အပယ်ခံ ~ 45

9.9K 796 53
                                    

Unicode ver....

ရင်ခွင်ထဲရောက်လာတာနဲ့ တုန်ရီနေတဲ့ ခန္ဓာလေးကြောင့် ငိုနေမှန်း ကြည့်စရာမလိုပဲ ကျွန်တော်သိနေပါတယ်

"ကိုကို ကျွန်တော် တောင်းပန်ပါတယ်"

ရှိုက်ငိုနေရင်း တောင်းပန်လာတဲ့ ခလေးကြောင့် Xiao Zhanပြာသွားရပြန်သည်

"ဘာလို့တောင်းပန်တာလဲ ခလေးရဲ့ ခလေးမှမမှားပဲ"
"ကျွန်တော်က ပိုင်စိုးပိုင်နင်းနဲ့~~~"
"ဟိုး ထား မပြောနဲ့"

ခလေးစကားသံဟာ ကိုကိုရဲ့ တားဆီးသံကြောင့် ထပ်ပြီးထွက်မလာ

Xiao Zhan ခလေးခန္ဓာလေးကို လွှတ်ပြီး သူ့နဲ့ မျက်နှာမူနေအောင် သူ့လက်ဖဝါးနှစ်ဖက်နဲ့ ခလေးရဲ့မျက်နှာနုနုကို အုပ်ကိုင်ရင်း သူ့နဲ့တည့်တည့်မော့စေပြီး

"ကိုကိုက ခလေးအပိုင်မို့ ခလေးပိုင်စိုးပိုင်နင်းပြောလိုက်ပါ အဆင်ပြေတယ်
တခြားသူတွေနဲ့ သဝန်တိုလို့လည်း အဆင်ပြေတယ် ကိုကိုက ခလေးတစ်ယောက်တည်းအပိုင်မို့ ကိုကိုလည်းခလေးတစ်ယောက်ကိုပဲ ချစ်မှာမို့ ခလေးလည်းကိုကို့ကို ပိုပိုချစ်ပေးပေါ့
တစ်ခုပဲရှိတယ် ဒီလိုတွေ မငိုပါနဲ့နော် "

Xiao Zhanက ခလေးမျက်နှာကိုလွှတ်ပေးပြီး ခလေးရဲ့ ညာလက်ကို ဆုပ်ကိုင်ပြီး သူ့ရဲ့ ဘယ်ဘက်ရင်ဘတ်ပေါ်တင်ပေးရင်း ဆက်ဆိုသည်က

"ခလေးငိုရင် ဟောဒီနှလုံးသားက နာကျင်ရလွန်းလို့"

ခလေးမှာ Xiao Zhanမျက်နှာကိုကြည့်လိုက် သူ့လက်ကိုကြည့်လိုက်နဲ့ မျက်လုံးကို တစ်ချက်မှမမှိတ်ပါလျက် ပုလဲကြည်ဥလေးက ခလေးမျက်ဝန်းတောက်တောက်ထဲကနေ အပေါက်လိုက်ကို လိမ့်ဆင်းလို့

"မငိုပါနဲ့ဆိုကွာ မျက်ရည်စိုနေတဲ့ မျက်ဝန်းက သိပ်လှတယ်ဆိုပေမဲ့ ကိုကိုက ခလေးမျက်ရည်ကိုမှ မမြင်ချင်တာ နော်"

ကိုကိုက ခလေးမျက်ရည်ကို ခပ်ဖွဖွ သုတ်ပေးတော့

"ကိုကို!"

ခလေးဟာ သူ့ရင်ခွင်ထဲ​အားနဲ့တိုးဝင်ပြီး တင်းကြပ်စွာဖက်ထားလေသည်

ချစ်တယ်ခလေးလေး အခုချိန်ကစပြီး ခလေးကို ကိုကိုဘယ်တော့မှ ချန်မထားတော့ပါဘူး အခုကစပြီး ခလေးတစ်ယောက်တည်းဖြစ်မနေစေရတော့ဘူး အခုကစပြီး ခလေးဘေးမှာ ကိုကိုရှိနေမယ်

Cinderella (အပယ်ခံ) ZSWW (Complete)Where stories live. Discover now