😅Who is Top?😇

2.2K 87 10
                                    

"Zhan Ge"

"ဟေ့ ဟေ့ မင်းရဲ့ အကြည့်တွေကိုပြင်လိုက်စမ်း လောင်ဝမ်"

ရေချိုးခန်းထဲက ထွက်လာကာရှိသေး အခန်းအပြင်ကနေ မီးတောက်မတတ် ပြူးပြဲကြည့်နေသော ကောင်လေးကြောင့် Xiao Zhan ချက်ချင်းဆိုသလို ပူလာသလို

"ကောကလည်း"

ကုတင်ပေါ်ထိုင်နေရာမှ ထကာ မှန်ရှေ့ရေသုတ်နေသော သူ့ခါးကိုဖက်ပြီး ပုခုံးပေါ် ခေါင်းတင်ကာ ချွဲလာသော ခလေးငယ်

"ဘာလည်း ခုလို ဗို့အားကောင်းတဲ့ မျက်လုံးကြီးနဲ့ ဆက်ကြည့်နေမယ်ဆို သွား ပြန်တော့ ကိုယ့်အခန်းကို "

ဒီကလေးအကြောင်းသူအသိဆုံးမို့ အသံကိုမာပြီး Xiao Zhan ပြောလိုက်သည် သူသိတာပေါ့ ဒီကလေးဘာဖြစ်ချင်နေသလဲဆိုတာ

အနားယူဖို့ အခန်းဆီပြန်ရတာတောင် ကောအခန်းထဲလိုက်လည်ဦးမယ်ဆိုပြီး လိုက်လာခဲ့တာ အခုသူရေချိုးပြီးချိန်ထိ မပြန်သေး

"ကဲငါ့ခါးကိုဖက်ထားတဲ့ မင်းလက်ဖယ်ဦးမှာလား ငါအကျီ င်္ဘယ်လိုဝတ်ရမလဲ"

"မဝတ်နဲ့ ဒီတိုင်းလေးက ပိုကြည့်ကောင်းတယ်"

ခါးအောက်ပိုင်း၌သာ တစ်ပတ်အပိုင်းလေးပတ်ထားပြီး အပေါ်ပိုင်းကိုယ်ဗလာနဲ့ ရေချိုးထားခါစ ကောအသားရေသည် ညိုညိုဝင်းဝင်းလေးဖြစ်နေသည်
အထက်အောက် စုန်ဆန်ကြည့်ရင်း Yibo တံတွေးမြိုချလိုက်သည်

"သွားတော့လို့ငါပြောနေတယ်နော် လောင်ဝမ်"

ခါးပေါ် လက်တဖက်ထောက်ကာ သူ့ကို ဒေါသတကြီးနှင်ထုတ်နေသော ကောပုံစံက သူ့မျက်လုံးထဲမှာ အရမ်းချစ်စရာကောင်းနေသည်မို့ Yibo ကောလက်တစ်ဖက်ကိုဆွဲကာ ကုတင်ပေါ်တွန်းချလိုက်ပြီး အပေါ်ကနေ အုပ်မိုးလိုက်သည်

"လောင်ဝမ် မင်းဘာလုပ်"

ကောကိုသူ စကားဆက်ပြောခွင့်မပေးနိုင်တော့ စွာစိလန်နေသော ကောရဲ့ နှုတ်ခမ်းထှော်ထှော်လေးကိုသာ ဆွဲယူသုံးဆောင်လိုက်သည် အိတယ် နူးညံ့တယ် အေးစက်တယ် နွေးထွေးတယ် ပြီးတော့ စွဲမက်စေတယ် ကော...

😍Hidden Love between us😍Where stories live. Discover now