်..”
“မို့...အကို ဆန်နီ ပါ...ဆက်မပြေးနဲ့တော့ ရေကန်ရှိတယ်..”
“မို့...”
ရှေ့ မီးတိုင် အောက်ဘက်မှာ တစ်ခုခု လှုပ်သွားတာတွေ့တော့ ဆန်နီ ခြေကုန်ပြေးသွားမိသည်..။
တိုင်ဘေးမှာ အတင်းကပ်နေသည့် သူမ ကို စိုးရိမ်တကြီး လက်ဆွဲထုတ်လိုက်ပြီး တစ်ကိုယ်လုံးကို စိတ်စောစွာ ကြည့်ရင်း မျက်နှာဆီ အကြည့်ရောက်တော့...
“တောက်...မင်း ဘာလို့ ပြေးတာလည်း..”
“အဟင့်..”
“မငိုနဲ့..မင်း..ဘယ်လို မိန်းမလည်း.. ဦးနှောက် မရှိတဲ့ မိန်းမ ကိုယ့်ကိုယ်ကို တန်ဖိုး ထားရမှန်း မသိတဲ့ မိန်းမ...”
“အား...မပြောနဲ့...မပြောနဲ့..”
နားနှစ်ဖက်ပိတ်ပြီး ခေါင်းခါရမ်းရင်း အော်လိုက်တော့ ဆန်နီ ရင်မောရသည်..။
“မင်းအတွက်ပြောနေတာ...မချစ်ရင် ဘာလို့တွဲလည်း..မအိပ်နိုင်ရင် ဘာလို့ ဟိုတယ်လိုက်လာလည်း..”
“ဖြန်း..”
“ဟာ..မင်း..”
ကိုယ့်ရဲ့ စေတနာကို စော်ကား နှစ်ခါ ရှိသွားပြီ...သူ့ အသက်ကို ကယ်မိတိုင်း စော်ကားခံနေရတာ..
“တောက်...”
‘ငါ့ချစ်သူနဲ့ ငါပြေးနေတာ နင်နဲ့ ဘာဆိုင်လည်း..”
“ဘာဆိုင်လည်းလို့..”
“ဟင်..” မျက်လုံးစုံမှိတ်ပြီး ထပ်ဆင့် အော် မေးတော့ ဆန်နီ မျက်လုံးပြူးသွားရသည်...တကယ်များလား..
“နင်ပဲ ငါ့ကိုမုန်းတယ်ဆို..ရွံတယ်ဆို..
မကြိုက်ဘူးဆို...ဘာလို့ ငါ့ကို လိုက်နှောင့်ယှက်နေတာလည်း..
ဘာလို့လည်း..ဘာလို့လည်း..အားထွက်သွား..”
“မို့...”
“ငါမှားသွားတာ....ချစ်လမ်းခရီးမှာ အနှောင့်အယှက်ဖြစ်သွားရင် ဆောရီး..”
ဆန်နီ ကျောခိုင်းထွက်လာချိန် ဘေးက သကောင့်သားက အမောသံနဲ့ တ မို့မို့ လုပ်နေသည်..။
“မို့...ဘာလို့ပြေးတာလည်း..”
“မထိနဲ့..”
“အိုကေ...မထိဘူး..အန်တီကို မတိုင်နဲ့နော်..”
“ဟီး....အဟင့်...”
“ကို ဘာလုပ်မိလို့လည်း မို့ရယ်..”
“နင် ငါ့လက်ကို တအားဖျစ်တာ ကျိုးပြီ...”
“ဟာ..”
“ပြီးတော့ ငါ့လည်ဂုတ်ကိုလည်း အတင်းနမ်းတယ်...”
“ဒါက...”
“နင် နဲ့ ငါ သူငယ်ချင်းလို ပဲနေပါမယ်လို့ ကတိပေးထားပြီး နင်ယုတ်မာတာ...”
ဆန်နီ ခေါင်းငိုက်ဆိုက်လျှောက်နေရင်း ခေါင်းမော့သွားပြီး နောက်ပြန်လှည့်ပြေးလိုက်သည်..။
“တောက်...ခွေးသူတောင်းစား..”
“အား..”
ဆန်နီ ဒေါသနဲ့ ထိုးချလိုက်တာ သူဘေးမှာရပ်နေတဲ့ ကောင်က ခြေတစ်လှမ်းအကွာလောက် မှာလွင့်ကျသွားသည်..။
“မင်း..”
“အန်တီ လွှတ်လိုက်တာလား..
တောင်းပန်ပါတယ်...မှားပါတယ်...”
လက်ကာပြီး နောက်ဆုတ်ပြေးရင်း အသားကုန်ပြေးတော့သည်..။
“ဟီး..အဟင့်...”
“ဟာ..ငိုမနေနဲ့ နားညီးတယ်..”
“ငိုမှာပဲ...နင်နဲ့ ဘာဆိုင်လည်း..”
ဆန်နီ ဒေါသထွက်လာလို့ အုတ်ခဲကျိုးကိုယူခါ မီးတိုင်ခြေရင်းက ကျောက်ခုံမှာ အကြိမ်ကြိမ်ကြေမွအောင် ထုပစ်လိုက်ရင်း..
“ဟုတ်တယ်...မဆိုင်ဘူး...”
“မဆိုင်ပဲ ၀င်ပါချင်အုံး..”
“မဆိုင်လို့ ပါးရိုက်ခံရတာ..”
“မဆိုင်လို့ ခဏခဏ စော်ကားခံရတာ..”
‘မဆိုင်လို့ ရေနစ်ခံပြီး ကယ်ရတာ..”
“မဆိုင်လို့ ..သေအောင်ခံစားနေတာ..”
“မဆိုင်လို့............”
“မဆိုင်ဘူး........အား....”
လက်ထဲက လက်ကျန် အုတ်ခဲကျိုးလေးကို မီးတိုင်နဲ့ ဖိရိုက်ခွဲချေပစ်လိုက်ချိန်..
“အဟင့်...ဟီး..”
လည်ပင်းကို သိုင်းဖက်ပြီး ကလေးတစ်ယောက်လို ရှိုက်ငိုနေလို့ ဆန်နီ တင်းကြပ်နေအောင် ပြန်ပွေ့ဖက်ထားလိုက်သည်..။
“မငိုပါနဲ့....ရူးရလိမ့်မယ်..”
“ ဘာလို့ ရုးမှာလည်း..”
“ချစ်လို့ပေါ့...ချစ်လွန်းလို့ ရူးနေပြီ..”
“ဟင်..”
ရှိုက်သံတိတ်ကျသွားပြီး လည်ပင်းကို လက်သွယ်သွယ်လေးတွေ ပိုတိုးလာလို့ အသက်ရှုကြပ်ပေမဲ့ မလွှတ်ခိုင်းချင်ပါ...။
“မုန်းတယ်ဆို....”
“ချစ်လွန်းလို့ မုန်းမိတယ်...စိတ်မချလွန်းလို့ မုန်းမိတယ်...ပိုင်ဆိုင်ချင်လွန်းလို့ မုန်းမိတယ်...တကယ်မုန်းတာပါကွာ...”
“အဟင့်..ဟီး..”
“မငိုနဲ့တော့...ထပြန်မယ်..”
“ဟင်..”
မို့ ခြေထောက်ကို ကြည့်ပြီး ဆွဲပွေ့လိုက်တော့ မို့ မယုံနိုင်လို့ ရင်တွေခုန်လိုက်တာ..
အိမ်မက်မဟုတ်ပါစေနဲ့...။
အပင်နားကပ်ပြီး ကြောက်လွန်းလို့ မျက်စိစုံမှိတ်ထားချိန် သူ့အသံက မို့ကိုဆွဲခေါ်နေသလိုပင်။
မို့ ဒုက္ခရောက်တိုင်း သူက မို့ရဲ့ ကယ်တင်ရှင် မင်းသားလေး ပါ ပဲလား... ။
ကွင်းဘက်ကနေ ကားပါကင်ဆီ လျှောက်လာလို့ ဘယ်သူမှ မတွေ့လောက်ဘူးထင်ပေမဲ့ သူမလေးက မျက်တောင်မခတ်မော့ငေးတော့ ရှက်ချင်လာသည်..။
“ဘာကြည့်တာလည်း..”
“ဟင်..”
“ပရိုဘောက် စီးနိုင်လား..”
“အင်း..”
ကားတံခါးကို ပြန်ဆောင့်ပိတ်ပြီး မောင်းသူဘက်က ၀င်ထိုင်တော့လည်း ခေါင်းလှည့်ကြည့်နေတာ မျက်လုံးညောင်းတော့မှာပါပဲ...။
“အဖြေပေးချင်လို့လား..”
“ဟင်..”
“ရှေ့ကိုကြည့်နေလေ..”
“ဟင့်အင်း..”
ဘေးက သူ့ကို ဂရုမစိုက်ပဲ ကားကို အာရုံစိုက်မောင်းလာပေမဲ့ ဆိုက် ကြည့်နေတာသိတော့ မနေတက် ဖြစ်ရပြန်သည်..။
“ဟ...”
ဆန်နီ အော်လိုက်တော့ သူမ ကိုယ်လေး သိမ့်ခနဲ့ တုန်တက်ပြီး လန့်သွားတာ တွေ့လိုက်ရသည်..။
“ကားမောင်းနေတယ်..”
“ထိချင်လို့..”
“မထိနဲ့..”
လက်မောင်းကို မထိတထိ တို့ကြည့်နေတဲ့ လက်ညိုးလေး နောက်ရုတ်သွားပေမဲ့ ခေါင်းမော့ပြီး...
“ဘာလို့လည်း..”
“အဖြေပေးပြီးမှ ထိ..”
“ဟွင့် ပြောင်းပြန်ကြီး..”
အလိုမကျစွာ နှုတ်ခမ်းစူပြောပြီး သူ့ ဂါ၀န် အထပ်အနားစလေးတွေကိုလက်နဲ့လှည့်နေသည်..။
“နောက်ကို အဲလိုတွေ မ၀တ်နဲ့..”
“ဟင်..ဘာဖြစ်လို့လည်း.”
“မြင်သူတကာငေး..ငေးလောက်အောင်🎶 လှရက်လို့ ချူလိုသူတွေ လက်ထဲမှာ အလှမပျက်အောင်🎶 ဆုတောင်းတယ်🎶 ပန်းကလေးရယ်..သင်းပျံ့ခါ အမြဲမွှေးစေချင်တယ်.🎶..”
“ဟိ..”
ဆန်နီ ခင်မောင်တိုးသီချင်းညီးလိုက်တာကို ဒင်းလေးက လူကို အသည်းယားအောင် ခေါင်းငုံ့ ရယ်ပြန်သည်..။
“မို့တို့ အိမ်ကို သိတာလား..”
“အင်း..”
သူ့အိမ်ဘက်ကို နီးလာပြီဆိုတဲ့ အသိကြောင့် ပေါ့ပါးမှုတွေပျောက်ပြီး  ရင်ထဲမှာကျောက်တုံးဆွဲထားရသလို လေးလံလာရသည်..။
ကားကို နှေးချခါ ဖြည်းဖြည်းချင်းမောင်းရင်း သက်ပြင်းငွေ့ငွေ့ချလိုက်မိသည်..။
“မို့...”
“ရှင်.”
ပြန်ထူးလိုက်သံလေးကြောင့် ဆန်နီ ရင်ထဲ လှိုက်ခုန်ခါ အချစ်ဒီဂရိမြင့်လာရသည်..။
ဘာလို့ သူနဲ့ ပတ်သက်တာတွေ အကုန် ချစ်ဖို့ကောင်းနေတာလည်း....။
“မို့..”
“ရှင်း..”
“ကို့ကို အဖြေပေးချင်လား..”
“အခုလား..”
“အင်း..”
“မမြန်ဘူးလားဟင်..”
“မနက်ဖြန်ဆို အဲဒီ့ အဖြေကိုမလိုချင်တော့မှာစိုးလို့..”
“ဟင်..ဘယ်လိုကြီးလည်း..”
“လူဝံကြီးလေ..”
“ဟိ...”
ကားက ဖြည်းဖြည်းချင်းသွားနေတာတောင် ဝေးရဖို့ နီးလာသလို ခံစားရလို့ ကားကို အပြီးရပ်ပစ်လိုက်သည်..။
“ဖြေမလား..”
“အကိုသိပါတယ်..”
“ဘာကိုလည်း..”
“မို့ အကိုကို အရမ်းချစ်တယ်ဆိုတာလေ..”
“ဟာ...”
“သိနေတယ်မလား..”
“မသိပါဘူး...”ဆန်နီ ဆံပင်တွေကို ထိုးဖွပြီး နှုတ်ခမ်းဖိပြုံးရင်း အပြင်ဘက်ကိုသာ ငေးကြည့်နေလိုက်သည်..။
“ကို့ ကို ချစ်ပါတယ်...”
ချစ်ပါတယ်ဆိုတာ ချိုသလောက် ရှေ့က ကို ဆိုတာကြီးကြောင့် ခါးတူးသွားရသည်..။
“တော်..တော်...ကို လို့ မခေါ်နဲ့..”
“ဟင်..”
“ဟုတ်တယ်လေ..စောစောကပဲ ဟိုကောင့်ကို ခေါ်သေးတယ်...မင်းက နှုတ်လွယ်လိုက်တာ..”
“အဲဒါ ဟန်ဆောင်တာပါ..”
“ဟန်ဆောင်တာလည်း ကြားရရင် ပြန်မြင်ယောင်မိပြီး လူသတ်ချင်လာတယ်..”
“အဲတော့..”
“ကိုကို ပဲခေါ်..”
“ခေါ်ဖူးဘူး..”
“ကျစ်...ပြန်မစပါနဲ့ဆို...ကိုကိုပဲ...”
“ဟုတ်...ကိုကို့ ကိုချစ်ပါတယ်..”
ဆန်နီ ခေါင်းညိတ်ရင်း ကားသော့ပြန်လှည့်ဖွင့်ပြီး အရှိန်တင်မောင်းလိုက်ခါ သူတို့ အိမ်ရှေ့ မရောက်တရောက်မှာ ချပေးခဲ့လိုက်ရသည်...။
ဟူး...မင်းလေးကိုချစ်ရတာ ကားမောင်းစားရသလိုပါပဲလားကွာ....
ထောင်နှုတ်ခမ်းနဲ့ သေမင်းခံတွင်း၀ နှစ်ခုကြားမှာပါလား..ကောင်မလေးရယ်...။

☆━━━━━━━━━━━━━━━☆

ဒီနေ့ နောက်ကျဘူး 😍

အရေးအသားမကောင်းပေမဲ့
သည်းခံပြီး ဖတ်ပေးကြတဲ့
စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော်

Love U all ❤
#စပိုက်ကာ

နန်းထိုက်ပန်းမို့Where stories live. Discover now