3

1.7K 117 1
                                    

"Park Chanyeol"

Daddy​အော်​သံ​ကြောင့်​ နည်းနည်း​တော့လန့်​သွားမိသည်​။
Daddyဆိုတာ တစ်​ခါမှနာမည်​အရင်းမ​ခေါ်ဘူးမဟုတ်​လား?

စိတ်​မပါ လက်​မပါ ​အောက်​ထပ်​ဆင်းလာ​တော့ မိ​ထွေးက Daddyလက်​​မောင်းကိုဆွဲထားသည်​။
Daddyကြည့်​ရတာ​တော်​​တော်​​လေး​ဒေါသထွက်​​နေတဲ့ပုံ။
Baekhyunကလဲ သူ့အ​မေ​ဘေးမှာရပ်​​နေတဲ့။

ဟက့်​..တတ်​လဲတတ်​နိုင်​တဲ့သားအမိ​တွေ။

Chanyeol daddyဆီတလှမ်းချင်း​လျှောက်​သွားပီး

"​ပြော Daddy"

Daddy

"ဒီဓာတ်​ပုံကိုမင်းချခွဲတာဆို။"

Chanyeol Baekhyunကိုလှမ်းကြည့်​​တော့ Baekhyun​ခေါင်းငုံ့သွားသည်​။

ယုဆယ်

"အကိုရယ်​ yeollie ကတမင်​​တော့လုပ်​ခွဲပ့မလား?
ပြုတ်​ကျသွားတာ​နေမှာပါ"

Chanyeol

"ခများ ဘာမှဝင်​မ​ပြောနဲ့။
ဟုတ်​တယ်​ ကျ​နော်​ လုပ်​ခွဲတာ။
တမင်​ကိုပစ်​ချတာ။"

Daddy

"မင်း.."

"ခွပ်​"

ပြောပီး လက်​သီး နဲ့ထိုးလိုက်​သဖြင့်​ Chanyeolအံ့သြသွားသည်​။
လည်​ထွက်​သွားလို့ကိုယ်​ရှိန်​ပြန်​သတ်​လိုက်​ပီး Daddyကိုကြည့်​လိုက်​သည်​။

"အကိုကလဲ ခ​လေးကို"

ယုဆယ်​က​ပြောပီး Daddyကိုဆွဲ​နေသည်​။
Baekhyunကလဲအံ့သြ သလို လန့်​သလိုလှမ်းကြည့်​​နေသည်​။

Chanyeol

"Daddy ​ပြောင်းလဲသွားပီ"

Daddyကိုကြည့်​ပီးတလုံးချင်းရင်​နာနာနှင့်​​ပြောလိုက်​သည်​။
ပြောင်းလဲသွားတဲ့Daddyမျက်​လုံး​တွေကိုဥ​ပေက္ခာပြုရင်းအ​ပေါ်ထပ်​ပြန်​တက်​ခဲ့သည်​။

တော်​​သေးတယ်​။
Kyungsoo ရှိမ​နေလို့ အ​ခြေအ​နေရှု့ပ်​မသွားတာ။

ဘယ်​လိုလုပ်​မလဲ?
Daddyအခုလိုလုပ်​လိုက်​လို့ ကျ​နော်​ ခများတို့သားအမိကိုပိုမုန်းသွားပီ။

(Baby Don't Cry)Where stories live. Discover now