two

2K 177 2
                                    

" ဟိုင်း " အရမ်းလန့်နေပုံပေါ်တဲ့ ‌သူ့အရှေ့က ကောင်လေးကို Jimin ပြုံးပြရင်း နှုတ်ဆတ်လိုက်သည်  ။

" ဟယ်လို " ကောင်လေးက ကြောင်တောင်တောင်နဲ့ သူ့အားပြန်နှုတ်ဆတ်လေသည် ။

ကောင်လေး မရဲတရဲကြည့်လိုက်တော့ Jiminက ကင်မရာတစ်လုံးနှင့် ဂနာမငြိမ် အလုပ်ရှုပ်နေသည် ။ ' ဒီအခြေအနေကြီးက တော်တော်ကိုးရိုးကားယားနိုင်တယ် သူဘာပြောရမလဲ ' လို့တွေးရင်း Jimin ကင်မရာကို လွယ်အိတ်ထဲ ထည့်လိုက်သည် ။

ကောင်လေးကို စကားပြောဖို့လုပ်ပေမဲ့ ကောင်လေးက သူ့ကိုကြည့်ဖို့တောင် အတော်လေး ရှက်နေပုံရသည် ။

ကောင်လေးဘေးမှာထိုင်ဖို့ ကြံတုန်းပဲရှိသေးတယ်

ကောင်လေးက ဆတ်ကနဲမတ်တပ်ထရပ်လိုက်တော့ Jimin နောက်ကိုပြန်ဆုတ်မိသွားသည် ။

ကောင်လေးက သူ့ကိုတစ်ခုခုလုပ်မယ်လို့ ထင်လိုက်ပေမဲ့ ကောင်လေးက ရုတ်ချည်းပင် တစ်ဟုန်ထိုး သူ့အနားကနေ ပြေးထွက်သွားသည် ။

" ‌ဟိတ်....နေဦးလေ ! " ကောင်လေးနောက်ကို ပြေးလိုက်ရင်း Jimin အော်လိုက်သည် ။ ဒါပေမဲ့ ကောင်လေးကို သူမျက်စပျောက်သွားသည် ။

Jimin သက်ပြင်းချက်လိုက်မိ၏ ။

" သူဘာလို့ ထွက်ပြေးသွားတာလဲ "

" ငါဘာလုပ်မိလို့လဲ "

" ငါကကြောက်ဖို့ကောင်းနေလို့လား "

" အမလေးနော် " စိတ်အလိုမကျစွာနှင့် Jimin ဆံပင်တွေကို ဆွဲဖွာလိုက်သည် ။

သို့နှင့် မနက်ဖြန် ဒီကိုပြန်လာဖို့ သူဆုံးဖြတ်လိုက်သည် ။ ကောင်လေးကိုတွေ့ပြီး ကောင်လေးက သူ့အနားကနေ ထွက်မပြေးဖို့မျှော်လင့်ရင်းနှင့် ။

***

Note _ ကျွန်မလေ သူငယ်ချင်းတွေနဲ့ မန်းလေးတစ်ကြော ခရီးထွက်နေတုန်းက ကားပေါ်မှာအိပ်ချင်ချင်နဲ့ ရေးထားတာ ။ Chapter 2ကို ကျော်သွားပြီး Chapter 3ကို ရောက်သွားတယ် ။ ဟီး 😁 တောင်းပန်ပါတယ်နော် ။

***

" ဟိုင္း " အရမ္းလန႔္ေနပုံေပၚတဲ့ ‌သူ႕အေရွ႕က ေကာင္ေလးကို Jimin ၿပဳံးျပရင္း ႏႈတ္ဆတ္လိုက္သည္  ။

" ဟယ္လို " ေကာင္ေလးက ေၾကာင္ေတာင္ေတာင္နဲ႕ သူ႕အားျပန္ႏႈတ္ဆတ္ေလသည္ ။

ေကာင္ေလး မရဲတရဲၾကည့္လိုက္ေတာ့ Jiminက ကင္မရာတစ္လုံးႏွင့္ ဂနာမၿငိမ္ အလုပ္ရႈပ္ေနသည္ ။ ' ဒီအေျခအေနႀကီးက ေတာ္ေတာ္ကိုးရိုးကားယားနိုင္တယ္ သူဘာေျပာရမလဲ ' လို႔ေတြးရင္း Jimin ကင္မရာကို လြယ္အိတ္ထဲ ထည့္လိုက္သည္ ။

ေကာင္ေလးကို စကားေျပာဖို႔လုပ္ေပမဲ့ ေကာင္ေလးက သူ႕ကိုၾကည့္ဖို႔ေတာင္ အေတာ္ေလး ရွက္ေနပုံရသည္ ။

ေကာင္ေလးေဘးမွာထိုင္ဖို႔ ႀကံတုန္းပဲရွိေသးတယ္

ေကာင္ေလးက ဆတ္ကနဲမတ္တပ္ထရပ္လိုက္ေတာ့ Jimin ေနာက္ကိုျပန္ဆုတ္မိသြားသည္ ။

ေကာင္ေလးက သူ႕ကိုတစ္ခုခုလုပ္မယ္လို႔ ထင္လိုက္ေပမဲ့ ေကာင္ေလးက ႐ုတ္ခ်ည္းပင္ တစ္ဟုန္ထိုး သူ႕အနားကေန ေျပးထြက္သြားသည္ ။

" ‌ဟိတ္....ေနဦးေလ ! " ေကာင္ေလးေနာက္ကို ေျပးလိုက္ရင္း Jimin ေအာ္လိုက္သည္ ။ ဒါေပမဲ့ ေကာင္ေလးကို သူမ်က္စေပ်ာက္သြားသည္ ။

Jimin သက္ျပင္းခ်က္လိုက္မိ၏ ။

" သူဘာလို႔ ထြက္ေျပးသြားတာလဲ "

" ငါဘာလုပ္မိလို႔လဲ "

" ငါကေၾကာက္ဖို႔ေကာင္းေနလို႔လား "

" အမေလးေနာ္ " စိတ္အလိုမက်စြာႏွင့္ Jimin ဆံပင္ေတြကို ဆြဲဖြာလိုက္သည္ ။

သို႔ႏွင့္ မနက္ျဖန္ ဒီကိုျပန္လာဖို႔ သူဆုံးျဖတ္လိုက္သည္ ။ ေကာင္ေလးကိုေတြ႕ၿပီး ေကာင္ေလးက သူ႕အနားကေန ထြက္မေျပးဖို႔ေမွ်ာ္လင့္ရင္းႏွင့္ ။

***

Note _ ကြၽန္မေလ သူငယ္ခ်င္းေတြနဲ႕ မန္းေလးတစ္ေၾကာ ခရီးထြက္ေနတုန္းက ကားေပၚမွာအိပ္ခ်င္ခ်င္နဲ႕ ေရးထားတာ ။ Chapter 2ကို ေက်ာ္သြားၿပီး Chapter 3ကို ေရာက္သြားတယ္ ။ ဟီး 😁 ေတာင္းပန္ပါတယ္ေနာ္ ။

CAPTIVATINGWhere stories live. Discover now