😢မသိဘူး လွမ်းတယ်​ 😢

2.6K 107 13
                                    

"လွမ်းတယ်​"
ဖုန်းကိုင်​ကိုင်​ခြင်းမှာ လေလှိုင်းကြားကနေ နားထဲကိုစီးဝင်​လာသော ခလေးအသံလေး
ချက်​ချင်း စိတ်​ထဲမှာစို့နင့်​လာပြီး ခံစားချက်​တွေက မျက်​ဝန်းအိမ်​မှာ ငွေ့ရည်​လာဖွဲ့သည်
"ကော...ကောလည်းအတူတူပါဘဲ Babe"
တုန်​ရီစွာ ပြောအပြီးမှာ ပါးပြင်​ထက်​ မျက်​ရည်​စက်​လေး ခုန်​ဆင်းလာသည်​ နားထဲမှာလည်း ငိုရှိုက်​သံလေးကြားလိုက်​ရသည်

"မကြာတော့ပါဘူး ကောတို့ နီးစပ်​ဖို့ အခွင့်​ရေးရတော့မှာပါ အားတင်းထားပေးနော်​ Babe"
လူကြီးဖြစ်​တဲ့သူတောင်​ ဒီလောက်​ခံစားနေရတာ သူ့ထက်​ငယ်​တဲ့ ကောင်​လေးအတွက်​ဆိုရင်​တော့ ဘယ်​လောက်​ဝမ်းနည်းနေလိုက်​မလဲ

Photo Shooting;Model;Guest;Shootingစသည့်​များပြားလှစွာသော သူ့တို့ရဲ့ လုပ်​ငန်းတွေကြောင့်​ ခလေးနဲ့သူမတွေ့ရသည်​မှာ အချိန်​ကာလတစ်​ခုကြာမြင့်​လှပြီ ထိုအချိန်​ကာလအတွင်းမှာ ဘယ်​မှာနေနေ နည်းနည်းလေးအားတာနဲ့ အားတဲ့သူက ချက်​ချင်းဖုန်းဆက်​ကြသည်​ သို့တိုင်​အောင်​ အလွမ်းမပြေမိ

"မြင်​ချင်​တယ်​ ကျတော့ရဲ့ ယုန်​လေးကို စားချင်​တယ်​ ကောချက်​ကျွေးတဲ့ Mealတွေကို နမ်းချင်​တယ်​ ကောရဲ့ပါးလေး နှုတ်​ခမ်းလေးတွေကို ကောရဲ့ပုခုံးလေးကိုမှီပြီးအမောဖြေချင်​တယ်​ နာနတ်​သီးမျက်​နှာလေးကို တစိမ့်​စိမ့်​ထိုင်​ကြည့်​ချင်​တယ်​ ကော ကျတော်​ အလိုဆန္ဒတွေ တအားများနေမိတယ်​ "

ရှိုက်​ရင်းပြောနေတဲ့ ခလေးငယ်​အသံကြောင့်​ ရှောင်​ကျန့်​ပါးပြင်​ထက်​မှာ မျက်​ရည်​တွေ တသွင်​သွင်​စီးကျလာပြီ
"အာ့ဆို Vcပြောရအောင်​လေ Babe Cameraဖွင့်​လိုက်​"
"ဟင့်​အင်း မမြင်​စေချင်​ဘူး ကျတော့်​ရဲ့ ခုလို ဝမ်းနည်းအားငယ်​နေတဲ့ မျက်​နှာကို ကျတော်​က ကောအတွက်​ ရှေ့ကနေ မားမားရပ်​တည်​ပေးတဲ့ ရင့်​ကျက်​သူကြီးဘဲဖြစ်​ချင်​တာ"

"Babeရယ်​ ......နားထောင်​နော်​ ကောပြောပြမယ်​ ကော ချစ်​ခဲ့တာက
Wang Yiboဆိုတဲ့ လူသားလေးကိုဘဲ အဲဒီလူသားလေးဟာ ငယ်​ရွယ်​သည်​ဖြစ်​စေ ခလေးဆန်​သည်​ဖြစ်​စေ ကော ချစ်​နေဦးမှာဘဲ ကောက Babeရဲ့တစ်​စုံတစ်​ရာကိုသဘောကျခဲ့တာမဟုတ်​ဘူးလေ Babeဆိုတဲ့ ကောင်​လေးရဲ့ အရှိတိုင်းကိုဘဲ ချစ်​ခဲ့တာ ကောပြောတာဘောပေါက်​လား"
"မသိဘူး လွမ်းတယ်​"
"ခလေးဆိုးလေးကို ကောကလည်းလွမ်းတာပေါ့"

😍Hidden Love between us😍Where stories live. Discover now