ဖန်​ချန်းရီ-3

11.8K 1.2K 17
                                    

ဖန်​ချန်းရီ ​အကြည့်​စူးစူး​ကြောင့်​​နောက်​​ကျောများပင်​မလုံသလိုခံစားလာရသည်​။

ထို့​ကြောင့်​Systemအားသုံးကာ ​ထောက်​လှမ်းခိုင်းလိုက်​​တော့ သူ့ရဲ့ ​ဘေးဘက်​က ကြည့်​​နေတဲ့သူတစ်​​ယောက်​....။

အသက်​က​တော့ သူ့နဲ့မတိမ်းမယိမ်း​လောက်​ပင်​ရှိသည်​။

(Systemသူ့အ​ကြောင်းစုံစမ်း​ပေး...)

[Ok....]

Systemက​ပေးလာတဲ့သတင်းအရ....

သူ့နာမည်​က ချုးဟန်​Jနိုင်​ငံ​ရဲ့ ထိပ်ဆုံးစီးပွား​ရေးရှင်​ကြီး...ဟိုတယ်​​တွေ...စား​သောက်​ဆိုင်​​တွေ....အပန်း​ဖြေစခန်း​တွေ.....ဒါ​ပေါ့ ဒီလို ထိပ်​ဆုံး​တွေဟာ ​မြေ​အောက်​​လောကနဲ့မဆက်​စပ်​တဲ့သူရှိပါ့မလား...။

Jနိုင်​ငံ​မြေ​အောက်​​လောကရဲ့ဘုရင်​တစ်​ဆူဖြစ်​ရုံသာမက.....လက်​နက်​​ရောင်းဝယ်​​ရေး ​မှောင်​ခို....အားလုံးဟာချုးဟန်​ လက်​​အောက်​မှာ ......

အာဏာလဲအင်​မတန်​ကြီးမားခဲ့သည်​။သူသာလူတစ်​​ယောက်​ရဲ့ အသက်​ကိုလိုချင်​ရင်​ တစ်​ခြား ဘယ်​သူကမှ ဝင်​မကယ်​ရဲဘူး......။

ဇာတ်​လိုက်​အ​ဖေရဲ့ လုပ်​ငန်းလား...
သွားစမ်းပါ...ချုးဟန်​ရဲ့ လက်​တစ်​​ချောင်း​တောင်​မလိုဘူး ပျက်​စီးရုံသာ.......ဒါနဲ့များ ဘဝင်​​တွေစွတ်​မြင့်​​နေတာ.........

(စွမ်းအားကြီးလိုက်​တာ...)

[Hostရဲ့ ဘလင်း ဘလင်းထ​နေတဲ့ မျက်​လုံးကြီးကဘာလားပဲ]

(တိတ်​စမ်း.......)

System​လေးစိတ်​ဆိုးစွာလိုင်းoutသွားခဲ့ပြီ​လေ...။

ထိုအချိန်​သူ့​ရှေ့က နှစ်​​ကောင်​က​တော့ ငြင်းခုံရန်​​ဆောင်​​နေတုန်း.....

"တိတ်​ကြစမ်း..."

စိတ်​​ပေါက်​​ပေါက်​နဲ့ Flameထ​အော်​ပစ်​လိုက်​​တော့တယ်​။

ဟုတ်​တယ်​ အလိုလိုမှ ဒုက္ခိတဖြစ်​​နေလို့ စိတ်​မကြည်​ပါဘူးဆို......

System013(Complete) Where stories live. Discover now