ကျုးမင်​ယွီ-3

25.7K 2.3K 22
                                    

ဒီဇိုင်းဌာနမှာ ထိုင်​​နေတဲ့​ကောင်​​လေးဟာ ​ငွေဖြူ​ရောင်​ဆံပင်​​လေး​တွေနဲ့ အရမ်း​​ချော​မောလွန်းတယ်

မသိရင်​နတ်​သား​လေးအတိုင်းပဲ
တစ်​ခုပဲထူးဆန်းတာ သူထိုင်​​နေတဲ့​နေရာက အရင်​အမှိုက်​​ကောင်​ကျူးမင်​ယွီရဲ့​နေရာပဲ ..

"ဟိတ်​​ကောင်​​လေး အဲ့မှာလူရှိတယ်​ မင်းကအသစ်​လား
မင်းနာမည်​ဘယ်​သူလဲ"

ကျူးမင်​ယွီ သူ့ကို​ပြော​နေတဲ့သူကိုကြည့်​လိုက်​​တော့ သူ့ကို အမှိုက်​​ကောင်​ဟု​ခေါ်ကာ အမြဲ အနိုင်​ကျင့်​​နေတဲ့
လျု​ကော...

"ဟက်​!!!အကိုကလဲ ကျ​နော်​ကတစ်​ပတ်​ပဲခွင့်​ယူတာ​လေ ဘာလို့ကျ​နော့်​ကို​မေ့ပစ်​ရတာလဲ"

"ဘာ!!!မင်း....မင်း..က ကျုးမင်​ယွီ မ..မဖြစ်​နိုင်​တာ"
သူ့နည်းတူအခန်းထဲက လူတိုင်းကအံ့အားသင့်​သွားကြ​လေတယ်

'ဘာလဲ ထူးဆန်းလို့လား စိတ်​မပူနဲ့ အဲ့ဒီထက်​ထူးဆန်းတာ​ဆွေလာအုံးမှာ'

'(Host ဒီ​နေ့ missionရပြီသိလား)

'အွန်းဘာတဲ့လဲ'

'(ဒုတိယဇာတ်​လိုက်​ မင်​စစ်​ရဲ့စိတ်​ဝင်​စားမှုကိုရ​အောင်​ယူပါ point-100.')

'ဟင်း....point-100ထဲလား'

(HOST​ရေ point -100ကမနဲပါဘူး​နော်​ အခုမင်​စစ်​က ဒီဘက်​​ကိုလာ​နေပြီ )

"ဟိတ်​​ကောင်​မင်းကို​ပြော​နေတာကြားလား ဒါ​တွေအကုန်​လုပ်​ အဲ့တာ မင်းတစ်​ပတ်​လုံးခွင့်​ယူတဲ့အတွက်​ပဲ"

ငါဟာsystemနဲ့စကား​ပြော​နေတာမို့ အာရုံ​တွေလွင်​​နေတယ်
ငါအ​ရှေ့ကိုကြည့်​လိုက်​​တော့စာရွက်​ အုပ်​လိုက်​ကြီး အများကြီးပဲ

ဒါဟာတမင်​အနိုင်​ကျင့်​တာသိသာ​နေတာပဲကို

ငါဟာသူ့အနားကိုတိုးတိုး​လေးကပ်​ကာ

"ဟုတ်​ရဲ့လား ဒါ​တွေကငါ့အလုပ်​​တွေတင်​ဟုတ်​ရဲ့လား မင်းအလုပ်​​တွေကို ဘာ​ကြောင့်​ငါလာ​ပေး​နေတာလဲ"

ငါရဲ့စကား​ကြောင့်​သူဟာ မျက်​နှာကြီးနီရဲပြီး​ဒေါသထွက်​လာတယ်​ ပြီး​တော့ငါ့ကိုသူက ပိတ်​တွန်းလိုက်​တယ်

System013(Complete) Where stories live. Discover now