အပယ္ခံ ~ 11

17.4K 1.6K 91
                                    

Unicode ver....

"မား ဟင့် မား ဟင့် မား ~~~"

ညသန်းခေါင် လူတိတ်ချိန်လောက်
ရှိုက်ငိုသံကြားရတာကြောင့် ဟောက်ရွမ်း
နိုးလာတော့ ရှိုက်သံက သူ့ဘေးက Yiboဆီမှာ

ကဟောင်ကတမ်းနဲ့ တိုးတိုးလေး ညီးနေတဲ့
Yiboကို ဟောက်ရွမ်း စိတ္ပူစွာ ထကြည့်လေသည်

"Yibo Wang Yibo! ထ Wang Yibo"

ဟောက်ရွမ်းနိုးပေမဲ့ Yibo ဒုတ်ဒုတ်မျှ မလှုပ်တာကြောင့် ဟောက်ရွမ်း ဆွဲထမယ်လုပ်တော့

ဟင် သူငိုနေတာလား

အိပ်နေရင်းတောင် ရှိုက်ငိုနေရတဲ့
သူငယ်ချင်းလေးကို ဟောက်ရွမ်း သနားနေမှ အပ ဘာမှ မလုပ်နိုင်ခဲ့

"မား သားကိုပါ ခေါ်ခဲ့ပါ မား~~ ဟင့် မား"
"Yibo သတိထားအုံး Yibo!"

ဒီ လောက်ထိလှုပ်နိုးနေတာ မနိုးတဲ့ Yiboကို ဟောက်ရွမ်း အံ့သြလို့ မဆုံးပေ

ဟောက်ရွမ်း ဘာမှမလုပ်တတ်တဲ့အဆုံး
Yiboလက်ကိုသာ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီး ခလေးကိုချော့တိတ်သလိုရင်ဘတ်ကို ဖွဖွ ပုတ္ပေးနေမိလေသည်

သူငယ်ချင်း ခံစားချက် အစစ်အမှန်မခံစားဖူးတဲ့ ဟောက်ရွမ်းက Yiboနဲ့မှ ဖူးဖူးမှုတ်ထားချင်စိတ်ပေါက်နေလေသည်

~~~~~

မနက်အလင်းရောင်ပေါ်လာတော့ ခလေးတို့
အသီးသီး အနီးနားက ရေတံခွန်သေးသေးမှာ ကိုယ်လက်သန့်စင် သွားကြလေသည်

နည်းတူ Xiao Zhanလည်း လာသည်လေ
ပြီးတော့ သူ့သူငယ်ချင်းတွေ

"မင်းတကယ်အဆင်ပြေတာလား"
"ပြေတယ်လေ ဟောက်ရွမ်းရဲ့ ငါအကောင်း~~~"

"အ့ အား ကျေး ကျေးဇူးပါ ရှင့် စီနီယာ~~"

Yiboစကားပင်မဆုံးလိုက် မြင်တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် ဘာမှလည်း ထပ်ထွက်မလာတော့

မြင်ကွင်းကတော့ မိန်းခလေးတစ်ယောက်
လှဲမယ်ဖြစ်တော့ ကိုကိုက လှမ်းဆွဲတော့ ထိုခလေးက ကနွဲ့ကလျာနဲ့ ကိုကို့ ရင်ခွင်ထဲ ပါလာရော ကိုကို့အပြုံးကလည်း ကြင်နာမှုအပြည့်ပဲ ကိုကို့အကြင်နာတွေ Yibo အတွက် 1% လောက်ဖြစ်ဖြစ် ရှိခဲ့ရင် အကောင်းသား မဖြစ်နိုင်ပါဘူးလေ
Yiboက ဘာကိုရူးပြီး ငိုချင်နေရတာလဲ

Cinderella (အပယ်ခံ) ZSWW (Complete)Dove le storie prendono vita. Scoprilo ora