Silver Wolf ( Part 27)

3.7K 407 29
                                    

ုSilver Wolf ( Part 27)

        မနက်ခင်း၏ အလင်းရောင်က အရှေ့ကောင်းကင်မှ တိုး၍ထွက်ပေါ်လာသည်။ ကျေးငှက်တို့၏ စိုးစိုးစီစီ တေးဆိုသံနှင့်အတူ ယနေ့က ခါတိုင်းမနက်ခင်းထက် ပိုလှသည်ဟု ထင်မိသည်။

        အဘယ်ကြောင့်ဆိုသော် သူ့လက်မောင်းထက်တွင် အိပ်မောကျနေသော ချစ်သူလေးကြောင့် ဖြစ်မည်။ချစ်သူလေး၏ နှုတ်ခမ်းလေးများ၊ မျက်ခုံးနင်နက်ကလေးများ၊ မျက်တောင်ကော့စင်းစင်းလေးများကို သူ့လက်ဖြင့် အသာအယာတို့ထိကြည့်ရင်း-
        "ချစ်စရာကောင်းလိုက်တာ...”
ဟုဆိုလိုက်ပြီး မျက်ခွံလေးများကိုခပ်ဖွဖွ နမ်းရိုက်လိုက်လေသည်။

ထိုစဉ်မှာဘဲ မုတ၏ မျက်ခွံလေးများ တွန်သွားပြီး လူးလွန့်ကာ မျက်ဝန်းတို့ကပွင့်လာလေသည်။

        "နိုးလာပြီလား... မင်္ဂလာ မနက်ခင်းလေးပါ အချစ်...”

ဘယ်အချိန် နိုးနေမှန်းမသိသော အက္ခရက သူ့အားမည်မျှကြာကြာ ကြည့်နေသည်မသိ။ မျက်လုံးအစုံဖွင့်လိုက်သည်နှင့် စ၍ နှုတ်ဆက်လိုက်သောစကားက မင်းကိုကိုယ်ပိုင်ပြီနော်ဆိုသည့် အရိပ်အငွေ့များပါဝင်နေသည်လေ။

မုတကမျက်လွှာလေးများ ချထားလိုက်ပြီး အက္ခရရင်ထဲ တိုးဝင်ကာ မျက်နှာကို ကွယ်ဝှက်ထားလိုက်လေသည်။

အက္ခရက သူ့အားတင်းတင်းဖက်ထားရင်း -
        "အခုကစလို့..... ဘာပဲဖြစ်လာဖြစ်လာ... အရာရာကို အတူတူ ရင်ဆိုင်ကြမယ်နော်....”

မုတသူ့စကားကို ခေါင်းငြိမ့်အဖြေပေးလိုက်သည်။

(ချစ်တဲ့သူနှင့် လျှောက်လှမ်းရမည့် ရှေ့ခရီးတိုင်း.. သာယာကြည်နူးမှုတွေ အပြည့်ဖြင့် ဆက်သွားကြမည်ဟု)

................

        "အရှင့်သား... သခင်လေးအက္ခရကို အကုန်ဖွင့်ပြောလိုက်တော့မှာလား...”
        "ဟုတ်တယ်.. ဖွင့်ပြောလိုက်တော့မယ်…”
        "အရှင့်သား စိတ်ကို ကြိုတင်ပြင်ဆင်ပြီးပါပြီလား”
        "အဆုံးထိ.. ပြင်ဆင်ထားပါတယ်.. လက်လွှတ် ဆုံးရှုံးရမယ်ဆိုရင်တောင်.. နောင်တရမိမှာမဟုတ်တော့ဘူး....”
ပြောရင်းနှင့် သူ့နှုတ်ခမ်းဖျားမှ အပြုံးတစ်ပွင့်.. ဖြစ်ထွန်းသွားသည်။

Silver Wolf (Complete )Where stories live. Discover now