အပယ်ခံ ~ 66

9.7K 810 49
                                    

Unicode ver....

ယှဥ်ပြိုင်တဲ့ ခလေးတိုင်း သူတို့ရဲ့ ပန်းချီရဲ့ အဓိပ္ပါယ်ကို ယုံကြည်မှုရှိရှိနဲ့ ရှင်းပြနေကြလေသည်

လူကြီးခြေဖမိုးပေါ် ခြေထောက်သေးသေးလေးက တက်နင်းထားတဲ့ ပုံလေး ဒူးအောက်ပိုင်းပုံမို့ သေချာဆွဲထားတာက ထိုခြေထောက်တွေ

ထိုပန်းချီကားလေးက ရိုးရှင်းပေမဲ့ ထူးဆန်းသည် ကောင်လေးတစ်ယောက်တော့ လူကြီးမိဘ ပရိတ်သတ်နေရာမှာနေပြီး ပြထားတဲ့ပန်းချီများစွာကို မကြည့်ပဲ သူကြည့်နေတာက ထိုပန်းချီကားလေးသာ

ငေးငိုင်ကြည့်နေတဲ့ သူ့ကို သတိထားမိကြရင်ဖြင့် မျက်ရည်ဝဲပြီး ကျမလာတာက တော်တော်ကို ခံစားချက်ပြင်းနေသလို

"နောက်ဆုံးပုံကတော့ သမီးလေး  Xiao Xing Xingရဲ့ လက်ရာပါ ခင်များ သမီးလေး သမီးလေးဆွဲထားတဲ့ ပန်းချီရဲ့ အကြောင်းနဲ့ သမီးရဲ့ အကြောင်းလေးကို နည်းနည်းလေးပြောပြပါအုံးလား"

တစ်ချို့ ခလေးတွေကတော့ ထိုခြေထောက်ပုံလေးကို အထင်သေးနေကြသလို

တစ်ချို့ ခလေးတွေကတော့ ထိုခြေထောက်ပုံလေးကို အထင်သေးနေကြသလို

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"Gege!! "

မိတ်ဆက်စကားမရှိပဲ Gegeလို့ခေါ်ပြီး ငြိမ်ကျသွားတဲ့ Xing Xing ကြောင့် အားလုံး ရဲ့ စကားသံက ထိုတစ်စ ဒီတစ်စ ဆူညံလျက်

"သူက သမီးရဲ့ သွေးမတူ သားမစပ် Gege အချစ်ဆုံး Gege "

Xing Xing ပြောနေရင်းပင် မျက်ရည်ဝဲလာလေပြီ

"သမီးက မတော်တဆမှုကြောင့်  ဒုက္ခိတ တစ်ယောက် ဖြစ်ခဲ့ရတယ် သမီးထရပ်ဖို့ ကြိုးစားရင် အမြဲ လှဲကျတယ် သမီးထရပ်ရမှာကို ကြောက်လာတယ် နာကျင်မှာကို သိပ်ကြောက်တယ် သမီးဘဝ အမှောင်ထဲ ရောက်ရောက်သွားခဲ့တယ် သမီးနဲ့အတူ ဆော့ပေးမဲ့ သူငယ်ချင်းတွေ မရှိတော့ဘူး ခြေထောက်မကောင်းတဲ့ သမီးက တစ်ယောက်တည်းဖြစ်ခဲ့ရတယ် သမီးကို လှမ်းဆွဲဖို့ မည်သည်သော လက်တစ်ဖက်က ကမ်းမလာခဲ့ဘူး တစ္ဦးတည်းသောဖွားဖွားကလည်း သမီးစားဖို့အတွက် သူအလုပ်ကြိုးစားခဲ့ရတယ် သမီးနဲ့အတူ သူမရှိအားဘူး

Cinderella (အပယ်ခံ) ZSWW (Complete)Where stories live. Discover now