11

1.4K 99 2
                                    


Chanyeolဒီ​နေ့လုပ်​သင့်​သည်​ထင်​တာကိုလုပ်​ရ​တော့မည်​။
Schedule တမင်​ဖျက်​​တော့ မန်​​နေဂျာ Hyungရဲ့ပွစိပွစိ​ပြောတာခံရ​သေးသည်​။

ဒါ​ပေမဲ့ လဲ ကိုယ်​ပါဝင်​မှရ​တော့မည့်​ကိစ္စ​ကြောင့်​မ​နေနိုင်​​တော့။
Kyunggie ကို​တော့ဘာမှ​ပြောမည်​မဟုတ်​။

Kim Kaiကို..

အ​တွေးထက်​အလုပ်​မြန်​သည့်​သူက Kaiဆီဖုန်း​ခေါ်ပီးပီ။

"Hello.."

ထူးသံကြားတာကိုကျ​နော်​ပြန်​မ​ပြောနိုင်​​သေး။
ဒေါသ​တွေနဲ့အမုန်း​တွေ​ကြောင့်​အသက်​ရှူသံ​တွေသာကြီးစိုး​နေသည်​။

ထိုစဉ်​ တဖက်​မှရယ်​သံခပ်​သဲ့သဲ့ကထွက်​​ပေါ်လာသည်​။

"Chanyeol Hyungလား?
Hyungဖုန်းဆက်​မယ်​မှန်းကျ​နော်​ကြိုသိသားဘဲ"

သူက..
Wae?
ကျ​နော်​ ဘာမှပြန်​မ​ပြောရ​သေး။

"Baekhyun Hyungဆီကကျ​နော့်​ဖုန်းနံပတ်​ယူသွားတယ်​ဆို။"

Aw...
Byun Baekhyun..
မင်းလက်​ချက်​ကိုး..

"Hyungဘာမှမ​ပြောဘူးလား?
ကျ​နော်​ မအားဘူးရယ်​.."

Chanyeolဖုန်းကိုကိုင်​ထားသည့်​လက်​​တွေ​ဒေါသ​ကြောင့်​ပိုတင်းသွားသည်​။

Chanyeol

"တစ်​ Hyung Hyung နဲ့ ​ခေါ်တာနား​ထောင်​​နေတာ အ​ကောင်းမှတ်​မ​နေနဲ့။"

"ဒါဆို wae?"

ရယ်​သံခပ်​သဲ့သဲ့ကပါလာပြန်​​တော့​ဒေါသ​တွေငယ်​ထိပ်​​ရောက်​လာသည်​။

Chanyeol

"မင်းနဲ့ငါ​တွေ့ရ​အောင်​။"

"ဟင်း...ကျ​နော်​ ကအားတာ မဟုတ်​ဘူး
Hyungညီကို ​လျှောက်​လည်​မယ်​ကတိ​ပေးထားတာ။"

Chanyeol

"ဘာ!!!!"

"အဲ့​လောက်​လဲဖြစ်​မသွားပါနဲ့​ဗျာ။
ရပါတယ်​ ။ဒီ​နေ့​တော့​ချော့ပီး Entertainment ကိုဘဲပို့ လိုက်​မယ်​။
Hyungကိုကျ​နော်​တို့​တွေ့မယ့်​​နေရာ​ပြောလိုက်​မယ်​​နော်​။
Luhan Hyungတို့ canter"

ပြောပီးသူကဖုန်းချသွားသည်​။

ကျစ်​...
ဘာလို့အဲ့​နေရာလဲ?

(Baby Don't Cry)Where stories live. Discover now