😅အမူးပါးလေး😍

1.8K 104 11
                                    

အားလုံး နှစ်သစ်မှာပျော်ရွှင်ကြပါစေ
လိုအင်ဆန္ဒတွေလည်း ပြည့်စုံပါစေ
အလုပ်ကိုင်တွေလည်းအဆင်ပြေကြပါစေ
ကောင်းသော အကြံစည်တိုင်းလည်း အောင်မြင်ကြပါစေ
ရည်မှန်းချက်တွေလည်း ရောက်ရှိပါစေနော် မနေ့ကဆုတောင်းမပေးလိုက်ရလို့ ပါ😅
ကဲကဲဆုတောင်းပေးတာတွေများနေပြီဆိုတော့
Oneshotလေးဆီသွားကြရအောင်
ဘယ်သူက Top လဲဆိုတာ ဖတ်ကြည့်ကြရအောင်နော်😇

××××××××××××
"မား"
"ကျန့်ကျန့် ပြန်လာတယ် အမလေး ဝမ်းသာလိုက်တာ"
"ဟုတ်ကဲ့ မား နှစ်သစ်အစနေ့လေးမှာ သားချစ်တဲ့သူတွေနဲ့ အတူရှိချင်လို့ပါ"
"စကားတွေလည်း တတ်လာလိုက်တာ လာပါဦး ပါးသား ဖက်ပါရစေဦး ဟင်"
သားကို ဖက်လိုက်မှ ပုခုံးပေါ်ကကျော်ပြီး နောက်ဘက်မှာမြင်လိုက်ရသော ကောင်လေးကြောင့် ပါးတို့လင်မယားနှစ်ယောက်လုံး မျက်လုံးပြူးသွားရသည်
ဒီကောင်လေးက !အာ့ကြောင့် ခုနက နှစ်သစ်ကို သားချစ်တဲ့သူတွေနဲ့ ရှိချင်လို့ပါပြောခဲ့တုန်းက သားပုံစံက ရှက်ရိပ်ဆင်နေတာကိုး

"မင်္ဂလာပါ အန်ကယ်နဲ့အန်တီ "
"အော် အင်း သားလေး အဲ အင်း ဟို ကျန့်ကျန့် အိမ်ထဲဝင်လေ သားYiboရောဝင်ခဲ့ကြနော်"
ဒီကောင်လေး ပထမတစ်ခေါက်အိမ်လိုက်လာကတည်းက သူမစိတ်ထဲ ရှိုးတိုးရှန့်တန့်ဖြစ်နေခဲ့တာ သားနဲ့အတူတွဲနာမည်ကြီးနေသော ကောင်လေး သူမတို့ကိုစကားပြောတိုင်း ပြုံးရယ်ပြပေမယ့် စိတ်ထဲမှာတော့ ခပ်လန့်လန့်ဘဲ အဘယ့်ကြောင့်ဆိုသော် ထိုကောင်လေးက သားနဲ့ ဘာလိုလို သတင်းတွေထွက်နေတာမဟုတ်လား

"ကျန့်ကျန့် သားက အရင်ခန်းဘဲနော် သားညီလေးကိုတော့ ဘေးချင်းကပ်ရက် အခန်းမှာ ထားလိုက်နော်"
"ဟင် မားကလည်း သားအခန်းက ကျယ်ပါတယ် နှစ်ယောက်အတူတူအိပ်လို့ရတာဘဲကို"
"ဟို သားညီလေးက စိတ်ကျဉ်းကျပ်နေမှာပေါ့ သားရယ် မားပြောတဲ့အတိုင်းသာနေပါ"
"ဟုတ်ကဲ့ ရပါတယ် အန်တီ Zhan Ge ကျတော် တစ်ခန်းနေလိုက်မယ်နော်"
*တွေ့မယ် ကလေးစုတ် အတုတူ နေရမယ့်အခွင့်ရေးကို ဖျက်စီးနေတယ်*

😍Hidden Love between us😍Where stories live. Discover now