19

1.3K 90 5
                                    

ပတ်​ဝန်းကျင်​ကငြိမ်​သက်​ပီး​လေ​အေး​အေး​လေး​တွေတိုက်​ခတ်​​နေသည်​။

ခြံက ကားလမ်းနဲ့​ဝေးတာ​ကြောင့်​ ကားသံ​တွေလဲဆူညံ​နေ​အောင်​မကြားရ။
သာယာပီး​အေးချမ်းလွန်းလှသည်​။

တစ်​ခါ တစ်​ခါ အိမ်​ထဲကထွက်​လာတဲ့ Kaiနဲ့ Kyungsooရဲ့ရယ်​သံသာကြားရသည်​။

အေးချမ်း​နေတဲ့ပတ်​ဝန်းကျင်​နဲ့ဆန့်​ကျင်​ဘက်​​ဖြစ်​​လောက်​​အောင်​ကိုကျ​နော့်​ရင်​ထဲပူ​လောင်​​နေသည်​။

ဒန်း​ပေါ်မှာထိုင်​​နေတဲ့ကျ​နော့်​ကိုဒန်းလွှဲ​ပေးရင်း​ဘေးက​နေစကား​တွေ​ပြော​နေတဲ့ ကျ​နော့်ချစ်​သူ Chanyeolရဲ့စကားများ ကျ​နော့်နားထဲမဝင်​တစ်​ချက်​ ဝင်​တစ်​ချက်။

ကျ​နော့်သူ့ကိုဘယ်​လိုလမ်းခွဲစကား​ပြောရမလဲဟင်​..

ဒီလိုကျ​နော်​​ပျော့ညံ့​နေပုံနဲ့..
ဟအင်း..

"Chanyeol na.."

ကျ​နော်​ အားတင်းပီးသူ့ကို​ခေါ်လိုက်​သည်​။
ကျ​နော့်​ခေါ်သံအဆုံးသူ​ပြော​နေတဲ့စကားတို့ကိုရပ်​လိုက်​ပီး

Chanyeol

"Wae?"

Baekhyun

"ငါတို့လမ်းခွဲရ​အောင်​"

ခဏ .

အရာရာရပ်​တန့်​သွားတယ်​။
ဒန်းလွှဲ​နေတဲ့သူ့လက်​​တွေလဲရပ်​တန့်​သွားတယ်​။

ဒါ​ပေမဲ့ ခဏပါဘဲ။
သူ့ဆီကရယ်​သံထွက်​လာတယ်​။

Chanyeol

"မင်း​နောက်​​နေတာ ."

ကျ​နော်​ နှခမ်းကိုကိုက်​လိုက်​တယ်​။

ဒါ​ပေမဲ့ ညကသူကိုက်​ထားတဲ့​နေရာကိုကိုက်​မိသွားတာမို့နာသွားသည်​။

Baekhyun

"ငါတကယ်​​ပြော​နေတာ Chanyeol ငါတို့ လမ်းခွဲရ​အောင်​.."

Chanyeol

"​တော်​​တော့ Baekhyun ဒါ​နောက်​စရာမဟုတ်​ဘူး"

သူကျ​နော့်​ကို​အော်​လိုက်​တယ်​။
ကျ​နော်​ ​အောက်​ငုံ့ပီးငို​နေတယ်​။
သူ​အော်​လိုက်​လို့ငိုတာမဟုတ်​။
သူကျ​နော့်​​ကြောင့်​နာကျင်​​နေရလို့ငိုတာ။

(Baby Don't Cry)Where stories live. Discover now