Silver Wolf (Extra 1)

5.1K 421 57
                                    

Hello...😘😘😘
For The First Day Of April 's....

Silver Wolf (Extra)

နှစ်ပေါင်းများစွာကြာပြီးနောက်....
(၂၀)ရာစုတစ်ခု၌....

"အရှေ့ကျွန်းနိုင်ငံ” ဆိုသော နိုင်ငံတစ်ခုရှိလေသည်။ ထိုနိုင်ငံသည် ယခင်ထောင်စုနှစ်များစွာဆီမှ သူရဇ္ဇတိုင်းနိုင်ငံနှင့်အနီးပတ်ဝန်းကျင် နိုင်ငံများ..အားလုံးစုပေါင်းကာ ဖြစ်တည်ခဲ့သောနိုင်ငံဖြစ်ပြီး.. သမုဒ္ဒရာလေးစင်း ကာရံပတ်ဝိုင်းထားသော နိုင်ငံကြီးတစ်နိုင်ငံဖြစ်လေသည်။

(၂၀)ရာစုကိုရောက်ပြီဖြစ်သောကြောင့် ပြောင်းလဲလာသော နေထိုင်မှု့ပုံစံများ၊ စီးပွားလုပ်ငန်းများ၊ ဓလေ့ထုံးစံများ ကြောင့် အရှေ့ကျွန်းနိုင်ငံသစ် ဟုဖြစ်တည်ခဲ့ပြီး.. ဘုရင်ခေါတ်ကုန်ဆုံးကာ သမ္မတ နိုင်ငံတစ်ခုဖြစ်လာခဲ့လေပြီ။

သိပ္ပံနှင့်နည်းပညာများတိုးတက်ပြောင်းလဲ လာသော(၂၀)ရာစုခေါတ်သစ်တွင် လူငယ်များ၏ ပညာရေးကို အားပေးဆောင်ရွက်ကာ နိုင်ငံအနှံ့ တွင် တက္ကသိုလ်ကျောင်းပေါင်းများစွာ ဖွင့်လှစ်ပေးခဲ့ကြလေသည်။

ထိုကျောင်းများထဲတွင် "ရုက္ခဗေဒ ဆိုင်ရာတက္ကသိုလ်” သည်တစ်ခုအပါအဝင်ဖြစ်ပြီး.. နိုင်ငံအဝှမ်းမှ မတူညီသော အပင်မျိုးစိတ်ပေါင်းများစွာကို လေ့လာသင်ကြားပေးသော၊ ထိန်းသိမ်းစောင့်ရှောက်ပေးသော ပညာရှင်များကို မွေးထုတ်ပေးရာတက္ကသိုလ် တစ်ခုဖြစ်လေတော့သည်။

ထိုတက္ကသိုလ်သည် နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ် တစ်ခုတွင်ပါဝင်ပြီး တက်ရောက်ရသော ကျောင်းသားတို့မှာ လဲရုက္ခဗေဒပညာရပ်အပေါ်တွင် အမှန်တကယ်စိတ်ပါဝင်စားသူများ.. နှင့်အရည်အချင်းပြည့်ဝသူများသာ တက်ရောက်ခွင့်ရကြခြင်းဖြစ်လေသည်။

ယနေ့တွင်.. ထိုကျောင်းတော်ရှေ့၌အဝါ​ရောင် Busကားတစ်စင်း ရပ်ထားပြီး.. ထိုကားအနီးတွင် ကျောပိုးအိတ်ကိုယ်စီ.. ခရီးဆောင်အိတ်များကိုယ်စီနှင့် လူငယ်များရပ်နေကြလေသည်။

ထိုလူငယ်များမှာ အခြားမဟုတ်..
ရုက္ခဗေဒ ဆိုင်ရာ တက္ကသိုလ်၏ နောက်ဆုံးနှစ်ကျောင်းသားများ ဖြစ်ကြပြီး.. နောက်ဆုံးနှစ် အတွက် လက်တွေ့ကွင်းဆင်းရန်.. မြောက်ပိုင်းနယ်မြေသို့ခရီးထွက်ကြရန်ရောက်ရှိနေကြ ခြင်းဖြစ်လေသည်။

Silver Wolf (Complete )Where stories live. Discover now