three

1.7K 163 2
                                    

စီစဉ်ထားတဲ့အတိုင်းဆိုရင်တော့ graveyardကို သွားဖို့ Jimin ခြေမနှေးခဲ့ဘူး။

ပထမတစ်ချက်က အဲ့နေရာကို တကယ်သဘောကျလို့။

‌နောက်တစ်ချက်ကတော့ ကောင်လေးကို တွေ့ပြီးစကားပြောချင်မိလို့။

---------

သုသာန်၏ရှုထောင့်မျိုးစုံ ဓာတ်ပုံရိုက်ခတ်ပြီး Jimin စိတ်တွေပျော်နေမိသည်။

ကောင်လေး သူ့ဆီကနေ နောက်ထပ် ထွက်မပြေးစေရဘူး။

ကောင်လေးရဲ့ ပုံကို သူမှတ်မိသေး။

အရောင်တလက်လက်တောက်နေတဲ့ မျက်လုံးဝိုင်းတွေနဲ့ကောင်လေး။အဲ့ဒီ့မျက်လုံးလေးတွေက သူ့ကိုဖမ်းစားသွားခဲ့တာ။နောက်ပြီး ကောင်လေးက လှတယ်လို့လည်း ထင်မိသည်။

သူကောင်လေးကို ဓာတ်ပုံရိုက်ချင်တယ်။

မိနစ်အနည်းငယ်လောက် စောင့်ပြီးတဲ့အခါမှာတော့ ကောင်လေးကို သူထပ်တွေ့ခဲ့သည်။

သူ့ကိုမကြောက်ဘဲနဲ့ ကောင်လေးအနားကို ဘယ်လိုချဉ်းကပ်ရမလဲ သူမသိ။ကောင်လေး၏နာမည်သိချင်လို့ ကောင်လေးအနား သူဖြည်းဖြည်းချင်း လှမ်းသွားလိုက်သည်။

" ဟေး " Jimin အသံပြုလိုက်တော့ ကောင်လေးက သူ့ဘက်လှည့်လာလေသည်။ကောင်လေးမျက်နှာက ထပ်ပြီးထွက်ပြေးဖို့ အသင့်ဖြစ်နေပုံရသည်။

Jimin ကောင်လေးရဲ့လက်ကို ဆွဲကိုင်လိုက်ပြီး " ထွက်မပြေးပါနဲ့ကွာ သူငယ်ချင်းလုပ်ရအောင် "

Jimin ခေါင်းလေးငဲ့ပြတော့ ကောင်လေးက ပြန်ထိုင်လိုက်လေသည်။

" မင်းနာမည်ဘယ်လိုခေါ်လဲ "

Jiminမေးတော့ ကောင်လေးက သူ့ဘက်မျက်နှာမူပြီး ထိုင်လေသည်။

"  Junggukပါ Jeon Jungguk ခင်များကရော "

" ကိုယ်က Park Jiminပါ ဒါနဲ့လေ ဒီကိုမင်းရောက်နေတာ  ဘယ်လောက်ကြာပြီလဲ ငါမင်းကို မတွေ့မိဘူး "

CAPTIVATINGWhere stories live. Discover now