တောင်းဆု{ေတာင္းဆု}

15 0 0
                                    

#Unicode

"နင်ပျော်နေတယ်မလား"

"အင်းပေါ့ဟ အခု ငါက ငါအရမ်းချစ်ရတဲ့သူနဲ့ အတူတူနေရတော့မှာဆိုတော့ အဟီး ဘယ်လိုပြောရမလဲ ရင်တွေအရမ်းခုန်နေတာပဲ"

ပြုံးရင်းစကားပြောနေတဲ့သူမ..။
ချစ်ရတဲ့သူအကြောင်းပြောရတဲ့အခါ သူမမျက်နှာက သကာရည်လောင်းထားသလိုပဲ အရမ်းကိုမှချိုမြိန်လွန်းတယ်။

အပျော်တွေ ၊အပြုံးတွေ၊ လေယူလေသိမ်းတွေကအစ အသက်ဝင်လွန်းတယ်။

ကျွန်တော် သူမကို အရမ်းအားကျမိတယ်။

သူမအတွက်ပျော်ရွှင်မှုကို ဖော်ထုတ်နိုင်ခဲ့တယ်။
ကျွန်တော်ကတော့ တစ်ခြားတစ်ယောက်အကြောင်းပြောရင်း ပျော်ရွှင်နေတဲ့သူမကို ကြည့်ပီး ပျော်နေပါတယ်။

ရင်ထဲမှာ ဒါဏ်ရာပလပွဖြစ်နေပေမဲ့ သူမကိုမြင်နေရရင် ၊ သူမအသံကို ကြားနေရရင် ကျွန်တော်ပျော်တယ်။

ရင်ဘတ်ထဲက ငိုနေပေမဲ့ ကျွန်တော်ပျော်တယ်။

"အဆင်ပြေတယ်မဟုတ်လား အဲ့ဒီတစ်ယောက်နဲ့"

"အင်း အဆင်ပြေပါတယ် တစ်ခါတစ်လေကျ အထိမခံအောင် သဝန်တိုတတ်တာကလွဲရင် ကျန်တာ ဘာမှပြဿနာမရှိဘူး...နင် သိလား သူ့က ငါ့ကို အရမ်းချစ်တာ"

လှည့်ကြည့်ရင်းစကားပြောတော့ သူမမျက်ဝန်းတွေထဲက ကြည်နူးရိပ်နေတွေ...။

ကျွန်တော့်ရင်ကို ဓားနဲ့မွန်းနေသလိုပဲ ခံစားရတယ်။
ဒါပေမဲ့ သူမပျော်နေတာပဲမလို့ ကျွန်တော်လည်း ထက်တူထက်မျှ ပျော်ပါတယ်။

"ဒါနဲ့ နင်တို့ လက်ထပ်ပွဲက ဘယ်တော့လဲ"

"အာ....ဟုတ်သားပဲ နင့်ကို ဖိတ်စာပေးဖို့မေ့နေတာ ခနလေး"

သူမပြောရင်း အိတ်ထဲကနေဆွဲထုတ်လိုက်တဲ့စာအိတ်လေး...။

အသည်းကွဲရောင်လို့ခေါ်ကြတဲ့ ပန်းရောင်မင်္ဂလာဖိတ်စာလေး....။

ဒီစာအိတ်လေးက သူမနှစ်ဦးအတွက် တစ်သက်တာလက်တွဲဖို့ ခြေလှမ်းအစဖြစ်နေပေမဲ့ ကျွန်တော့်အတွက်...ကျွန်တော့်အတွက်ကတော့ တစ်သက်တာအတွက်လက်ဆောင်ရလိုက်တဲ့နောင်တတရားတွေသိမ်းဆည်းထားတဲ့အရာ။

Story Collection ( zawgyi & unicode )Where stories live. Discover now